·ကျွန်တော်ဟာ မောင်ယုပိုင်ဖြစ်တယ်။ ကျွန်တော်ဟာ ဘာမှမဖြစ်ဘူး။ ကျွန်တော် လူပျိုကြီးဂျော့ကလူးနီးလို ဟောလိဝုဒ်သရုပ်ဆောင်ဖြစ်ချင်တယ်။ ကျွန်တော် စတီဖင်ကင်းလို သည်းထိပ်ဖိုစာရေးဆရာဖြစ်ချင်တယ်။ ကျွန်တော် ရွိုင်းလက်ချာစတိန်းလို ကော့မစ်ဟန်နဲ့ဆွဲတဲ့ ပေါ့ပ်အာ့ထ်ပန်းချီဆရာ ဖြစ်ချင်တယ်။ ကျွန်တော် မီယာဇာကီလို တူးဒီအင်နီမေးရှင်းကာတွန်းဆရာနဲ့ မူယာကာမိလို သရုပ်ပဉ္စလက်မှန်စာရေးဆရာ ဖြစ်ချင်တယ်။ နည်းနည်းများသွားပြီ။ ဖြစ်နိုင်ဖို့ ဝေးတယ်။ ကျွန်တော် သူငယ်ချင်းနေ၀ိုင်လို အင်ဂျင်နီယာလူလည်(လူငယ်မဟုတ်တော့လို့)ဖြစ်ချင်တယ်။ ကျွန်တော် သူငယ်ချင်းမိုးမောင်လို အဲယာကွန်းနဲ့ယန္တရားငယ်တွေ ပြင်ဆင်တတ်သူ ဖြစ်ချင်တယ်။ ကျွန်တော် ရေပိုက်ဆင်သမားဖြစ်ချင်တယ်။ ကျွန်တော် ကရင်ရွာတွေက ကရင်ရိုးရာအိမ်တွေဆောက်ထားတဲ့ ဗိသုကာအတတ်လောက်တတ်ချင်တယ်။ ကျွန်တော် ရုံးမှာ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ရုံးခန်းစားပွဲကမထ ထိုင်ပြောရတဲ့ စူပါဘိုင်ဇာဖြစ်ချင်တယ်။ ဒါလည်း မဖြစ်နိုင်သေး။ ကျွန်တော် ရေကူးတတ်ချင်တယ်။ တိမ်မယောင်နဲ့နက်။ ကျွန်တော် အာကီဒိုတတ်ချင်တ
 
မမြင်ဖူးတာတွေ မသိတာတွေ မပါတဲ့ ဇာတ်လမ်း

လူတွေမြင်ရင် ဘုရားမ တသွားမယ့်ဇာတ်လမ်း

လက်တွေ့ကျတဲ့ အမှန်တရားပေါ့

                   နေ့ဘက်မှာ သူပေးရသလောက် ညကျ အကုန်ပြန်ယူသွားခဲ့တယ် ။

သူဟာ သွားတစ်ချောင်းကို

          သွားတစ်ချောင်းထဲကို လောကကြီးအတွက် လက်ဆောင်အဖြစ် ထားခဲ့

ထားသွားခဲ့

ပန်းပွင့်လေးထဲ ထည့်ပေးခဲ့တယ် ။

မုန်တိုင်းနှစ်ခါ ကျပြီးတဲ့နောက် “ခင်ဗျား ဘာလိုချင်လို့လဲ”လို့ 

          တစ်မြို့လုံး အိပ်မောကျ (ပြီထင်)ချိန်မှာ သူဟာ သူ့မိန်းမကိုဆွဲ

          ပေါက်တူးတစ်လက်နဲ့ မြစ်ကမ်းဘေးကို တိတ်တိတ်လာခဲ့တယ်

          -------------------------------------------------------------------------

------------- (သေတဲ့လူတွေအတွက် နေရာတစ်နေရာအတွက် ရှင်လျက်လူတွေ ခုတ်ကြ ထစ်ကြ )

 ------------------

သေသူဟာ သွားတစ်ချောင်းကို လောကကြီးအတွက် လက်ဆောင်အဖြစ်ထားခဲ့

 (ထား

          သွား

                   ခဲ့

                                      )

