သူတို့ဘာလုပ်နေကြလဲ ... အချပ်ပိုby The Loner on Friday, December 21, 2012 at 7:14pm
·ကချင်မှာ တိုက်ပွဲတွေ ပြင်းထန်နေ |  စစ်ရေးပူးပေါင်းမှုပြုလုပ်တော့မည်

ကချင်မှာ ၁၉၉၄ခုနှစ်ကရှိတဲ့  |  ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ငါးသန်းကူညီ

ဒေါ်အောင်ဆန်းစုကြည်ကို |  ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်လာ

ဒေါ်မာမာအေး |  အမျိုးသမီးသမ္မတ ဖြစ်ဖို့မျှော်လင့်

အကယ်ဒမီဗန်းကိုင်ရှစ်ဦး  |  တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

ပက်ဂျွန်ဟေး(ကိုရီးယား)  |  ကယ်ဆယ်ရေးစခန်းတိုးချဲ့မည်

တောင်ကိုရီးယားလို မြန်မာမှာလည်း   |  ဆက်သွယ်ရေးနဲ့တယ်လီပို့က ရောင်းချပေးမည်

အမေရိကန်အစိုးရက ကချင်ပြည်နယ်ရှိ   | ကျီးလန့်စာ စားမနေချင်တော့ပါ

အမေရိကန် က မြန်မာမှာ |   နိုင်ငံတကာဖုန်းခေါ်နိုင်ပြီ

မြန်မာနှင့်အမေရိကန် |  ယနေ့ကစပြီးအသုံးပြုနိုင်ပြီ

စင်ကာပူ၊မြန်မာ  |  ဂီတဖျော်ဖြေပွဲ

ရန်ကုန်တိုင်းစုပေါင်းရုံးသမ္မတကြီး  |  ရွေးချယ်ပြီး

စိုက်ပျိုးရေးလုပ်နေစဉ် |  ဗကသ သုံးဦးရုံးချိန်း ပထမဆုံးထွက်

ဈေးချိုမှာ |  100Plusပူးပေါင်ဖြန့်ဖြူး

မြန်မာပြည်အထက်ပိုင်းမှာ |  ဒီမိုကရေစီဆုချီးမြှင့်

ဂျပန်အကူအညီနဲ့ ကော့သောင်း မြ၀တီမှာ  |   ဦးလေးဖြစ်သူ က မဖွယ်မရာပြုဟန်ယူဆရ

ငလျင်တွေဆီ |  စာတင်ထားပေမဲ့ မထူးခြားသေး

လက်ပံတောင်းတောင်ကယ်တင်ရေးကော်မတီဝင် |  စစ်စခန်းဖွင့်ဖို့မဖြစ်နိုင်ပါ

ဆယ့်နှစ်ပူးမှာ အရေးယူခံရတဲ့ |  အကူအညီမဲ့သူတွေ အထောက်အကူရနိုင်

စစ်ပြီးစေချင်ပြီ |  အကျဉ်းသားနှစ်ဦး ထွက်ပြေး

အင်တာနက်မလိုဘဲ ၀ိုင်တော့ခ်နဲ့ |  အမြင့်ဆုံးဟိုတယ်လာမည်

ဝိုင်ကျွန်းဝန်ဆောင်မှု |  အချို့အမှုဖွင့်ခံရ

သရီးဂျီမိုဘိုင်းဖုန်းတစ်သန်း |  ထပ်ခါထပ်ခါလှုပ်

စုံစမ်းစစ်ဆေးရေးကော်မရှင်ထုတ်ပြန်ချက် |  အရှိန်မြင့်နိုင်ခြေရှိဟုဆို

လေးနှစ်သမီး  |  ရှေ့ နေဦးမားခါနဲ့တွေ့ဆုံခြင်း

သူတို့ဘာတွေလုပ်နေကြလဲ။ ။


Ref: မော်ဒန်အချပ်ပို A,B,C,D,E

        အမှတ် ၃၃၈ ၊ ၂၁ ဒီဇင်ဘာ ၂၀၁၂ ၊ သောကြာ။

 
    ကမ္ဘာကြီးက ဒီနေ့ နေပြည်တော်ရုံမှာ The Amazing Spider Man ကား သွားကြည့်တယ် ။ အဲဒီအချိန်မှာပဲ ကမ္ဘာကြီးက စတင်

ဇာတ်လမ်းစတော့တာပဲ ။ ကလေးတွေ စကားနဲ့ဆိုရင်တော့ အဲ့မှာ စတွေ့တာပဲပေါ့ ။ ဒါပေမယ့် ကမ္ဘာကြီးက အသက်ကြီး(သင့်သလောက်

ကြီး)နေပြီဆိုတော့ .. အဲ့မှာစတွေ့တာနဲ့တင် မပြီးဘူး ။ မရပ်ဘူး ။ ဆိုတော့ အဲ့မှာ စတွေးတော့တာပဲ ။

သူ … ရုံထဲဝင်သွားတော့ ရုပ်ရှင်က စနေပြီ ။ ရုပ်ရှင်ပြတဲ့ ရုံတစ်ခုလုံး မှောင်မဲနေတာပဲ ။ သူ့ခုံရှိတဲ့နေရာကို သူလမ်းလျှောက်သွားတဲ့

အချိန်မှာ ပထမဆုံးကြားလိုက်ရတာက “ကယ်ကြပါဦးရှင် .. ကယ်ကြပါဦးရှင် .. ” ဆိုတဲ့ တယ်လီဖုန်း Ringtone မြည်သံပဲ ။ “ဟဲလို” လို့ပြန်

ထူးလိုက်တဲ့အသံက ကမ္ဘာကြီးရဲ့ အနောက်မှာကျန်ရစ်ခဲ့တယ် ။ ကမ္ဘာကြီးကြားဖူးတာက တခြားနိုင်ငံတွေမှာဆို ရုပ်ရှင်ရုံထဲဝင်ရင် ဖုန်းပိတ်

ထားရတယ်ဆိုပဲ ။ ဟုတ် မဟုတ်ကတော့ ကမ္ဘာကြီးကနိုင်ငံခြားလဲ မရောက်ဖူးဘူးဆိုတော့ မသိဘူး ။ ကမ္ဘာကြီးက အဲဒီတော့မှ ”အော် … ငါ

လဲ ဖုန်းမပိတ်ထားမိပါလား ။ မပိတ်ရင်တောင်ပဲ Silent လေးတော့ လုပ်ထားမှပဲလေ .. ”လို့တွေးမိပြီး သူ့ဖုန်းပိစိလေးကို Silent လုပ်လိုက်

တယ် ။

          ဆက်တွေးမိတာက ရုပ်ရှင်ရုံထဲမှာတော့ ဖုန်းမပိတ်ကြဘူး ။ ဟုတ်ပြီ ။ ဒါဆို မီးရထားတို့ ၊ ဘတ်စကားတို့ အပေါ်မှာကျတော့ရော .. ?

