မိဘပြည်သူ (၁၃)ပါးတွင် ကျွန်တော်က နံပါတ်ဘယ်လောက်
-----------------------------------------------------------
မိဘပြည်သူ(၁)
ပိုး ဖလံမျိုး ။မီးကို တိုး 
ကိုယ်ကျိုး နည်းလှပြီ ဆိုကြ ။
ကခုန် ပျော်ပါး။ထိုမီးကြားသို့
လူစားဝင်ခွင့် မရ။
မိဘပြည်သူ(၂)
လူး            မနေနဲ့
ကူး         ဆိုတော့
မြူး  နေ တာ  ပါ   တဲ့။
မိဘပြည်သူ(၃)
အမှိုက်ကစပြီး
ပြာကျတော့ တတောလုံး။
မိဘပြည်သူ(၄)
တနေ့ကောင်းနိုး ပြင်နိုး ပေါင်းရ သင်းရ
အထုအထောင်းခံ ဒဏ်ရာတွေ ဗရပွနဲ့
လင်ရှိ မုဆိုးမ
မိဘပြည်သူ(၅)
အုတ်တစ်ချပ် သဲတစ်ပွင့်လည်း ပေးပါမယ်
ရေတစ်မှုတ်လောက်   တိုက်ပါကွယ်။
မိဘပြည်သူ(၆)
ခွပ်ဒေါင်းတွေ အမျှ ဝေနေတယ်
ချိုှးှုလေးရေ   သာဓု ခေါ် နိုင်ပလား။
မိဘပြည်သူ(ရ)
သံလွင်ခက်ကြီး အစား
စပါးနှံများကိုသာ သယ်ဆောင်ပေးပါရန်။
မိဘပြည်သူ (၈)
ရာသီဥတုတွေ  ဖေါက်ပြန်နေလေ သမျှ
မုဆိုးမ ထင်းခုတ် ဓါးလို
မည်သည့် ယောကျာင်္း မဆို သွေးပိုင်ခွင့် ရှိသည်။
မိဘပြည်သူ(၉)
စလယ်ဝင် ဖင်မမဲခင်က
တစ်ပင်ကိုလဲလို့ တစ်ပင်ကိုထူ
ရေသာများ၍  ငါးမတွေ့သူ လား ။
မိဘပြည်သူ(၁၀)
ရေ ၊မီး၊ မင်း၊ ခိုးသူ၊
ထို မချစ် မနှစ်သက်အပ်သောသူများလက်မှ
လွတ်မြောက်ရပါလို၏ အရှင် ဘုရား။
မှတပါး
အခြား အခွင့်ထူး မရှိ သူများ ။
မိဘပြည်သူ(၁၁)
စလုံးကိုရေးပြီး
စလုံးနဲ့ ပြန် သတ်
ထိုကဲ့သို့  မနား မရပ်
အချင်းချင်း ကျား ကျား မီးယပ်
မိဘပြည်သူ(၁၂)
မြေ ရေ လေ မီးက အစ ချို့ချို့ ငဲ့ ငဲ့
ဘုရားစူး  ဓါတ်ကြီးလေးပါး အစု အဖွဲ့
ဖေါက်ပြန် ဖျက်ဆီး ခံခဲ့ ရတော့ စနစ်တကျ ။
မိဘပြည်သူ (၁၃)
အတိတ် မသိဘူး
အနာဂတ် မရှိဘူး
ပစ္စုပ္ပန်နဲ့သာ  ဝန်ပိနေကြ
ဥပမာ-
လက်လှုပ်မှ ပါးစပ်လှုပ်ရတယ်ဆိုသလိုမျိုး
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၁၇)ပိုဒ်မှာ ကျနော်ဟာ အပိုဒ်တော်တော်များသွား
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၁)
ကျရှုံးခဲ့ သမျှ အဆီတ၀င်းဝင်း
အောင်မြင်ခဲ့သမျှ သဲတရှပ်ရှပ်
သွားလေသူ  အမှတ်မရှိ တစ္ဆေ ။  
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၂)
 ညာ မှာ  ထမင်း
 ဘယ် မှာ ဟင်း ဖြင့်
 သွတ်သွင်း မြို ဝါး
 အာ လျှာ သွား မှ
 ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၃)
စိုက်ပျိုး တူးဖော်ပြီး ခဲ့ ပါသော ၎င်းမြေကို
(၁၀)နှစ်ကြာသည် အထိ
ထပ်မံ စိုက်ပျိုး မရနိုင်တော့ပါသဖြင့်
ဂျင်ဆင်း ဆိုသော ထိုဆေးမြစ်ကို ငါ မသောက် ။
 ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၄)
ပေါက်ပင် ကိုင်းတောကြီး အဖြစ်သော်လည်းကောင်း
အကြောင်းကြောင်းသော အကြောင်းများကို
အကြောင်းပြုပြီး  ။
သစ်တောကြီး မဖြစ်ခဲ့ပါသော်လည်း
အပူလွန်ကဲ သူများ အေးစေသတည်း ။
ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဉ်း(၅)
ဆူးကို ဖက်နဲ့ ထုပ်မိတဲ့ အခါ
ပလိုင်းထဲမှာ
ဖားတစ်ကောင်မှ မရှိတော့
ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း(၆)
မြားတစ်စင်းလို ချွန်ခဲ့သမျှ
