ခေတ်သစ်တောင်းပန်ခန်းby Lululattyar Yar on Thursday, January 10, 2013 at 11:27pm ·
အပြစ်တွေ အပြစ်တွေ
မင်းအပြစ်လား ငါ့အပြစ်လား ရိုးစွပ်မရနိုင်အောင်
ဒီဆေးတဖုံရဲ့ အရောအစပ်ထဲမှာ
ဘုရားသခင်နေမထိထိုင်မသာဖြစ်ရတဲ့အထိ
လှေနှင့်ရေ ကြွေအံကစားရင်း ငြိခဲ့ကြသည်
္ကဤတော ဤတောင် ဤအခါသမယ
ချွန်မြမြနူတ်ခမ်းတစုံပေါ်
မြေစမ်းခရမ်းပျိုးခဲ့ကြသည်
နေ့ သည် မင့်အရာ၌ ညဖြစ်၍
ညသည် ငါ့အရာ၌ နေ့ ချင်းပြန်ရောက်
တထောက်မှမနားခဲ့သောအနမ်းများဖြင့် ခရီးပေါက်ခဲ့ဘူးသည်
အလွှာတိုင်းတွင် အပါးဆုံး
ထုနှင့်ထည်တွင် အသိပ်သည်းဆုံး
မြစ် ချောင်း ကမ်းပါး လေညှင်း တိမ်ဝါ အမိုက်မဲဆုံး
သိမ်းစွန်ကဲ့သို့  အလှစ်ဆုံး ချဉ်းနင်းဝင်ရောက်ခဲ့သူတို့ နှစ်ဦး
ရူးမတတ်
တဦးနှင့်တဦး ထူးခတ်ထားသည်အထိ မြိနေအောင်သွေးခဲ့ဘူးသည်
အရယ် အပြုံး မဆုံးခဲ့သောသံသရာဆိုထုံး
ကဗျာဆရာ၏ခေါင်းအုံးအောက်မှနှိုက်ထုတ်ခဲ့သော
ဓါး အိမ် နှင့် ယာ
ဖုန်းဆိုးတော
ပတ်ကြားအက်သော မြေနိမ့်ရပ်များ
ထပ်ပြန်တလဲလဲ စိုက်အပ်ခဲ့သောလှံချက်များ
ဖြတ်သန်းခဲ့ဘူးသည်
မြစ်ရူးရူးသူတယောက်၏ ပင်လယ်ဆီသို့  ညဉ်းတွားသံ
တောင်ကမ်းပါးယံကို အဖျားခတ်၍ထွက်ကျလာခဲ့
နေ့  နှင့် နာမ်
ပညတ်ချက် နှင့် သညာ
နွေ မှာရွာသည့်မိုးနှင့် ပဒုမ္မာကြာသူ့ ဆံနွယ်ရိုး
ခိုးသူ့ ရင်မှာ သူခိုးခဲ့ပါသည်ဟု ဘယ်တော့မှမပြော
ဖြစ်တည်မှုများပဓာနကျလွန်းခဲ့၍လားမသိဟု သူစောကြော
မျှောလိုက်ပါသည့် မျှောလိုက်ပါ
မျှော်သူ့ ၇င်မှာပြန်ဆုံဘို့  ဘယ်သူ့ ၇င်မှ သူ ရုန်းလို့ 
အရင်တုန်းကလို ရင်စို့ စို့  ရင်စို့ စို့ 
မင်းရင်စို့ စို့ ကို ကိုယ့်အူအတက်နှင့်ဘဲ ဖောက်ချင်ပါသည်ခင်
နှင်တံကိုလည်း မင်းဘဲယူပါ
သည်နွားတရှဉ်း မင်းဘဲယူပါ
အိမ်ရှေ့လယ်တပြင် အဲဒါလည်း မင်းဘဲယူပါ
အို ဘယ့်သူခိုး ၄င်းနှင့်ဆက်စပ်ပစ္စည်း အားလုံး အားလုံး
မင်းဘဲယူပါ
ငါ ခုံမင်သော -
ချစ်သူ၏ ရယ်သံတစွက်
မြက်ဖျာတချပ်နှင့် ဂစ်တာတလက်
အိုမာခရမ်၏မပါမဖြစ် ၀ိုင်တခွက် နှင့်
ဆက်သွယ်ရန် ဖေ့စ်ဘုတ်အကောင့် အက်ဒ၇က်စ်
ငါတို့ နှစ်ယောက်အတွက် ထားခဲ့ပေးပါ
သက်သက်မဲ့
မိုးသည် မြေမှတက်၍ သူ့ ကိုယ်သူ ကမ္ဘာဟု မေ့မတတ်
မင်းကိုချဉ်ချင်းတပ်ခဲ့ရသည်
ကမ္ဘာ - ကမ္ဘာသည် သူ့ ကိုယ်သူ လည်၍လည်မှန်းမသိ
မလည်မဖြစ်၍သာ လည်လိုက်ရသည်
မင်းကျန်ရစ်မှာ စိုးထိတ်ပါသည် ခင်........။ ..............။
လူလူလက်ျာ
၁၀.၁.၂၀၁၃
၁၁း၃၀ ( ည )