ကမ္ဘာကြီးက မီးရထားမစီးဖူးသေးတော့ မီးရထားထဲမှာ ဖုန်းပိတ်ရ မပိတ်ရ မသိဘူး ။ (လူတိုင်းလည်း ဖုန်းမကိုင်ကြသေးပါဘူး ။) ဒါပေမယ့်

ကမ္ဘာကြီးက ဂျပန်စာသင်တန်းတက်ဖူးသေးတော့ Yokohama မှာနေတဲ့ Yosukei San ဆိုတဲ့ ဆရာတစ်ယောက်ဆီကနေ ကြားဖူးတယ် ။

သူတို့ဂျပန်မှာ မီးရထားတို့ဘတ်စကားတို့ စီးမယ်ဆို ဖုန်းပိတ်ထားရတယ်တဲ့ ။ ဘာကြောင့်လဲလို့ ကမ္ဘာကြီးက မေးတော့ တခြားလူတွေကိုယ့်

အသံကြောင့် ဆူညံမှုဖြစ်မှာ ၊ အနှောင့်အယှက် ဖြစ်မှာစိုးလို့တဲ့ ။ Message ပို့တာ ၊ အင်တာနက်သုံးတာတွေလောက်တော့ လုပ်လို့ရပါတယ်

တဲ့ ။ Taxi ပေါ်မှာတော့ ဖုန်းပြောလို့ရတယ်တဲ့ ။ ကမ္ဘာကြီးက တွေးမိတယ် ။ အင်တာနက်ကို လှုပ်ရှားခုန်ပေါက်နေတဲ့ မီးရထားတွေ ၊ ဘတ်စ

ကားတွေပေါ်မှာ ဘယ်လိုများ Type( ရိုက်)ပြီး သုံးကြတာလဲလို့ .. ။ အဲဒီလောက်တောင် ခုန်နေ ၊ လှုပ်နေ ၊ ကြပ်ပိတ်သပ်နေတဲ့ လူတွေကြား

မှာ အင်တာနက်က လိုင်းရောမိလို့လားလို့ .. ။ မတော်တဆများ ဒရိုင်ဘာက ကားလုမောင်းရင်းနဲ့ ဘရိတ်အုပ်ချလိုက်ရင် Chatting

ဝင်နေတဲ့လူတွေ ၀ုန်းးးး ကနဲဆို လဲကျသွားမှာပဲ ။ ဒီဆရာ ငါ့ကိုလိမ်ပြောသွားတာ ထင်တယ်လို့တော့ ပထမဆုံးမှာ ကမ္ဘာကြီးက တွေးလိုက်မိ

သေး ။ ဒါပေမယ့် ဆရာ …ဆိုတာမျိုးက အကုန်သိ အကုန်တတ်တယ်လေ ။ကျောင်းတုန်းကဆို ကမ္ဘာကြီးက မသိလို့ ဘာပဲထမေးမေး ဆရာ

တွေက ဒေါက်ဆို ဖြေချလိုက်နိုင်တာပဲ ။စာအုပ်ကို ခွကျော်ရင် စာမဖတ်တတ်ဘဲ ဖြစ်ပြီး မြေမြိုတတ်တဲ့အကြောင်းကမ္ဘာကြီးအစက မသိဘူး ။

ဆရာတစ်ယောက်က ပြောပြထားဖူးတာပေါ့ ။

          ကမ္ဘာကြီးက ကိုယ့်ကိုကိုယ်ပြန်မြိုရမှာ သိပ်ကြောက်တဲ့ကောင် ။ ဆိုတော့ ခုထိ စာအုပ်တွေဆို ခွမကျော်ရဲဘူး ။

နိုင်ငံခြားရောက်နေတဲ့ လူတွေများ သိပ်ခက်တယ် ။ သိပ်ညာပြောတတ်တာပဲ ။ ဒါကမ္ဘာကြီးကိုယ်တွေ့ ။ ကမ္ဘာကြီးကို နိုင်ငံခြားက

သူငယ်ချင်းတစ်ယောက်က ညာပြောဖူးတယ် ။ ကမ္ဘာကြီးက သီချင်းတစ်ပုဒ်ကို သိပ်ကြိုက်တယ် ။ ဒါကို ကမ္ဘာကြီးက သူငယ်ချင်းကိုနား

ထောင်စေချင်တော့ Download ချပြီး နားထောင်ကြည့်ပါလားလို့ ပြောဖူးတယ် ။ကမ္ဘာကြီး ပြောပြီးလို့မှ သိပ်မကြာသေးဘူး ။ တစ်ဖက်ကနေ

သူငယ်ချင်းက လှမ်းပြောတယ် ။ “အေး .. ငါနားထောင်နေပြီ ။တယ်ကောင်းတဲ့ သီချင်းပဲကွ ။” တဲ့ ။ နိုင်ငံခြားရောက်သွားတဲ့လူတွေ ဘာ

ကြောင့်များ လိမ်ပြောတတ်ရတာပါလိမ့်လို့ ကမ္ဘာကြီး တွေးမိတယ် ။

          အော် .. စကားစ ပြတ်သွားတယ် ။ ဆရာတွေ အကြောင်းပြောပြမို့လို့ ။ တစ်ခါကဆိုလေ ဆရာတစ်ယောက်က ပြောဖူးတယ် ။ ကမ္ဘာ

ကြီးတို့အိမ်မှာ အလှူလုပ်တုန်းကပေါ့ ။ ကမ္ဘာကြီးအမေ ထည့်ပေးတဲ့ ဒံပေါက်နဲ့ ကျွဲရိုင်းကိုသောက်ရင်း ကလေးကို အပ်ပါတယ် မလိမ်မာတာ

ရှိရင် ဆုံးမပါပေါ့ အမေက ပြောတော့ … ဆရာက ပြောရှာတယ် ။ “ကမ္ဘာကြီးက သိပ်တော်ပါတယ် ။ ကျုပ်တို့ဆရာတွေဆိုတာကလည်း တ

ပည့်မရှား ၊ တစ်ပြားမရှိ ၊ ပီတိကိုစား ၊အားရှိပါ၏ ပေါ့ဗျာ ။ ဒီလိုပဲ ကောင်းတဲ့ ကလေးမိဘ ရှိသလို မကောင်းတဲ့ကလေးမိဘလဲ ရှိကြတာပဲ ” 

တဲ့ ။ ကမ္ဘာကြီးသိပ်ကြည်ညိုလွန်းလို့ သူ့ကျူရှင်မှာ သုံးနှစ်တက်ဖူးတယ် ။ သိလား ။ ဆရာတွေများ ကိုယ်ကျိုးစွန့်ပြီး ပညာတွေ သင်ပေးနေ

ကြရရှာတာ ။ အဲ့လို ပြန်သင်ပေးနိုင်အောင်လည်း သူတို့ သင်ထား လေ့လာဖတ်ရှု မှတ်သားထားရတဲ့ ဗဟုသုတတွေဆိုတာ နည်းတာမှ မ

ဟုတ်ဘဲ ။

          ရုတ်တရက် .. ကမ္ဘာကြီး အတွေးလွန်သွားတော့ ဘေးကနေ “၀ိုးးးးးးးး” ဆိုတဲ့ အသံကြီးထွက်လာမှ ရုပ်ရှင်ပိတ်ကားကို ကမ္ဘာကြီး