ငါးမန်းတွေဟာ မြစ်ကမ်းနားက သွေးညှီတွေကို လာမစားခဲ့ကြဘူး

ဘယ်သူကမှလည်း ကိုယ်ချစ်ခဲ့ဖူးတဲ့သူကို ရေထဲ မျှောမပေးချင်လိုက်ခဲ့ကြဘူး

          အဲ့ဒီညမှာ --

*“ သိပ်ကို ငြီးငွေ့ပါတယ်.။  ခုသွားရတာလည်း မပျော်ပါဘူး ။ ဒါပေမယ့် .. ဘ၀ကို အသစ်ပြန်စရမယ်ဆိုတာကလဲ

ပျော်လို့မှရယ် မဟုတ်ပါဘူး ။”*

မိန်းမကို ဘေးခဏချ ဘေးကလူနဲ့ ခုတ်ထစ်တယ်

(ကျုပ် လက်နက်ချတယ် ။ ခင်ဗျား ဘာထပ်လိုချင်သေးလို့ လဲ ။)

 -------------------- “ခွပ်” ----------------

ခနဲ ပေါက်ပြားနဲ့ ခေါက်ချလိုက်တယ်

သူခေါ်လာတဲ့လူဟာ သူနဲ့ အတူ မြစ်ကမ်းဘေးမှာ အညောင်းဆန့်သွားခဲ့ကြတယ်

ဟိုနားလေးမှာ ။ အဲဒီညမှာ

ငါးမန်းတွေဟာ ကုန်းပေါ်တက်မလာကြဘူး

(သူတို့ဟာ လူတွေထက် နေရပ်ပေါ် အစွဲကြီးကြတယ်)

          ရက်စက်မှုတွေ မရှိတော့ကြောင်း ကြမ်းကြုတ်မှုတွေ ရပ်နားသွားပြီး ဖြစ်တဲ့အကြောင်း

ဘေးကလူကို အပိုင်းအပိုင်း ခုတ်ထစ်ရင်း သူစကားလှည့်ပြော (ရှင်းပြ) တယ် အဲဒီညမှာ

          ပင်လယ်ကြီး

အိပ်ချင်မူးမူးနဲ့ ရှိနေချိန် ရောင်ပြန်ဟပ်တဲ့ အမှောင်တွေထဲ မီင်္းပွားတွေ လွင့်ခနဲ ဖွာကနဲ

အသားကင်နံ့တွေ ပျံ့လွင့် မွှေးကြိုင်ဆဲ

--

“ခင်ဗျား ဘာထပ်လိုချင်လို့ ထပ်ရောက်လာပြန်တာလဲ ။”

Life Jacket နဲ့ကောင်က ကော့ကော့ပြီး အော်အော် မေးတယ်

ငါးမန်းတစ်ကောင် ဒူးယားတစ်လိပ် လက်မှာညှပ်ရင်း အင်း အင်းဆို ခေါင်းတွေညှိတ်တယ်

          ရောင်နီလာပြီ မုန်တိုင်း

နှစ်ခါ မိသွားပြီးတဲ့နောက်

မျောသူမျော ရှို့သူရှို့ ကျန်တဲ့သူတွေ ရင့်ကျက် (အညောင်းဆန့်ကြ)

မြို့တစ်ဝက် ၀တ်လစ်စလစ် ဖြစ်သွားချိန်မှာ

“ ဘာထပ်လိုချင်သေးလို့လဲ” လို့ ခဏခဏ လာလာမေးနေတဲ့ကောင်

ထပ်မလာတော့ဘူး

မုန်တိုင်းနဲ့ပါသွားထင်ပ ။                    


ချိုပိန်းနောင်             * -- * : The Plague (Albert Camus)

(8th , February 13)



