·ကျွန်တော်ဟာ မောင်ယုပိုင်ဖြစ်တယ်။ ကျွန်တော်ဟာ ဘာမှမဖြစ်ဘူး။ ကျွန်တော် လူပျိုကြီးဂျော့ကလူးနီးလို ဟောလိဝုဒ်သရုပ်ဆောင်ဖြစ်ချင်တယ်။ ကျွန်တော် စတီဖင်ကင်းလို သည်းထိပ်ဖိုစာရေးဆရာဖြစ်ချင်တယ်။ ကျွန်တော် ရွိုင်းလက်ချာစတိန်းလို ကော့မစ်ဟန်နဲ့ဆွဲတဲ့ ပေါ့ပ်အာ့ထ်ပန်းချီဆရာ ဖြစ်ချင်တယ်။ ကျွန်တော် မီယာဇာကီလို တူးဒီအင်နီမေးရှင်းကာတွန်းဆရာနဲ့ မူယာကာမိလို သရုပ်ပဉ္စလက်မှန်စာရေးဆရာ ဖြစ်ချင်တယ်။ နည်းနည်းများသွားပြီ။ ဖြစ်နိုင်ဖို့ ဝေးတယ်။ ကျွန်တော် သူငယ်ချင်းနေ၀ိုင်လို အင်ဂျင်နီယာလူလည်(လူငယ်မဟုတ်တော့လို့)ဖြစ်ချင်တယ်။ ကျွန်တော် သူငယ်ချင်းမိုးမောင်လို အဲယာကွန်းနဲ့ယန္တရားငယ်တွေ ပြင်ဆင်တတ်သူ ဖြစ်ချင်တယ်။ ကျွန်တော် ရေပိုက်ဆင်သမားဖြစ်ချင်တယ်။ ကျွန်တော် ကရင်ရွာတွေက ကရင်ရိုးရာအိမ်တွေဆောက်ထားတဲ့ ဗိသုကာအတတ်လောက်တတ်ချင်တယ်။ ကျွန်တော် ရုံးမှာ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ရုံးခန်းစားပွဲကမထ ထိုင်ပြောရတဲ့ စူပါဘိုင်ဇာဖြစ်ချင်တယ်။ ဒါလည်း မဖြစ်နိုင်သေး။ ကျွန်တော် ရေကူးတတ်ချင်တယ်။ တိမ်မယောင်နဲ့နက်။ ကျွန်တော် အာကီဒိုတတ်ချင်တ
မမြင်ဖူးတာတွေ မသိတာတွေ မပါတဲ့ ဇာတ်လမ်း
လူတွေမြင်ရင် ဘုရားမ တသွားမယ့်ဇာတ်လမ်း
လက်တွေ့ကျတဲ့ အမှန်တရားပေါ့
                   နေ့ဘက်မှာ သူပေးရသလောက် ညကျ အကုန်ပြန်ယူသွားခဲ့တယ် ။
သူဟာ သွားတစ်ချောင်းကို
          သွားတစ်ချောင်းထဲကို လောကကြီးအတွက် လက်ဆောင်အဖြစ် ထားခဲ့
ထားသွားခဲ့
ပန်းပွင့်လေးထဲ ထည့်ပေးခဲ့တယ် ။
မုန်တိုင်းနှစ်ခါ ကျပြီးတဲ့နောက် “ခင်ဗျား ဘာလိုချင်လို့လဲ”လို့ 
          တစ်မြို့လုံး အိပ်မောကျ (ပြီထင်)ချိန်မှာ သူဟာ သူ့မိန်းမကိုဆွဲ
          ပေါက်တူးတစ်လက်နဲ့ မြစ်ကမ်းဘေးကို တိတ်တိတ်လာခဲ့တယ်
          -------------------------------------------------------------------------