ကြည့်မိတယ် ။ Spider Man က တိုက်တွေကြားမှာ ကားတွေကြားမှာ ပင့်ကူအိမ်မျှင်တွေ ထုတ်လွှတ်ပြီး ပြေးသွားလိုက်တာများ အံ့သြဖို့

ကောင်းလိုက်တာ ။ “ အော် … ဒီလိုအကောင်တစ်ကောင်လောက်များ မြန်မာနိုင်ငံကိုရောက်လာခဲ့ရင် တိုက်ပြိုလို့ တိုက်ပိပဲသေမလား၊ ကား

တိုက်လို့ပဲသေမလား ” လို့ ကမ္ဘာကြီး တွေးပူလိုက်မိသေးတယ် ။

          ပြီးတော့ ဘေးကနေ တဖျောက်ဖျောက်မြည်သံကြားလို့ လှည့်ကြည့်လိုက်တော့ ဘေးက ကလေးမက ရုပ်ရှင်ကြည့်ရင်း နေကြာစေ့

ခွာစားနေတာ တွေ့တယ် ။ အမှိုက်တွေဆိုတာ သူ့အောက်မှာပွကြဲနေမှာပဲ ။ နေကြာစေ့ခွံတွေ အောက်ကို ပစ်ပစ်ချတာ ကမ္ဘာကြီးကမြင်လိုက်

ရတာကိုး ။ ဒါနဲ့တင်ပဲ ကမ္ဘာကြီးတွေးမိသေးတယ် ။ ဟိုတလောက ဂျာနယ်ထဲမှာ အမှိုက်စို ၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်လို့ရအောင် အမှိုက်

ပုံးကြီးတွေ ထားထားပေးတာ ပျောက်သွားလို့ဆိုပဲ ။ ဘာကြောင့်ပါလိမ့် .. လို့ ကမ္ဘာကြီး အတွေးမမီဘူး ။

          ရုပ်ရှင်ပြီးသွားတော့  ကမ္ဘာကြီး အပေါ့သွားချင်လာတယ် ။ အိမ်သာကို သွားတော့ အိမိသာမှာ တန်းစီစောင့်ဆိုင်းနေတဲ့လူတွေဆို

တာ မနည်းဘူး ။ ကမ္ဘာကြီးတနေရာရအောင် နောက်ကနေ ၀င်တန်းစီတယ် ။ ၁၅မိ နစ်လောက်နေတော့ ကမ္ဘာကြီးရှေ့မှာ လူတစ်ယောက်ပဲ

ကျန်တော့တယ် ။ ဒါပေမယ့် နောက်ကလူနှစ်ယောက်က ကမ္ဘာကြီးကို တွန်းပြီး ကမ္ဘာကြီးရှေ့မှာ ၀င်ရပ်လိုက်ကြတယ် ။ ကမ္ဘာကြီးဝမ်းနည်း

သွားတာပေါ့ ။ ဘာကြောင့်များတန်းမစီပါလိမ့် … လို့ ကမ္ဘာကြီးက ထပ်တွေးမိပြန်ရော ။

          ရုံပြင်ကိုထွက်လာတော့ မိုးတွေ တအားသည်းနေတယ် ။ ကားဂိတ်မှာ သူငယ်ချင်းနဲ့ နှုတ်ဆက်ပြီး တစ်ယောက်တည်းဘတ်စကား

စောင့်နေတဲ့ မိန်းကလေးတစ်ယောက်ကို ကမ္ဘာကြီးမြင်လိုက်တယ် ။ မိုးက လေတွေပါ ပါတယ် ။ တအားသည်းပြီး တ၀ုန်းဝုန်းနဲ့ ထိုးရွာနေ

တယ် ။ Taxi ကို တစ်စီးလာတယ် ။ ကောင်မလေးတားတယ် ။မ ရဘူး ။ နောက်တစ်စီးလာတယ် ။မရဘူး ။ နောက်ဆုံး လေကတစ်ချက်ဝုန်း

ဆို တိုးထည့်လိုက်တာ ကောင်မလေး ထီးကလေး ဗြောင်းကနဲကျိုးသွားပါရောလား ။ ထီးကြီးလဲလန်သွားရော ။ တကိုယ်လုံးမိုးရေတွေရွဲကုန်

တာပေါ့။ အဲဒီအချိန်မှာ ကောင်မလေးနားကို လူတစ်ယောက်ရောက်လာတယ် ။ ဘာပြောလိုက်တယ် မသိဘူး ။ ကောင်မလေးက ထီးအကျိုး

နဲ့ ရွယ်လိုက်တာမြင်လိုက်တယ်။ အဲဒီလူလဲ ထွက်သွားတယ် ။ ကောင်မလေးက ကမ္ဘာကြီးထိုင်နေတဲ့ ကော်ဖီဆိုင်မှာ လာဝင်ထိုင်တယ် ။ ရင်

တော်တော်တုန်နေတဲ့ပုံပဲ ။ သနားပါတယ်လို့ ကမ္ဘာကြီးတွေးတယ် ။ အရင်ကအကြောင်းနှစ်ခုသုံးခုကိုတောင် ကမ္ဘာကြီး ဒီကောင်မလေးနဲ့ ဆက်

စပ်မိလို့ ပြန်တွေးမိသေးတယ် ။

          အဲ့တုန်းက ကမ္ဘာကြီးက ဘတ်စကားစီးလာတာပေါ့ ။ကားကကြပ်တော့ မိန်းကလေးတွေလည်း ကားတိုးစီးလာကြရတယ် ။ ကမ္ဘာ

ကြီးကတော့ သက်သာတယ် နေရာရတော့လေ ။ အဲဒီအချိန်မှာ ကမ္ဘာကြီးရှေ့မှာ မတ်တပ်ရပ်နေတဲ့ ကောင်မလေးက မျက်စိပျက် မျက်နှာ

ပျက်နဲ့ ကမ္ဘာကြီးကို မျက်ရိပ်ပြတယ် ။ သူ မျက်ရိပ်ပြတာကိုမြင်တာနဲ့ ဘာဖြစ်နေတယ်ဆိုတာကို ကမ္ဘာကြီးသိလိုက်တယ် ။ ကောင်မလေး

နောက်ကကောင်က ပြီတီတီနဲ့ကိုး ။ ကမ္ဘာကြီးနားလည်လိုက်တယ် ။ ကောင်မလေး ကမ္ဘာကြီးကို အကူအညီတောင်းနေပြီဆိုတာ ။ဒါပေမယ့်

ကမ္ဘာကြီးအသိတစ်ယောက်က အဲ့လိုကားပေါ်မှာ မဖွယ်မရာလုပ်တာကိုမြင်ပြီး ၀င်ပြောလိုက်မိတာနဲ့ အဲ့ဒီအသိရဲ့ လက်မောင်းကို မဖွယ်မရာ