 
  ·ဖြည်းဖြည်းချင်းအသံထွက်ဖတ်ပါကလေးရယ်။

မင်းမြန်မာစာဆရာတော့မကြားစေနဲ့

ငါတို့ရင်ခုန်သံတွေရှက်ရွံ့သိမ်ငယ်လိမ့်မယ်။

ဟိုနေ့ကတစ်မက် မနေ့ကတစ်မက်

ပြော

ခေတ်အဆက်ဆက် ငါ့လောက်ဘယ်သူအိပ်မက်ကောင်းဖူးသလဲ

ငါတို့တစ်ယောက်နဲ့တစ်ယောက် ပန်းစည်းပေးဖို့မလို

ငါတို့တစ်ယောက်နဲ့တစ်ယောက် ဖုန်းဆက်နှိုးဖို့မလို

ငါတို့တစ်ယောက်နဲ့တစ်ယောက် ခွဲခွာကြဖို့မလို

ငါတို့တစ်ယောက်နဲ့တစ်ယောက် အတူရှိဖို့မလို

မီးရထားဥသြသံကြားတိုင်း ငိုစရာမလို

လေယာဉ်ပျံကြီးပျံတက်သွားတိုင်း ဆို့နင့်စရာမလို

မှန်လုံကားကြီးထွက်ခွာသွားတိုင်း မျက်ရည်ဝဲစရာမလို

မီးအစိမ်းလေးပျောက်နေရင်တော့ နင့်ခနဲစူးချင်စူးမှာပေါ့

ငါတို့နှစ်ယောက်ကြားက ဖွင့်ဆိုချက်က ၅၇၃၁ မိုင် ၊

ကမ္ဘာကြီးအချင်းဝက်ထက်ပိုတာ ထိုင်ဆဲရမှာလား

မင်းမှောင်ငါလင်း၊ မင်းလင်းငါမှောင် ။

မင်းအိပ်နေချိန်ငါနိုးနေမယ်၊ မင်းနိုးနေချိန် ငါနိုးနေမယ်။

မင်းသုံးနေချိန်ငါသုံးနေမယ်၊ မင်းမသုံးနေချိန် ငါသုံးနေမယ်။ မီးကျိုးမောင်းပျက်ဘာသာစကားတွေနဲ့ ငါတို့

ကွဲကွဲလွဲလွဲကျင့်ဝတ်တွေနဲ့ ငါတို့

သဒ္ဒါမှားယွင်းဝါကျတွေနဲ့ ငါတို့

delay ဖြစ်နေတဲ့ ကင်မရာတွေနဲ့ ငါတို့

ငါ့အိမ်က ပုဂံနဲ့နီးလားဆိုတော့ ငါ့မှာ ဖြေရခက်

မင်း ပုဂံကို သတိတရရှိနေတဲ့စကားမှာ

ငါဟာ ဓာတ်ငွေ့မိုးပျံပူဖေါင်းဖြစ်လို့ဖြစ်

ဘူးဘုရားဆိပ်က စက်လှေဖြစ်လို့ဖြစ်

စောင်းတန်းက ယွန်းအုပ်လေးဖြစ်လို့ဖြစ်

တမာတွေကြားက သရပါတံခါးကြီးဖြစ်လို့ဖြစ်

မင်း ပုဂံကို သတိတရမေးတဲ့စကားမှာ

ငါ့အိမ်က ပုဂံနဲ့ဝေးတယ် ဖြစ်သွားတယ်။

နောက်ထပ်လာရင်ပြောကွယ်

ငါက မြစ်ယောင်ဆောင်ပြီး စောင့်နေမယ်။

မင်းက ငါးကလေးလုပ်ပေါ့

လူးခနဲလွန့်ခနဲ ငါ့ရင်ဘတ်ထဲ ကူးခပ်လိုက်စမ်းကွဲ့။

ထပ်ပြောဦးမယ်။

" te iubesc atat de mult "

ဒါဆို ရိုမေးနီးယန်းလက်ခေါက်လေး ဗမာခေါင်းပေါ်ကျလာမလား။

ဒေါက် တဲ့။

ရေအောက်ဆက်ကြောင်းကြီးထဲ ပန်းအလင်းရောင်တွေ ဖြတ်ပြေးသွားရဲ့ ။

ဒီကဗျာဟာ

ငါဖြတ်ထားတဲ့ရုပ်ရှင်လက်မှတ်

ငါအဆုံးထိမရတဲ့သီချင်း

ငါနဲ့တော်တဲ့ တီရှပ်

ငါနဲ့မတည့်တဲ့ အိပ်ယာ

ဘားမိစ်အီဒီယမ်တွေသိပ်ခက်တာပဲဆို။

ကြွေလွင့်စိုက်ဆင်း ဆိုတဲ့စကားလေးတော့

ငါ့ဘ၀နဲ့ရင်းလို့ သင်ပေးခဲ့မယ်။

ဒီနည်းနဲ့ဒီလမ်းကိုလျှောက်ရတာ

ခေါင်းအုံးကလေးရေ....