------------- (သေတဲ့လူတွေအတွက် နေရာတစ်နေရာအတွက် ရှင်လျက်လူတွေ ခုတ်ကြ ထစ်ကြ )
 ------------------
သေသူဟာ သွားတစ်ချောင်းကို လောကကြီးအတွက် လက်ဆောင်အဖြစ်ထားခဲ့
 (ထား
          သွား
                   ခဲ့
                                      )
ငါးမန်းတွေဟာ မြစ်ကမ်းနားက သွေးညှီတွေကို လာမစားခဲ့ကြဘူး
ဘယ်သူကမှလည်း ကိုယ်ချစ်ခဲ့ဖူးတဲ့သူကို ရေထဲ မျှောမပေးချင်လိုက်ခဲ့ကြဘူး
          အဲ့ဒီညမှာ --
*“ သိပ်ကို ငြီးငွေ့ပါတယ်.။  ခုသွားရတာလည်း မပျော်ပါဘူး ။ ဒါပေမယ့် .. ဘ၀ကို အသစ်ပြန်စရမယ်ဆိုတာကလဲ
ပျော်လို့မှရယ် မဟုတ်ပါဘူး ။”*
မိန်းမကို ဘေးခဏချ ဘေးကလူနဲ့ ခုတ်ထစ်တယ်
(ကျုပ် လက်နက်ချတယ် ။ ခင်ဗျား ဘာထပ်လိုချင်သေးလို့ လဲ ။)
 -------------------- “ခွပ်” ----------------
ခနဲ ပေါက်ပြားနဲ့ ခေါက်ချလိုက်တယ်
သူခေါ်လာတဲ့လူဟာ သူနဲ့ အတူ မြစ်ကမ်းဘေးမှာ အညောင်းဆန့်သွားခဲ့ကြတယ်
ဟိုနားလေးမှာ ။ အဲဒီညမှာ
ငါးမန်းတွေဟာ ကုန်းပေါ်တက်မလာကြဘူး
(သူတို့ဟာ လူတွေထက် နေရပ်ပေါ် အစွဲကြီးကြတယ်)
          ရက်စက်မှုတွေ မရှိတော့ကြောင်း ကြမ်းကြုတ်မှုတွေ ရပ်နားသွားပြီး ဖြစ်တဲ့အကြောင်း
ဘေးကလူကို အပိုင်းအပိုင်း ခုတ်ထစ်ရင်း သူစကားလှည့်ပြော (ရှင်းပြ) တယ် အဲဒီညမှာ
          ပင်လယ်ကြီး
အိပ်ချင်မူးမူးနဲ့ ရှိနေချိန် ရောင်ပြန်ဟပ်တဲ့ အမှောင်တွေထဲ မီင်္းပွားတွေ လွင့်ခနဲ ဖွာကနဲ
အသားကင်နံ့တွေ ပျံ့လွင့် မွှေးကြိုင်ဆဲ
--
“ခင်ဗျား ဘာထပ်လိုချင်လို့ ထပ်ရောက်လာပြန်တာလဲ ။”
Life Jacket နဲ့ကောင်က ကော့ကော့ပြီး အော်အော် မေးတယ်
ငါးမန်းတစ်ကောင် ဒူးယားတစ်လိပ် လက်မှာညှပ်ရင်း အင်း အင်းဆို ခေါင်းတွေညှိတ်တယ်
          ရောင်နီလာပြီ မုန်တိုင်း
နှစ်ခါ မိသွားပြီးတဲ့နောက်
မျောသူမျော ရှို့သူရှို့ ကျန်တဲ့သူတွေ ရင့်ကျက် (အညောင်းဆန့်ကြ)