လုပ်သွားတဲ့လူက ဆင်းကာနီးမှာ တစ်ကျပ်စေ့ကို မြိနေအောင် ချွန်ထားတဲ့ အချွန်နဲ့ ထိုးခွဲသွားတယ် ။ ကမ္ဘာကြီးအဲ့လိုအဖြစ်တွေကို ကြောက်

တယ် ။ ကိုယ်နဲ့ မဆိုင်တာကို ဘာလို့ ဝင်ပါမှာလဲ ဆိုတဲ့အသိ ကမ္ဘာကြီးမှာ ၀င်လာတယ် ။မြင်နေပေမယ့် ဘာမှမတတ်နိုင်ဘူးလေ ။ ကမ္ဘာ

ကြီး ကောင်မလေးကို မမြင်ချင်ယောင် လျစ်လျူရှုလိုက်တယ် ။ ဒါပေမယ့်စိတ်ထဲကတော့ တွေးလိုက်ပါတယ် ။ ကောင်မလေးသနားပါတယ်။

အဲ့လိုမှ အလုပ်ထွက်မလုပ်ရင်လည်း ခုခေတ်ကုန်ဈေးနှုန်းနဲ့က ကောင်မလေးတွေ အိမ်တွင်းပုန်းဖို့မလွယ်ဘူး ။ လူတိုင်းလဲ ကိုယ်ပိုင်ကားတွေ

တက်စီတွေ စီးနိုင်ကြသေးတာ မဟုတ်တော့ ဒီလိုပဲ ပြသနာတွေ ဖြစ်နေကြမှာပဲလို့  ကမ္ဘာကြီးတွေးမိတယ် ။

          နောက်တစ်ယောက်ကျတော့ ကမ္ဘာကြီးတို့ ရပ်ကွက်မှာ ဖြစ်တာပေါ့ ။ ကမ္ဘာကြီးနေတဲ့ ရပ်ကွက်က သိပ်စရိုက်ကျတယ် ။ ဒါပေမယ့်

မကြာသေးမီကမှ ပြောင်းလာတဲ့အိမ်က ကလေးမလေးတစ်ယောက်ရှိတယ် ။ ကမ္ဘာကြီးတို့ရပ်ကွက်ထဲမှာတော့ အဲဒီကလေးမလေးက ၀တ်

စားဆင်ယင်တာ ဒူးဖုံးဂါဝန်လေးတွေ ၊ ဂျင်းဘောင်းဘီရှည်ရှည်ကျပ်ကျပ်လေးတွေနဲ့ဆိုတော့ တမျိုးအမြင်ဆန်းနေတာပေါ့လေ ။ တစ်နေ့

ကောင်မလေးက လမ်းထဲကနေ ကားဂိတ်ကို ထွက်လာတယ် ။ဖြစ်ချင်တော့ ကမ္ဘာကြီးတို့ အိမ်ရှေ့အရောက်မှာ ကောင်မလေးက လူနှစ်ယောက်

နဲ့ ထိပ်တိုက်တိုးတယ် ။ ကောင်မလေးက ချက်ချင်းမျက်နှာထားကို တင်းလိုက်တယ် ။ တင်းမှလဲဖြစ်မှာ။ ကမ္ဘာကြီးတို့ရပ်ကွက်ထဲမှာ အဲဒီမိန်းက

လေးကို ပြောချင်ဆိုချင် မျက်စိကျနေတဲ့ အကောင်တွေက တပုံကြီး ။ ကောင်မလေးက ပြောင်းလာတာမကြာသေးပေမယ့် ဒါတွေကို သိပုံရ

တယ် ။ ကောင်မလေးက အိမ်ထောင်ရှိတယ်လို့လဲ ကမ္ဘာကြီးကြားဖူးတယ် ။ သူ့အမျိုးသားက နိုင်ငံရပ်ခြားမှာမို့ မိဘနဲ့ တူတူလာပြန်နေနေတာ

တဲ့ ။ ထားပါတော့ ။ ကောင်မလေးက မျက်နှာကို တင်းလိုက်ပြီး လမ်းရဲ့ ဒီဘက်ကနေ ပတ်ထွက်ဖို့ ကြိုးစားလိုက်တယ် ။ ဖြစ်ချင်တော့ အဲဒီလမ်း

ဘက်ကနေ နောက်ထပ် လူတစ်ယောက်က ထပ်ထွက်လာတယ် ။ ဘာလုပ်မလို့ပါလိမ့်လို့ ကမ္ဘာကြီးက တွေးမိတုန်းပဲရှိသေး ။ အဲဒီနောက်ထပ်

ထွက်လာတဲ့ လူက ကောင်မလေးကို ကမ္ဘာကြီးကြားဖူးသမျှထဲမှာ အရင့်သီးဆုံးနီးနီး စကားတစ်ခွန်းကို သာမန် စကားပြောတဲ့အသံ

အကျယ်လောက်နဲ့ ဗြောင်ကြီးပြောချလိုက်တယ် ။ ကမ္ဘာကြီးအံ့သြသွားတယ် ။ အိမ်ထဲကနေ ပုန်းနေရင်း ကောင်မလေး ဘာလုပ်မလဲလို့ လှမ်း

ကြည့်မိတော့ ကောင်မလေးက ပြန်မပြောတော့ပါဘူးဆိုတဲ့ အသိနဲ့ ငြိမ်နေလိုက်တယ် ထင်ပါရဲ့ မျက်နှာကတော့ ပန်းသီးနီနီလောက် နီးနီးကို

နီရဲတွတ်နေတယ် ။ ဒါပေမယ့် ကောင်မလေးက လမ်းရဲ့ ဟိုမှာဘက်ကို မျက်လုံးဝေ့ကြည့်လိုက်တော့ ဟိုဘက်မှာ လမ်းလျှောက်လာတဲ့ လူနှစ်

ယောက်က ကောင်မလေးကို အကူအညီမပေးတဲ့အပြင် ဟိုကောင်ပြောသွားတာ အဟုတ်ကြီးလား ဆိုတဲ့ အကြည့်မျိုးနဲ့ ကောင်မလေးကို ၀ိုင်း

ကြည့်ကြတယ် ။ ပြီတီတီနဲ့ပေါ့ ။ ကောင်မလေး အရင်ထက်ပိုပြီး မျက်နှာထူအမ်းပြီး ပန်းသီးလုံးကြီးလို နီရဲသွားတာတွေ့လိုက်တယ် ။ အဲဒီအချိန်မှာ ကောင်မလေးက

သူ့ကို ရင့်ရင့်သီးသီးပြောသွားတဲ့လူကို လှမ်းအော်ပြီး နောက်ကနေ ထီးနဲ့လှမ်းပစ်လိုက်တယ် ။ ဟိုလူထွက်ပြေးသွားတော့ ကောင်မလေးကို လမ်း

ဘက်ကနေ အကဲခတ်နေတဲ့ လူနှစ်ယောက်က ပြုံးစိစိနဲ့ ကြည့်နေကြတယ် ။ ကောင်မလေး ပိုရှက်သွားပုံပဲ ။ ချက်ချင်း မျက်ရည်တွေဝဲတက်လာ