ငါ့တိုးတိုးလေးတွေ သိမ်းထုပ်ထားပေး

ဒီထက်ဝေးသူတွေတောင်ဒီလောက်မဝေးနိုင်တော့

နှင်းဆီရိုးတံပေါ်မှာ ဆူးတွေ..

သိလား...ဆူးတွေ....

Right click ထောက်လိုက်တော့

နေကြာစေ့နှစ်စေ့

နားမလည်မှု

ဆေးလိပ်ပြာ

အမှန်တရား

အုံ့ပုန်းငို

viber

မြန်မာသဒ္ဒါ

ဆံပင်ရှည်ရှည်

မင်းကငါ့နာမည်ကို အသံထွက်မမှန်

ငါက မင်းနာမည်ကို အသံထွက်မမှန်

ဘာဖြစ်သေးလဲ။

ငါတို့သုံးယောက် လောကပင်လယ်ထဲရွက်လွှင့်ရအောင်

ငါရယ်၊မင်းရယ်၊သစ္စာတရားရယ်ပေါ့။


ဟိန်း

 
ဒါကြီး မရပ်မနားသွားနေတာ ရပ် အတူတွဲလာတိုင်း အချစ်မစစ် ချုပ်ကိုင်ထားတာကို ချိုချဉ်လို စုပ်မလား

တစ်နည်းနည်းနဲ့ စုပ်မလား ဗန်ဒီလည်း အလေးကြီး ငယ်သွားတယ် ခင်ဗျားလည်း အလေးကြီး ငယ်သွားတယ်

အားလုံးအလေးကြီး ငယ်သွားတယ် အငယ်ကြီး လေးသွားတယ် အငယ်ကြီး လေးသွားတယ် သေးသေး ကြီးကြီး လေးလေး ငယ်ငယ်သွားတယ်

မှားတယ် မှန်တယ်လို့ ပြောမရတာ မဟုတ်ဘူး ပြောမရတာ မရှိဘူး ဟပ်ချီ (ဟပ်) (ချီ) မှောင်ကြီးမည်းမည်းထဲ မတွေ့ ပွဲချင်း ပြီး

မသိခြင်းက စ ပွဲချင်း ပြီး မြစ်ရဲ့ အရိပ် (က) (ချင်) မျဉ်းတွေကို ဖြတ်ကျော်ပါရစေ အထက်ပါတို့မှာ အထက် အောက်ပါတို့မှာ အောက်

ဝဲသြဃတို့ကြား သြမလေး သေ မသေ ဘုရားတ အများယုံကြည်လက်ခံကျင့်သုံးနိုင်မယ့် အနာဂတ် ဂတ် ဂတ် ဂတ်

လည်တွေ လိမ်တယ် ကျမ်း ကြည့်စမ်း တစ်ခါတစ်ရံမှာ ငါ့နောက်ကျောကို စိုက်ဝင်လာမယ့် ဓားသွားကို မင်းဆေးခဲ့လိုက်စမ်း

လိုက်လာစမ်း နွေးနွေးထွေးထွေး အေးအေးငြိမ့်ငြိမ့်လေး ဓာတ်ပြား ဓာတ်လုံး လုံးလုံးပြားပြား ဖောင်းဖောင်းပါးပါး

မလှုပ် မလုပ်နဲ့ နာတာ မေး ရလား ခေါ် ပြောလား သန်းခေါင် တစ်ကောင် (တွေ) ငါတို့ သေ ငါတို့ သေ ဒါငါတို့ သေ