မြို့တစ်ဝက် ၀တ်လစ်စလစ် ဖြစ်သွားချိန်မှာ
“ ဘာထပ်လိုချင်သေးလို့လဲ” လို့ ခဏခဏ လာလာမေးနေတဲ့ကောင်
ထပ်မလာတော့ဘူး
မုန်တိုင်းနဲ့ပါသွားထင်ပ ။                    
ချိုပိန်းနောင်             * -- * : The Plague (Albert Camus)
(8th , February 13)
  ·ဖြည်းဖြည်းချင်းအသံထွက်ဖတ်ပါကလေးရယ်။
မင်းမြန်မာစာဆရာတော့မကြားစေနဲ့
ငါတို့ရင်ခုန်သံတွေရှက်ရွံ့သိမ်ငယ်လိမ့်မယ်။
ဟိုနေ့ကတစ်မက် မနေ့ကတစ်မက်
ပြော
ခေတ်အဆက်ဆက် ငါ့လောက်ဘယ်သူအိပ်မက်ကောင်းဖူးသလဲ
ငါတို့တစ်ယောက်နဲ့တစ်ယောက် ပန်းစည်းပေးဖို့မလို
ငါတို့တစ်ယောက်နဲ့တစ်ယောက် ဖုန်းဆက်နှိုးဖို့မလို
ငါတို့တစ်ယောက်နဲ့တစ်ယောက် ခွဲခွာကြဖို့မလို
ငါတို့တစ်ယောက်နဲ့တစ်ယောက် အတူရှိဖို့မလို
မီးရထားဥသြသံကြားတိုင်း ငိုစရာမလို
လေယာဉ်ပျံကြီးပျံတက်သွားတိုင်း ဆို့နင့်စရာမလို
မှန်လုံကားကြီးထွက်ခွာသွားတိုင်း မျက်ရည်ဝဲစရာမလို
မီးအစိမ်းလေးပျောက်နေရင်တော့ နင့်ခနဲစူးချင်စူးမှာပေါ့
ငါတို့နှစ်ယောက်ကြားက ဖွင့်ဆိုချက်က ၅၇၃၁ မိုင် ၊
ကမ္ဘာကြီးအချင်းဝက်ထက်ပိုတာ ထိုင်ဆဲရမှာလား
မင်းမှောင်ငါလင်း၊ မင်းလင်းငါမှောင် ။
မင်းအိပ်နေချိန်ငါနိုးနေမယ်၊ မင်းနိုးနေချိန် ငါနိုးနေမယ်။
မင်းသုံးနေချိန်ငါသုံးနေမယ်၊ မင်းမသုံးနေချိန် ငါသုံးနေမယ်။ မီးကျိုးမောင်းပျက်ဘာသာစကားတွေနဲ့ ငါတို့
ကွဲကွဲလွဲလွဲကျင့်ဝတ်တွေနဲ့ ငါတို့
သဒ္ဒါမှားယွင်းဝါကျတွေနဲ့ ငါတို့
delay ဖြစ်နေတဲ့ ကင်မရာတွေနဲ့ ငါတို့
ငါ့အိမ်က ပုဂံနဲ့နီးလားဆိုတော့ ငါ့မှာ ဖြေရခက်
မင်း ပုဂံကို သတိတရရှိနေတဲ့စကားမှာ
ငါဟာ ဓာတ်ငွေ့မိုးပျံပူဖေါင်းဖြစ်လို့ဖြစ်
ဘူးဘုရားဆိပ်က စက်လှေဖြစ်လို့ဖြစ်
စောင်းတန်းက ယွန်းအုပ်လေးဖြစ်လို့ဖြစ်
တမာတွေကြားက သရပါတံခါးကြီးဖြစ်လို့ဖြစ်
မင်း ပုဂံကို သတိတရမေးတဲ့စကားမှာ
ငါ့အိမ်က ပုဂံနဲ့ဝေးတယ် ဖြစ်သွားတယ်။