ပြီး အဲ့ဒီဝေးသွားတဲ့ အကောင်ကို အဆဲပေါင်းစုံနဲ့ ကလော်တုတ်တော့တာပဲ ။ နင့်ကို ရပ်ကွက်လူကြီးနဲ့တိုင်မယ်လို့  ပြောလိုက်တာလဲကြားလိုက်

တယ် ။ ကမ္ဘာကြီးက အဲ့ဒီလိုတွေ မျက်စိရှေ့မှာ မြင်ရင် မနေတတ်ပေမယ့် ၀င်မပါဘူး ။ ကိုယ့်အန္တရာယ် ကိုယ်သိရမယ် မဟုတ်လား ။ ဒါပေမယ့်

မိန်းကလေးတွေကို အဲ့ဒီလောက်ထိတော့ ရိုင်းပျ နောက်ပြောင်ဖို့မသင့်ဘူးလို့  တော့ ကမ္ဘာကြီး ကိုယ့်ဟာကိုယ်တွေးမိတယ် ။

          တစ်ခါကပေါ့ ။ ကမ္ဘာကြီး လှည်းတန်းကနေ တက်စီတားစီးလာတယ် ။ သူငယ်ချင်းနောက်တစ်ယောက်နဲ့ အတူပေါ့ ။ ည ၇ နာရီလောက်

ရှိမယ် ထင်တယ် ။ ကောင်မလေးတစ်ယောက်က ကားတားတယ် ။ မိုးကရွာနေတယ် ။ကောင်မလေးက တစ်ယောက်တည်း ။ တက်စီသမားက

“ခဏဗျာ ။ ကျွန်တော် ညှိလိုက်ဦးမယ် ။”ဆိုပြီး ကားရပ်လိုက်တယ် ။ ကောင်မလေးက မြန်မာဆန်ဆန် ၀တ်စားထားပါတယ် ။ ဘယ်နေရာမှ မ

ကောင်းတာ လုပ်စားမယ့် မိန်းကလေးလို့မထင်ရဘူး ။ “ဘယ်သွားမှာလဲ။”လို့ ကားသမားကမေးလိုက်တော့ ကားအတွင်းထဲကို ကောင်မလေးက

လှမ်းကြည့်ပြီး “ကျွန်မ လူမပါဘူးထင်လို့ တားလိုက်တာ ။ တခြားကားငှားပါ့မယ် ။ ” လို့ ပြန်ပြောလိုက်တယ် ။ ကားသမားက မရမက ဒီကောင်မ

လေးကို အတင်းခေါ်တော့တာပဲ ။ “ လိုကိခဲ့စမ်းပါ ။ လုပ်မနေပါနဲ့ ” တို့ ဘာတို့ပေါ့ ။ ကောင်မလေးက မျက်နှာကြီးရဲပြီး ပြန်ပြောတယ် ။“နင်တို့

ကားနံပတ်ကို ငါမှတ်လိုက်ပြီ။ ငါတိုင်မယ် ။ ငါ့ကို ဘာအောက့်မေလို့လဲ ။”တဲ့ ။ အဲ့ဒီတော့မှ ကားသမားက ပြုံးဖြီးဖြီးနဲ့ ကားမောင်းထွက်လာခဲ့

တော့တယ် ။ ကမ္ဘာကြီးက မေးတာပေါ့ ။ “ ဘာလို့  မိန်းမကောင်းလေးကို အဲ့လိုသွားပြောတာလဲ ။တကယ်တိုင်လိုက်ရင် ဘယ်လိုလုပ်မလဲ” လို့

ဆိုတော့ ဆရာသမားက ရယ်ပြီးပြောပြတယ် ။ “တချို့ ပြည့်တန်ဆာတွေက ဒီလိုပဲဝတ်စားကြတာပဲ ။ ရဲတွေမာဖီနဲ့ ဖမ်းရင် မသိအောင်လို့ပေါ့ ။

မိန်းမကောင်းဖြစ်လည်းပဲ ဈေးကောင်းပေးရင် လိုက်တဲ့မိန်းမတွေ ပုံလို့ပါဗျာ။ သူတို့ ဘ ယ် လိုပဲဝတ်စား ထားထား လိုက်တဲ့မိန်းမက လိုက်တာပါ

ပဲ ။ သူတိုင်ချင်တယ်လား ။ တိုင်ကြည့်လေ ။ ဘယ်ကိုတိုင်မှာလဲ ။ ဘယ်က အရေးယူပေးမှာလဲ ။ တိုင်လို့ အထက်က အရေးယူမယ် ထားဦး ။

ဝှီးတက်သိမ်းမယ် ဆိုတာကလွဲလို့ ဘာလုပ်လို့ရမှာလဲ ။ ကျွန်တော်က အငှားမောင်းတာ ။ ကျွန်တော့ကားလဲမဟုတ်ဘူး ။ ဖြစ်ချင်းဖြစ် အုံနာ့ကား

ပဲနံမည်ပျက်မှာ ။ ဘယ်ကမှလဲ အဲ့လိုတာဝန်ယူ ဖြေရှင်းပေးတာမျိုး မရှိပါဘူးဗျာ ။ ပူမနေပါနဲ့ အေးဆေး ။ ” တဲ့ ။။။။။

          ကမ္ဘာကြီး အတွေးပေါင်းစုံ ချာလပတ်ရမ်းသင့်တယ် နော် ။ ။ ။

     တစ်နေ့ ကမ္ဘာကြီးအင်တာနက်ဆိုင် ထိုင်တယ် ။ လမ်းပေါ်မှာ လှုပ်ရှားသွားလာနေရတဲ့ မိန်းမကောင်းလေးတွေကို ကာကွယ်စောင့်

ရှောက်ပေးနိုင်တဲ့ ပရဟိတ လုပ်ငန်းမျိုးတွေ မရှိဘူးလားပေါ့ ။ ပြီးတော့ခုတလော ကလေးတွေကို မရမက တောင်းစားခိုင်းတာ ၊ မရရအောင်

တောင်းခိုင်းတာတွေ ခေတ်စားနေတယ် ။ ဒါတွေကို ကာကွယ်ပေးနိုင်မယ့် အဖွဲ့အစည်းမျိုးတွေ မရှိဘူးလားဆိုတဲ့ အတွေးနဲ့ ကမ္ဘာကြီး ဖေ့စ်ဘွတ်

ခ်ကို ၀င်ရှာကြည့်မိတယ် ။ တွေ့တော့ တွေ့ပါရဲ့ ။ နောက်ဆုံး The Last Activity က လွန်ခဲ့တဲ့ သုံးလေးလလောက်က ရိုက်ပြီးတင်ထားတဲ့ပုံတွေ ။

များများစားစားမရှိပါဘူး ။ အဲ့လိုဆိုက် လေးခုလောက်တွေ့တယ် ။ နှစ်ခုက ဘာမှလုပ်လို့မရဘူး ။ အဖွဲ့ကိုလဲ Join လို့မရဘူး ။ ကျန်တဲ့နှစ်ခုက