စိတ်ဆင့်ဆင့်ကျ ဆက်လက်လျှောက်လှမ်းနိုင်မယ့် မဟာဟန်ချက်ဗျူဟာ ကာယ ဉာဏ ခရီးစဉ် ၂၄

နောက်ဘ၀ဆိုတာ ရှိတယ် နောက် နောက် နောက် နောက် နောက် နောက်ဘ၀ဆိုတာ ရှိတယ် ရယ်မရ

မရဏကို တန်ဖိုးထားစေချင်တယ် စရဏကို တန်ဖိုးထားစေချင်တယ် အဏုမြူအရုဏ်

သေသေချာချာသုံးသပ်ပြီးမှ အိပ်ရာနိုးပါ လဟာ ပြောင်းတယ် နေဟာ ပြောင်းတယ် အရိပ်ဟာ ပြောင်းတယ် အရောင်ဟာ ပြောင်းတယ်

အသံဟာ ပြောင်းတယ် အရေပြားဟာ ပြောင်းတယ် အသွေးအသားပြောင်းတယ် ဘ၀ပြောင်းတယ် အားလုံးပြောင်းတယ်

လွန်ခဲ့တဲ့ အပြောင်းအလဲက နေ့လည်း ပြောင်း) သွားတယ် ပြောင်းတွေထဲ (က) နေ ကျည်ဆန်သွားတယ် အသားထဲကို ကျည်ဆန်သွားတယ်

ကျည်ဆန်တွေ သွားတယ် ဘာကျန် အဲဒီလိုတစ်နေ့တခြား ခြား ခြား တစ်နေ့ တခြား တစ်နေ့ (တစ်) (နေ့) (တစ်) (ည) တစ်လစ် တန်းလန်း ပင့်ကူအိမ်အမျှင်ခြားမပြတ်

ကျမ်း ကြည့်စမ်း ကြို့ထိုး ခေါင်းကိုက် အခေါင်းကို ကိုက် အခေါင်းကို ကိုက် နက်နက်ရှိုင်းရှိုင်း အခေါင်းကို ကိုက် ပလုံ ပလုံ ပလုံ ပလုံ

သရဲကွင်းဆက် ဒါလောင်မီးလား ပွင့်နေတဲ့ အိုးထဲက အရိုး အချက်အလက် ထိုးကော် ယားရင် ကုတ် ရက် ရော

သာယာမယ့် နေ့ ဆိုက်သေး ကြီး တော် မတော် နင်နဲ့ ငါအားလုံး ကြောင်ကျား (ကြောင်) (ကျား) သံချေးတက် စက်တစ်မျိုးမျိုး

ဗလုံးဗထွေး စကားသံ ဗလွတ်ဗလွတ် စကား ရူးနှမ်းစွာ ပြောသည့် စကား စမ်းရေတိုးဝှေ့ စီးသံ ဘရင်း ဘရင်း

ဦးနှောက်ပျက်နေသော အတ္တရည်ညွှန်းသုံးသည့် အစွဲ အလမ်း စုန်း ပို၍ တာရှည်ခံအောင် ခြစ်ခြုတ်သုံးတဲ့ ယင်းသို့ဖြင့် အသက်ဆက်နေရတဲ့

မောင့်လက်သီးကို နွမ်းနယ်စေတဲ့ အရိပ်များ မျက်နှာချင်းဆိုင် လိမ်းကျံ စုံစမ်းစစ်ဆေးရေး ကမ္ဘာ အရာရှိ ဘာကတော်

တန်ဆာပလာ ပျို့သည် ဦးချိုရှိသည့် အလွှာ အပြာနုနုမခွဲရ

ဆက်သွယ်ပါ အသက်များ ရယ်ရယ်မောမောဖိစီး အင်္ဂါအစိတ်အပိုင်း စ ဓ ဗ ၀ ဘ၀တစ်ပုဒ်ငြိမ်စေသော်ဝ်

ချိုချဉ်ကဲ့သို့မကွာ အတူစုပ်လိုက်ကြမယ် အချဉ်ရဲ့ အနောက်မှာ အချိုရှိပြန်လိမ့်မယ် ဇိမ်ရှိစွာ စိတ္တဇအကြိမ်ကြိမ်


