ဂျစ်ပစီ စပါကလင်by The Loner on Friday, January 4, 2013 at 7:30pm ·
ဖက်ကြမ်း ဟာ  ဒီဘက်မှာ ရန်များတယ် ကြမ်းကြမ်းတမ်း မဖက်ရ

ဟန်းဆက်ဆိုတာ သီချင်းနားထောင်ဖို့

ကျွန်တော့် ယင်းတွေ မက်ဆေ့ ဘောက်စ်ထဲ

ထ တယ်

ခေါင်းလျှော်လည်းမပျောက်ဘူး ... တရော်ကင်ပွန်းတွေ မစစ်တော့တာသိပါတယ်

ဒါပေမဲ့ နောက်ဆုံး ဘူတာ ကို ဘာ ရထား ဖြတ်လေ့မရှိ

တိုက်တန်းနစ် ကမ်းကပ်လာမယ် လို့ သတင်းအမှားရထား

မျှော်နေတဲ့ သင်္ဃန်းကျွန်း ဆိပ်ကမ်းလေး ဟာ ကျွန်တော်ပေါ့

စောင်မရှိတဲ့အရပ်ပါ အမေရယ် ဗိုက်ထဲက ဇစ်ဆွဲဖွင့်သံတွေ ထွက်ထွက်လာ

မှတ်ဆိုလို့ လိုက်မှတ်ရ ပြဌာန်းစာအုပ် ဂျိုကာပုံ တွေနဲ့ တဟီးဟီးတဟားဟား

ပျော်ရွှင်မှု က အိမ်မှာလေ့မရှိ ကျွန်တော်လား

လမ်း ပေါ်မှာ က+ျ + က +  -ွ +   -ဲ   လို့

စက်ဘီးလေး လို ခရေပွင့်မ သိတတ်ရင် ကောင်းမယ်

ညတိုင်း တော့ ဆေးစစ်မခံချင်တော့ဘူး ဖေချောရာ

နိမိတ်ပုံ ကို မလွတ်မလပ်သွယ်ဝိုက်သုံးတဲ့ နန်းကြိုး လို့

အော် တဲ့ ကောင် က အော်

ဟန်ဆိုတာ အရေခွံလဲသလောက် မလွယ်မှန်း ကျွန်တော်သိပါတယ်

မျက်လုံးတွေ ကို ကွင်းစ ကွင်းပိတ် မတပ်သင့်ဘူး

ဟွန်းသံတွေ ကိုမျက်စိ နောက်တတ်လာတယ် နားစည်ထဲ တအူအူတွေ

လျှောာာာာာာာာာာာာ တိုက်က်က်က်က်က်

ကျွန်တော့် ကို မီးတစ်တို့လောက် “မ“ ပါ ... နောင်ကြီး

ယက်ဖ်တူရှင်ကို မှန်းမသိလို့ ဆောရီး

လက်ခနဲလင်းလာတဲ့ ကင်မရာ မျက်ခွံ 

“ နာမည်ကြီးတွေနဲ့ ဓာတ်ပုံတွဲရိုက်ရင် နာမည်ကြီးမယ်“ ကို

ယတြာအဖြစ် ချေ/ခြေ ကြ

နွားနို့ပို့တဲ့ ကုလားကြီးပေါ့ ကတ္တရာကို ရေရောနေတယ်

လူမြင်ကွင်းကြီး က ဘာသိဘာသာ

အများသုံးကား နဲ့ အများသုံးဈေးနဲ့

အော်ကြီးဟစ်ကျယ် နေ့တိုင်း(လိုလို) ရန်ဖြစ်လို့

“ကုဒ်နံပါတ်အဟောင်းတွေ“ စွပ်ပြုတ်လုပ်သောက်

ပြီး ပြောင်း

ပြီး ခိုးရိုက်

ကျွန်တော့်  အသား ကျွန်တော် ကုတ်ခြစ်

ပြောရင်းဆိုရင်း “ယင်း“ က ထလာပြန်တယ်

ည ဖက်ပါ ကျွန်တော့် ကို ကြမ်းကြမ်း ။ ။


ကောက်ကွေ့




Leave a Reply.

    Author

    ကျွန်တော်ကြိုက်နှစ်သက်သလို စာဖတ်သူများလည်းနှစ်သက်မယ်ထင်ရာလေးတွေကို တစ်စုတစည်းထဲဖတ်နိုင်စေဖို့ရည်ရွယ်ပါတယ်။

    Archives

    November 2012

    Categories

    All