တော့ အဲဒီလို ဓါတ်ပုံတွေတင်ထားတာတွေ့တယ် ။ အဲ့နောက်ပိုင်းတော့ ဘာမှမတွေ့တော့ဘူး ။ ဘာမှ မလုပ်ဖြစ်ဘူးထင်ပါရဲ့ ။ မအားကြဘူးထင်

တယ.် ။ပြီးတော့ အစိုးရမဟုတ်တဲ့ ပြင်ပ အဖွဲ့အစည်းတွေကလား ။ ဆိုတော့ ကိုယ်ထိလက်ရောက် စိတ်သွားတိုင်းကိုယ်ပါ လုပ်ဆောင်နိုင်ဖို့ ငွေ

ကြေးအင်အား နည်းတာ လူအင်အားနည်းတာ ဖြစ်နိုင်တာပဲလေ ။ ပြီးတော့  လူစုလူဝေးနဲ့နေတာကို အစိုးရက မကြိုက်ဘူးမဟုတ်လား ။ အကူ

အညီတောင်းခံဖို့ကျပြန်တော့လည်း ဟိုအထက်တင်ပါဦး ။ ဒီလွှတ်တော် ရုံးတင်ပါဦးနဲ့ ကြာသွားမယ် ။ ခုတင်ပဲ လွှတ်တော်မှာ တင်ထားတဲ့ မေး

ခွန်းပေါင်း အခု ၄၀၀ ကျော်ရှိသေးတယ်တဲ့ ။ မပြီးပြတ်သေးဘူးလို့ ကြားတယ် ။ဆိုတော့ ဒီလို အဖြစ်အပျက် မျိုးတွေ အဖွဲ့အစည်းတွေဘက်လှည့်

ဖို့ သူတို့မှာ ဘယ်အားလပ်ဦးမလဲ ။ ဘယ်တော့မှ အားလပ်ကြမှာလဲ ။ အားလပ်ရင်ကော တကယ် အင်တိုက် အားတိုက်နဲ့ ကူညီဖြေရှင်းပေးကြ

မှာလား ။ မိန်းမကောင်းလေးတွေကို စောင့်ရှောက်ပေးကြမှာလား ။ အမျိုးသမီးရေးရာလွတ်လပ်ခွင့်ဆိုတာ ဘာလဲ ကမ္ဘာကြီးမသိဘူး ။ လူအ

တော်များများ လိင်ဆက်ဆံတာကို ကမ္ဘာကြီးမြင်ဖူးတယ် ။ ဒီလို အလိုမတူဘဲ နှောင့်ယှက်တာမျိုးတွေကျ မလုပ်သင့်ဘူးလို့ ကမ္ဘာကြီးက တွေး

တယ် ။ နောက်တစ်ခုလဲ တွေးမိသေးတယ် ။ “အေးလေ ။ ငါတို့လူငယ်တွေတောင် မပါဝင်နိုင်တာ၊ မစောင့်ရှောက်နိုင်တာပဲ”လို့ ။ ဟိုစာရေးဆရာ

ကြီးပြောသလိုပဲ နောက်ဆုံး စိတ်ဖြေတွေးလိုက်တယ် ။ သဗ္ဗေသတ္တာ ကမ်မသကာပေါ့ ။

          တစ်နေ့ တောင်ငူမှာ …. အင်း …… မြို့အမည်ကို ကမ္ဘြာ့ကီးမပြောဘဲ ထိန်ဝှက်ထားတယ်ပဲ ဆိုပါစို့ ။ အဲ့ဒီမြို့မှာပေါ့ ။ ကမ္ဘာကြီး အသိ

တစ်ယောက် ဆေးရုံတက်တယ် ။ သွားကြည့်တော့ ဆရာဝန် Round မယ့်အချိန်ဆိုလားပဲ ။ အဲဒါနဲ့ ယူနီဖောင်းမ၀တ်ထားတဲ့ Nurse တစ်

ယောက်က အခန်းထဲ ဇောက် ဇောက် နဲ့ ၀င်လာပြီး အခန်းတွင်းမှာ ရှိတဲ့ လူနာတွေ လူနာစောင့်တွေ အကုန်လုံးကို အထက်စီးကနေ ဝေ့ကြည့်

လိုက်တယ် ။ သူ့အကြည့်တစ်ချက်မှာအခန်းထဲမှာ ပြောဆိုနေကြတဲ့ ခုနက အသံတွေ ၊ ခုနကလို မျက်နှာအမူအရာတွေ အကုန်ပြောင်းလဲပြီး

တိတ်ဆိတ်သွားကြတယ် ။ သူက အော်ပြောတယ် ။ “ဆရာဝန်ကြီး Round တော့မယ် ။ လူနာစောင့်တွေ အကုန်အပြင်ထွက် ။ မြန်မြန်လုပ် ။ မြန်

မြန်လုပ် ။” တဲ့ ။ အသံမာမာကြီးနဲ့ အော်တယ် ။ ဒါမယ့် လူတိုင်းလိုလိုက သူမပြောခင်ကတည်းက ထွက်သွားကြပါပြီ ။ ကိုယ့်အထုပ်လေးတွေ

ကိုယ်ကိုင်ပြီးတော့ .. .အိပ်နေတဲ့ လူနာစောင့်တွေကလဲ မျက်လုံးတွေ အတင်းဖြဲကြည့်ပြီးမနိုးသေးတဲ့ ခန္ဓာကိုယ်ကို အတင်းကိုယ့်ကိုကိုယ်လှုပ်နှိုး

ပြီး အခန်းထဲကနေ ကသုတ်ကရိုက် ခြေတရွတ်ဆွဲပြီးထွက်သွားကြတယ် ။ ကမ္ဘာကြီးက မသိသေးတော့ ကြောင်ကြည့်နေတာပေါ့ ။ ကမ္ဘာကြီး

မသွားသေးတာ မြင်ပြီး အဲဒီ Nurse က ကမ္ဘာကြီးကို တည့်တည့်ကြည့်ပြီးအော်တယ် ။ “မြန်မာလိုပြောနေတာ နားမလည်ဘူးလား ။ ဆရာဝန်

ကြီးလာတော့မယ် ။အခန်းထဲမှာ လူနာရှိတာကလွဲလို့ တခြားဘယ်သူ့မှ မမြင်ချင်ဘူး ။ အကုန်ထွက် ။ မြန်မြန်ထွက် ။ လာတော့မှာ ။” တဲ့ ။

ဆရာဝန်လာတာ ဘာလို့ လူနာစောင့်က အပြင်ထွက်ရတာပါလိ မ့်လို့ ကမ္ဘာကြီးတွေးပြီး ကော်ရစ်တာကို ထွက်လာတယ် ။ ကော်ရစ်တာ

ဟာ နေပူတယ် ။ အဲဒီနေပူကြီးထဲမှာပဲ လူနာစောင့်တွေဟာ မြက်ဖျာလေးတွေ ခင်းလို့ အိပ်နေကြ အစားစားနေကြ စကားတိုးတိုးပြောနေကြ