စိုးမင်းအောင်

1:44 AM

1/20/2013

 
ပဒေသရာဇ်ခေတ်ကိုလွမ်းလို့တော့ မဟုတ်ဘူး

အတွေးလူးလွန့်တိုင်း

ရွှေကျိုင်းတလူလူနဲ့သဲဖြူ ၊ရာဇမတ်တွေကို တ,သမိ

မန္တလေးကို ခုထိ တမ်းမက်နေတုန်း ။

မသိမသာဝင်လုံးတဲ့လက်သီးပုန်းတွေအောက်

မန္တလေးဟာ ဒူးထောက်ခဲ့လေပြီလား

သွေးရဲသလား ပြသဖို့ထက်

အူမတောင့်ဖို့အရေးပေါ်အခြေအနေဖြစ်သွားခဲ့

သွေးအားလျော့နေတဲ့ မျိုးချစ်စိတ်ကို

ဘယ်လို ပြန်ကုစားကြမလဲ ။

နှလုံးသားတွေကို

အနာဂတ်ပြတင်းပေါက်တွေထိလှမ်းမြင်ခိုင်းထားပါ ။

မြန်မာလို ရိုးရိုးလေး မေးချင်တယ်

မြန်မာလို သွေးရဲရဲနဲ့ဖြေပေးနိုင်မလား

မန္တလေး ဘယ်ရောက်သွားလဲ..မေးလိုက်ပြီ ။

ဈေးချိုနားမှာလား..ဟင့်အင်း

မန္တလေးတောင်မှာလား ..မဟုတ်သေးဘူး

ကျုံးဘေးပတ်လည်လား..မတွေ့မိပါဘူး

ကန်တော်ကြီးမှာရော..မရှိတော့ဘူး

မြို့တွင်းမှာရောတွေ့သေးလား..တစ်ခါတစ်ရံပါပဲ

ဒါဆို မန္တလေးပျောက်ကြော်ငြာထည့်သင့်ပြီ ။

သူခိုးဆိုတိုင်းမျက်နှာဖုံးပါမယ်ချည်းမထင်နဲ့

အသွင်အပြင်ကိုပဲကြည့်မိလို့

နှစ်ခါမက နာခဲ့ပေါင်းများလှပေါ့ ။

ဖော့ဖော့တွေးရင် ရေးရေးပဲမြင်တာ သဘာဝ

ကျုပ်ကတော့

မန္တလေးကို မန္တလေးလိုပဲ ပြန်တွေ့ချင်တယ် ။

ခင်ဗျားတို့မြင်လိုက်လား

မန္တလေးကို တွေ့ရင်အကြောင်းကြားပေးပါ ။

အောင်ပင်လယ်မှာ လိုလို

ရန်ကင်းတောင်ဖက်မှာ လိုလို

မြရည်နန္ဒာမှာ လိုလို

မြို့ဟောင်း ဘူတာနားမှာ လိုလို

မန္တလေးကို တွေ့ရင် ပြောပေးပါ ။

နေညိုချိန်တိုင်း စက်ဘီးကိုယ်စီနင်းလို့

ထမင်းချိုင့် ပိန့်ပိန့်လေးတွေသယ်ဆောင်ရင်း

ရွှေခြေကျင်းမဲ့ခြေထောက်လေးတွေ

အိမ်ပြန်သွားကြမှာလား

အိမ်ပျံသွားကြတာလား ။

အဖြေစကားသဲ့သဲ့ကြားလိုက်မိ

မချိတင်ကဲ ဖြစ်ကျန်ခဲ့ရတာရင်နာလို့မဆုံးဘူး ။

နောက်ဆုံးရသတင်းလွှာကို

ကဗျာခေါင်းစဉ်မှာ တင်ထားလိုက်ရတယ် ။ ။


. .ရတုသစ်

    Author

    ကျွန်တော်ကြိုက်နှစ်သက်သလို စာဖတ်သူများလည်းနှစ်သက်မယ်ထင်ရာလေးတွေကို တစ်စုတစည်းထဲဖတ်နိုင်စေဖို့ရည်ရွယ်ပါတယ်။

    Archives

    November 2012

    Categories

    All