ရေတခွန်ကြီးလို ဇောက်ထိုး ကျခဲ့ပြီလား
စမ်းရေတစ်ပေါက်အဖြစ်တော့ တိုက်ကျွေးသွားချင်တယ်
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(ရ)
မပွင့်မလင်း၊
ရှုခင်းဟာ ည၀ါးဝါး။
အိပ်မက်ကြွေ တ၀ုန်းဝုန်းမှာ ၊
ငါ     ရှုံးပြီ လား ။
ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဉ်း(၈)
မနက်စောစောနိုးလာတဲ့ သားကမေးတယ်
တိုဟူး တိုဟူး နဲ့ အော်နေတဲ့
ဒီငှက်လေးဟာလည်း သားသားလို
တိုဟူးကြော်ကို ကြိုက်သလား ဖေဖေ တဲ့။
သမီးကြီး ငယ်ငယ်ကလည်း
နေ့စဉ်နဲ့ အမျှ
ဗုဒ္ဓေါ ဗုဒ္ဓေါနဲ့ မမောတမ်း ရွတ်ဆို
ဒီငှက်လေးကို သမီးချစ်တယ် တဲ့။
ဖေဖေ့မှာသာ
ဥသြ ဥသြ ဆိုတဲ့အသံအပြင်
အခြားသော အသံကို ဘာကြောင့် မမြင်ခဲ့ ။
ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဉ်း(၉)
ထိုအမဲကို
သဲနဲ့လည်း  ငါမပက် ။
ငါ ကူညီ ပြုတ် ကျော်ချက်လို့
စားတယ်ည မနက်။
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၁၀)
ဖြစ် ပျက် ပျော် ပွဲ စား
ရှု မျှော် ခင်း အကြို အကြား
လှေ တွေ မျော ပြီ  လား
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၁၁)
ဆွဲ ကြမဲ့ ခြူ ကိုပဲ
ရွှေလား ကြေး လား
ခွဲခြား ငြင်းခုန်
တစ်မြုံလုံး ကုန်လုပေါ့ ။
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၁၂)
စက်ခေါင်းအသစ်တင်ပြီးတဲ့နောက်
လမ်းချော်တိမ်းမှောက်ခြင်းဆိုတာ မရှိ
ခုထိလည်း ဒီဇယ်ဆီက မထည့်ရသေး။
ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း(၁၃)
သမီးရဲ့ ခဲတံကလည်း
ချွန်နေရတာနဲ့   -ခဲဖျက်ပဲ ကျန်တော့သလို-
အဖေရဲ့ ဓါးကလည်း
သွေးနေရတာနဲ့ - ဓါးရိုးပဲ  ကျန်တော့သလို-
ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း(၁၄)
သစ်ဝါးတွေ အစုန် အဆင်းများတဲ့အခါ
မြစ်ချောင်းတွေအဆန် အဆုတ်မြန်ကြသလို
ရွာဦးရေကန်ကြီးကို အရောင်းအ၀ယ် တည့်ပြန်ပေါ့
ကျွန်တော်မျိုးကြီး သေသင့်ပါတယ်။
     ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း (၁၅)
ပတ္တမြား မှန်ရင်  နွံမနစ်ပါဘူးကွ
         သား  မ စမ်းရဲဘူး ဖေ ဖေ
 ဖေကြီးရှိပါတယ် မောင်လေးရာ                                                                    ကလေးတွေကို  မြှောက်ပေးနေမဲ့အစား                                            
ရှင်  ကိုယ်တိုင်  ခုန်ဆင်း ကြည့်ပါလား   
ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း(၁၆)
ကျွဲနှစ်ကောင်ခတ်
ကြားရပ်မှာ ကျွနိုပ်
မြေဇာပင် မဟုတ်
အင်ကြင်းငုတ်
ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း(၁၇)
ဓါးဦးကိုသာ စွတ်စွတ်ရွတ်ရွတ်ကြီးရွေးချယ်
အနှောင့် အသွားတော့ လွတ်ခဲ့ပါတယ်
အိမ်မှာ ဥမမယ် စာ မမြောက်တွေနဲ့ ။
လူလန်း(၄/၂၀၁၃)
    Author
    ကျနော့်ကဗျာတွေကိုပဲ
    ခင်ဗျားတို့ကဗျာတွေဖြစ်စေအောင် ကျနော့်အသိအတတ်တွေနဲ့ ကျနော်စွမ်းသမျှ တင်ဆက်နေခြင်းဖြစ်ပါတယ်။
    Archives
    November 2012
    Categories
    All