တယ် ။ ထူးခြားတာက သူတို့မျက်လုံးတွေပဲ ။ သူတို့မျက်လုံးတွေမှာ အရောင်အဆင်းမရှိဘူး ။ မျှော်လင့်ချက်ပဲမဲ့နေသလိုလို ၊ တခုခုကိုပဲကြောက်

နေသလိုလို အမူအရာတွေရှိနေကြတယ် ။ ဘာကြောင့်ပါလိမ့်လို့ ကမ္ဘာကြီးထပ်တွေးမိပြန်ရော ။

          နောက်ရက်တွေမှာ ကမ္ဘာကြီးရဲ့ လူနာဟာ မသက်သာဘူး ။ အစိုးရမဟုတ်တဲ့ အခြားဆေးရုံတစ်ခုကို ပြောင်းမယ်လို့ တွေးပြီးဆင်းမယ်

လုပ်တော့ ဆရာဝန်မတစ်ယောက်နဲ့ ကမ္ဘာကြီးရဲ့ လူနာ နဲ့ စကားများကြတယ်တဲ့ ။ ဘာကြောင့်ရယ်တော့ သေချာမသိလိုက်ပေမယ့် ဆရာဝန်မ

ကစကားပြောတာ ကြမ်းတမ်းလို့ ကမ္ဘာကြီးရဲ့ လူနာက မခံနိုင်လို့ ပြန်ပြောရင်း အခြေအတင်ဖြစ်ကြတယ်လို့ ဘေးက လူနာတွေအပြောအရ သိရ

တယ် ။ ဆေးရုံပြောင်းလာတယ်ပေါ့ ။ ပြောင်းလာတော့ …. ညနေစောင်းတဲ့ထိ ဆရာဝန်က ရောက်မလာဘူး ။ ကမ္ဘာကြီးရဲ့ လူနာက အသည်း

အသန်နီးနီးဖြစ်နေပြီ ။ ဒီအချိန်မှာ အဲဒီဆေးရုံက Nurse တစ်ယောက်က ကမ္ဘာကြီးကို လူနာစောင့်ဆိုရင် အောက်ကို ခဏလိုက်ခဲ့ပါ ပြောစရာ

ရှိလို့ပါ လို့ ပြောလာတယ် ။ ကမ္ဘာကြီးလိုက်သွားတဲ့ အခါမှာ အစိုးရ ဆေးရုံကနေ ဆရာဝန်စကား နားမထောင်ဘဲ ဆင်းပြေးလာတဲ့လူနာမို့လို့

သူတို့ဆေးရုံက လက်ခံလို့မရပါဘူး လို့ ကမ္ဘာကြီးကို ပြောပြကြတယ် ။ ကမ္ဘာကြီးတတ်နိုင်သလောက် ရှင်းပြပါသေးတယ် ။ ဒါပေမယ့် သူတို့က

ပြောတယ် ။“ဆရာဝန်ချင်း ၊ ဆေးရုံချင်း ပြသနာ မတက်ချင်လို့ပါ ။ ဖြစ်ပျက်တာကိုနားမလည်ပေးတာတော့ မဟုတ်ပါဘူး ။ ”တဲ့ ။ လက်မခံနိုင်

ဘူးဆိုတာ လုံးဝသေချာသွားတော့ ကမ္ဘာကြီးသူတို့ကို ပြောခဲ့တယ် ။ “ဆရာဝန်ချင်း ဆေးရုံချင်း ပြသနာမဖြစ်ချင်ရင် အစကတည်းက ပြသနာ

မဖြစ်အောင် နေနိုင်ရမှာပေါ့ ဒေါက်တာ ။ အစိုးရဆေးရုံကို လာတက်တဲ့လူနာဆိုတာ နွမ်းပါးလို့လာတက်တာပါ  ။ မြေနိမ့်ရာလှံစိုက်သလို လူနာ

ကို ဆရာဝန်က ကုသလိုမဟုတ်ဘဲ ၀က်သတ်သမားက သတ်မယ့်ဝက်ကို ကြည့်သလို ပြုမူသလို လုပ်တာတော့ ဘယ်ကောင်းပါ့မလဲ ။”လို့ ပေါ့ ။

ဒီလိုနဲ့ ကမ္ဘာကြီးပဲ တာဝန်ယူပြီး ရန်ကုန်ကို အဲဒီလူနာကို ခေါ်လာပြီး ခွဲစိတ်ကုသပေးခဲ့တယ် ။ ၂၄ သိန်းကုန်ပြီးနောက် .. ခုတော့  လူ

ကောင်းပကတိ ကျန်းမာစွာရှိနေပါပြီ ။  

          ကမ္ဘာကြီး တစ်နေ့ကဗိုက်ဆာတော့ စည်ပင်ကို အခွန်ဆောင်ပြီး လမ်းဘေးတွေမှာ ဖွင့်ထားတဲ့ ငါးကင်ဆိုင်လေးတစ်ဆိုင်မှာ သူငယ်ချင်း

တစ်ယောက်နဲ့တူတူ ငါးစားဖြစ်ကြတယ် ။ အဲဒီအချိန်မှာ စည်ပင်ကပဲ ယူနီဖောင်းဝတ်ထားတဲ့လူကြီးတစ်ယောက်က ဆိုင်ရှေ့မှာ လာရပ်ပြီး

စားနေတဲ့ ကမ္ဘာကြိးတို့ကို သူ့လက်ထဲက ကင်မရာလေးနဲ့ ဖျတ်ဆို ရိုက်သွားတယ် ။ ကမ္ဘာကြီးရဲ့ သူငယ်ချင်းက ထက်တယ် ။ သူက ဒေါသချက်

ချင်းဖြစ်သွားတယ် ။ နောက်တစ်ခေါက်ထပ်ရိုက်မယ်လုပ်တဲ့ အခါမှာ သူက ချက်ချင်းပဲ ပါးစပ်ကြီးဖြဲပြပြီး လက်လေးနှစ်ချောင်းထောင်ပြလိုက်

တယ် ။ Post ပေးလိုက်တယ်ပေါ့ ။ ကမ္ဘာကြီးက ရယ်မိတယ် ။ အဲဒီယူနီဖောင်းနဲ့ လူကြီးက ဆိုင်ထဲ ၀င်လာပြီး ဘာလုပ်တာလဲ ။ ဘာရယ်တာလဲ။

လို့ ကမ္ဘာကြီးတို့ကို မာမာထန်ထန်နဲ့ အော်မေးတယ် ။ “ငါက အထက်က အမိန့်နဲ့ လာတာ ။ ဘာပြောင်စပ်စပ်လာလုပ်တာလဲ ။ ”ဘာလဲ ပေါ့လေ

။ ယူနီဖောင်းမြင်ရင် ကြောက်တတ်တာက ကမ္ဘာကြီးရဲ့ အကျင့်ပဲ ။ ကမ္ဘာကြီး ခေါင်းလေးငုံ့ပြီးဆိုင်ကနေ အသာလေးထွက်လာခဲ့တယ် ။ သူငယ်