နောက်ထပ်လာရင်ပြောကွယ်
ငါက မြစ်ယောင်ဆောင်ပြီး စောင့်နေမယ်။
မင်းက ငါးကလေးလုပ်ပေါ့
လူးခနဲလွန့်ခနဲ ငါ့ရင်ဘတ်ထဲ ကူးခပ်လိုက်စမ်းကွဲ့။
ထပ်ပြောဦးမယ်။
" te iubesc atat de mult "
ဒါဆို ရိုမေးနီးယန်းလက်ခေါက်လေး ဗမာခေါင်းပေါ်ကျလာမလား။
ဒေါက် တဲ့။
ရေအောက်ဆက်ကြောင်းကြီးထဲ ပန်းအလင်းရောင်တွေ ဖြတ်ပြေးသွားရဲ့ ။
ဒီကဗျာဟာ
ငါဖြတ်ထားတဲ့ရုပ်ရှင်လက်မှတ်
ငါအဆုံးထိမရတဲ့သီချင်း
ငါနဲ့တော်တဲ့ တီရှပ်
ငါနဲ့မတည့်တဲ့ အိပ်ယာ
ဘားမိစ်အီဒီယမ်တွေသိပ်ခက်တာပဲဆို။
ကြွေလွင့်စိုက်ဆင်း ဆိုတဲ့စကားလေးတော့
ငါ့ဘ၀နဲ့ရင်းလို့ သင်ပေးခဲ့မယ်။
ဒီနည်းနဲ့ဒီလမ်းကိုလျှောက်ရတာ
ခေါင်းအုံးကလေးရေ....
ငါ့တိုးတိုးလေးတွေ သိမ်းထုပ်ထားပေး
ဒီထက်ဝေးသူတွေတောင်ဒီလောက်မဝေးနိုင်တော့
နှင်းဆီရိုးတံပေါ်မှာ ဆူးတွေ..
သိလား...ဆူးတွေ....
Right click ထောက်လိုက်တော့
နေကြာစေ့နှစ်စေ့
နားမလည်မှု
ဆေးလိပ်ပြာ
အမှန်တရား
အုံ့ပုန်းငို
viber
မြန်မာသဒ္ဒါ
ဆံပင်ရှည်ရှည်
မင်းကငါ့နာမည်ကို အသံထွက်မမှန်
ငါက မင်းနာမည်ကို အသံထွက်မမှန်
ဘာဖြစ်သေးလဲ။
ငါတို့သုံးယောက် လောကပင်လယ်ထဲရွက်လွှင့်ရအောင်
ငါရယ်၊မင်းရယ်၊သစ္စာတရားရယ်ပေါ့။
ဟိန်း
ဒါကြီး မရပ်မနားသွားနေတာ ရပ် အတူတွဲလာတိုင်း အချစ်မစစ် ချုပ်ကိုင်ထားတာကို ချိုချဉ်လို စုပ်မလား
တစ်နည်းနည်းနဲ့ စုပ်မလား ဗန်ဒီလည်း အလေးကြီး ငယ်သွားတယ် ခင်ဗျားလည်း အလေးကြီး ငယ်သွားတယ်
အားလုံးအလေးကြီး ငယ်သွားတယ် အငယ်ကြီး လေးသွားတယ် အငယ်ကြီး လေးသွားတယ် သေးသေး ကြီးကြီး လေးလေး ငယ်ငယ်သွားတယ်
မှားတယ် မှန်တယ်လို့ ပြောမရတာ မဟုတ်ဘူး ပြောမရတာ မရှိဘူး ဟပ်ချီ (ဟပ်) (ချီ) မှောင်ကြီးမည်းမည်းထဲ မတွေ့ ပွဲချင်း ပြီး
မသိခြင်းက စ ပွဲချင်း ပြီး မြစ်ရဲ့ အရိပ် (က) (ချင်) မျဉ်းတွေကို ဖြတ်ကျော်ပါရစေ အထက်ပါတို့မှာ အထက် အောက်ပါတို့မှာ အောက်
ဝဲသြဃတို့ကြား သြမလေး သေ မသေ ဘုရားတ အများယုံကြည်လက်ခံကျင့်သုံးနိုင်မယ့် အနာဂတ် ဂတ် ဂတ် ဂတ်
လည်တွေ လိမ်တယ် ကျမ်း ကြည့်စမ်း တစ်ခါတစ်ရံမှာ ငါ့နောက်ကျောကို စိုက်ဝင်လာမယ့် ဓားသွားကို မင်းဆေးခဲ့လိုက်စမ်း
လိုက်လာစမ်း နွေးနွေးထွေးထွေး အေးအေးငြိမ့်ငြိမ့်လေး ဓာတ်ပြား ဓာတ်လုံး လုံးလုံးပြားပြား ဖောင်းဖောင်းပါးပါး
မလှုပ် မလုပ်နဲ့ နာတာ မေး ရလား ခေါ် ပြောလား သန်းခေါင် တစ်ကောင် (တွေ) ငါတို့ သေ ငါတို့ သေ ဒါငါတို့ သေ
စိတ်ဆင့်ဆင့်ကျ ဆက်လက်လျှောက်လှမ်းနိုင်မယ့် မဟာဟန်ချက်ဗျူဟာ ကာယ ဉာဏ ခရီးစဉ် ၂၄
နောက်ဘ၀ဆိုတာ ရှိတယ် နောက် နောက် နောက် နောက် နောက် နောက်ဘ၀ဆိုတာ ရှိတယ် ရယ်မရ
မရဏကို တန်ဖိုးထားစေချင်တယ် စရဏကို တန်ဖိုးထားစေချင်တယ် အဏုမြူအရုဏ်
သေသေချာချာသုံးသပ်ပြီးမှ အိပ်ရာနိုးပါ လဟာ ပြောင်းတယ် နေဟာ ပြောင်းတယ် အရိပ်ဟာ ပြောင်းတယ် အရောင်ဟာ ပြောင်းတယ်
အသံဟာ ပြောင်းတယ် အရေပြားဟာ ပြောင်းတယ် အသွေးအသားပြောင်းတယ် ဘ၀ပြောင်းတယ် အားလုံးပြောင်းတယ်
လွန်ခဲ့တဲ့ အပြောင်းအလဲက နေ့လည်း ပြောင်း) သွားတယ် ပြောင်းတွေထဲ (က) နေ ကျည်ဆန်သွားတယ် အသားထဲကို ကျည်ဆန်သွားတယ်
ကျည်ဆန်တွေ သွားတယ် ဘာကျန် အဲဒီလိုတစ်နေ့တခြား ခြား ခြား တစ်နေ့ တခြား တစ်နေ့ (တစ်) (နေ့) (တစ်) (ည) တစ်လစ် တန်းလန်း ပင့်ကူအိမ်အမျှင်ခြားမပြတ်
ကျမ်း ကြည့်စမ်း ကြို့ထိုး ခေါင်းကိုက် အခေါင်းကို ကိုက် အခေါင်းကို ကိုက် နက်နက်ရှိုင်းရှိုင်း အခေါင်းကို ကိုက် ပလုံ ပလုံ ပလုံ ပလုံ
သရဲကွင်းဆက် ဒါလောင်မီးလား ပွင့်နေတဲ့ အိုးထဲက အရိုး အချက်အလက် ထိုးကော် ယားရင် ကုတ် ရက် ရော
သာယာမယ့် နေ့ ဆိုက်သေး ကြီး တော် မတော် နင်နဲ့ ငါအားလုံး ကြောင်ကျား (ကြောင်) (ကျား) သံချေးတက် စက်တစ်မျိုးမျိုး
ဗလုံးဗထွေး စကားသံ ဗလွတ်ဗလွတ် စကား ရူးနှမ်းစွာ ပြောသည့် စကား စမ်းရေတိုးဝှေ့ စီးသံ ဘရင်း ဘရင်း