ချင်းနဲ့ ဘာဆက်ဖြစ်ကြတယ်တော့ မသိဘူးပေါ့ ။ စိတ်ထဲမှာတော့ တွေးမိတယ် ။ “စည်ပင်မှာ အခွန်ဆောင်ထားတယ်ဆိုရင် ဘာလို့ အထက်က

အမိန့်နဲ့ အေးအေးဆေးဆေးစား သောက်နေကြတဲ့ လူတွေကို အသိမပေးဘဲ ဓါတ်ပုံရိုက်ရသလဲ ” လို့ပေါ့ ။  

          အင်း ……. ကမ္ဘာကြီးက ဥာဏ်မမီတော့ အတွေးတွေ ချာချာလည်နေတာပေါ့ ။ ကိုယ်ကိုယ်တိုင်လဲ ထုံရ အ ရ ကောင်းလားလို့

ပြန်ပြန်တွေးမိတာ အခါခါ ။ ဒါပေမယ့် ဘာမှမလုပ်နိုင်ဘူးလေ ။ ဒါတွေက နိုင်ငံရေးထဲမှာ ပါတယ် မဟုတ်လား ။ သူတို့ကို ပြန်ပြောရင် ထောင်ကျ

မှာပေါ့ ။ ထောင်ထဲမှာ ငပိထောင်းနဲ့ ဆန်ကွဲကြိုတိုက်တာ အရသာမ ကောင်းဘူးလို့ကြားဖူးတယ် ။ အို .. ကိုယ်နဲ့ မဆိုင်တာတွေကို ဘာလို့

လျှောက်တွေးနေဦးမှာလဲ ။ ဒီတိုင်း အေးအေးလေးနေလိုက်လဲပြီးတာပဲ မဟုတ်လား ။ ဟိုကဗျာတစ်ပုဒ်ထဲကလိုပေါ့ ။ “သူများက ကော်ပီဆိုတာ

နဲ့ ကျွန်မတို့ ပေ့စ်လိုက်ဖို့အဆင်သင့် … ”ဆိုတာမျိုး ။ ရှေ့က မားမားမတ်မတ်နဲ့ ဦးစီးဦးဆောင်လုပ်ဆောင်သွားမယ့် လူမျိုး ၊ အန္တရာယ်လဲ မရှိဘူး

ဆိုရင်တော့ ကမ္ဘာကြီးလဲ ပရဟိတတွေလုပ်ချင်တာပေါ့ ။ နော် ။ တွေးမိတာတွေ က သိပ်များနေတယ် ။

တွေးစရာတွေက များလာတော့ ကမ္ဘာကြီး ခေါင်းတွေရှုပ်လာတယ် ။ ကိုယ်နဲ့လဲ မဆိုင်ဘဲ လျှောက်တွေးနေတာ ကြာတော့ ခေါင်းပူလာ

တာပေါ့ ။ ကမ္ဘာကြီးခေါင်းလျှော်မယ်လို့ တွေးလိုက်သေးတယ် ။ဒါပေမယ့် ဒီနေ့ က ဗုဒ္ဓဟူးနေ့ မဟုတ်လား ။ ကမ္ဘာကြီး မေမေက မှာထားတယ်။

ဗုဒ္ဓဟူးနေ့မှာ ခေါင်းလျှော်ရင် ၄၉ ရက် လာဘ်ပိတ်တတ်တယ်တဲ့ ။ ဒီတစ်ရက်တော့ ကမ္ဘာကြီးအောင့်အီး သည်းခံပြီး အိပ်ပျော်အောင် အိပ်ချ

လိုက်တယ် ။ ကမ္ဘာကြီးက တစ်ခြမ်းမှောင်သွားတာပေါ့ ။ ကမ္ဘာကြီးလဲ အိပ်မက်ကမ္ဘာကြီးထဲ ရောက်သွားတော့တာပဲ ။

ဒါပေမယ့်တွေးစရာတွေက တပုံတပင်ပဲ ။ မကုန်မခမ်းပဲ ။ နောက်လည်း ကမ္ဘာကြီးက ဆက်တွေးရဦးမှာပဲ ။ စိတ်ညစ်ပါတယ် ။

                                                         ကမ္ဘာကြီးမှာ တွေးစရာတွေများတယ် ။ ကမ္ဘာကြီးဟာ သိပ်သနားဖို့ကောင်းတယ် ။


ချိုပိန်းနောင်

(၂၅.၇.၂၀၁၂)( ဗုဒ္ဓဟူးနေ)

 
ကျွန်တော် ဟာ အကျယ်ချုပ်ကျနေတဲ့ သံတိုင်

ဖနောင့် မှာ မကောင်းမှု ဂျီပီအက်စ် “စူး“နေတာကြာပြီ

ကျွန်တော်ရော ဘာသားနဲ့ထုတာမှတ်လို့

“စိတ်မကောင်းဘူးကွာ“ ကို ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ရုံ

အရက်မသောက်ဘဲမူးချင်တယ်

တာမွေအ၀ိုင်းထိပ်က ခေါင်ရည်ဆိုင်လေးမှာ ခုံတစ်ခုံတော့ ပိုတယ်မဟုတ်လား?

ဘာမှုနဲ့လဲလို့ ခင်ဗျားမမေးသေးဘူးနော်

Ice Berry (စံပြ) ၀ရံတာကျဉ်းကျဉ်းလေးပေါ် ကျွန်တော်တို့ မီးတစ်တို့ခဲ့ကြ

ကွန်နက်ရှင် (သို့) ရှေးရေစက်လည်း ပြင်းအားများတယ်ထင်ပါရဲ့

ကိုတာယာ ဆွဲတဲ့ တစ်ဖက်မြင်ကောက်ကြောင်းကြီး ကိုပျော့ ငဲ့

မိဘမျက်ရည် ကို ဘော်ဒီစပရေးလို တရှုးရှုး တရှဲရှဲ “ဖြန်း“

ဖြစ်ခဲ့ပြီးသမျှ အကုသိုလ်ထိုထိုအတွက် ဘုရားဥပဒေ မှတ်ရင်း

အသက် မှန်မှန် ရှုခဲ့ပါတယ် ၊ အသည်း မှန်မှန် ကွဲခဲ့ပါတယ်

ဒီလိုနဲ့ ... တတ်နိုင်သလောက် အကုသိုလ်အခွေခွေ ပယ်ရင်း ပေါ့

သူတို့မျှော်လင့်ချက် ဂျူတီကုတ်ဆိုလား အဲဒါကြီး က အသစ်အတိုင်းပဲ!

မယုံမရှိနဲ့ တံခါးစောင့်ကုလား + ကွမ်းယာသည်လင်းမယား (ကို/က) သာ ကျွန်တော် ဖက်လည်းတကင်းဖြစ်တယ်

အသိ နဲ့ ခေါင်းခေါင်းချင်း ဆောင့်မ%E

    Author

    ကျွန်တော်ကြိုက်နှစ်သက်သလို စာဖတ်သူများလည်းနှစ်သက်မယ်ထင်ရာလေးတွေကို တစ်စုတစည်းထဲဖတ်နိုင်စေဖို့ရည်ရွယ်ပါတယ်။

    Archives

    November 2012

    Categories

    All