ဦးနှောက်ပျက်နေသော အတ္တရည်ညွှန်းသုံးသည့် အစွဲ အလမ်း စုန်း ပို၍ တာရှည်ခံအောင် ခြစ်ခြုတ်သုံးတဲ့ ယင်းသို့ဖြင့် အသက်ဆက်နေရတဲ့
မောင့်လက်သီးကို နွမ်းနယ်စေတဲ့ အရိပ်များ မျက်နှာချင်းဆိုင် လိမ်းကျံ စုံစမ်းစစ်ဆေးရေး ကမ္ဘာ အရာရှိ ဘာကတော်
တန်ဆာပလာ ပျို့သည် ဦးချိုရှိသည့် အလွှာ အပြာနုနုမခွဲရ
ဆက်သွယ်ပါ အသက်များ ရယ်ရယ်မောမောဖိစီး အင်္ဂါအစိတ်အပိုင်း စ ဓ ဗ ၀ ဘ၀တစ်ပုဒ်ငြိမ်စေသော်ဝ်
ချိုချဉ်ကဲ့သို့မကွာ အတူစုပ်လိုက်ကြမယ် အချဉ်ရဲ့ အနောက်မှာ အချိုရှိပြန်လိမ့်မယ် ဇိမ်ရှိစွာ စိတ္တဇအကြိမ်ကြိမ်
စိုးမင်းအောင်
1:44 AM
1/20/2013
ပဒေသရာဇ်ခေတ်ကိုလွမ်းလို့တော့ မဟုတ်ဘူး
အတွေးလူးလွန့်တိုင်း
ရွှေကျိုင်းတလူလူနဲ့သဲဖြူ ၊ရာဇမတ်တွေကို တ,သမိ
မန္တလေးကို ခုထိ တမ်းမက်နေတုန်း ။
မသိမသာဝင်လုံးတဲ့လက်သီးပုန်းတွေအောက်
မန္တလေးဟာ ဒူးထောက်ခဲ့လေပြီလား
သွေးရဲသလား ပြသဖို့ထက်
အူမတောင့်ဖို့အရေးပေါ်အခြေအနေဖြစ်သွားခဲ့
သွေးအားလျော့နေတဲ့ မျိုးချစ်စိတ်ကို
ဘယ်လို ပြန်ကုစားကြမလဲ ။
နှလုံးသားတွေကို
အနာဂတ်ပြတင်းပေါက်တွေထိလှမ်းမြင်ခိုင်းထားပါ ။
မြန်မာလို ရိုးရိုးလေး မေးချင်တယ်
မြန်မာလို သွေးရဲရဲနဲ့ဖြေပေးနိုင်မလား
မန္တလေး ဘယ်ရောက်သွားလဲ..မေးလိုက်ပြီ ။
ဈေးချိုနားမှာလား..ဟင့်အင်း
မန္တလေးတောင်မှာလား ..မဟုတ်သေးဘူး
ကျုံးဘေးပတ်လည်လား..မတွေ့မိပါဘူး
ကန်တော်ကြီးမှာရော..မရှိတော့ဘူး
မြို့တွင်းမှာရောတွေ့သေးလား..တစ်ခါတစ်ရံပါပဲ
ဒါဆို မန္တလေးပျောက်ကြော်ငြာထည့်သင့်ပြီ ။
သူခိုးဆိုတိုင်းမျက်နှာဖုံးပါမယ်ချည်းမထင်နဲ့
အသွင်အပြင်ကိုပဲကြည့်မိလို့
နှစ်ခါမက နာခဲ့ပေါင်းများလှပေါ့ ။
ဖော့ဖော့တွေးရင် ရေးရေးပဲမြင်တာ သဘာဝ
ကျုပ်ကတော့
မန္တလေးကို မန္တလေးလိုပဲ ပြန်တွေ့ချင်တယ် ။
ခင်ဗျားတို့မြင်လိုက်လား
မန္တလေးကို တွေ့ရင်အကြောင်းကြားပေးပါ ။
အောင်ပင်လယ်မှာ လိုလို
ရန်ကင်းတောင်ဖက်မှာ လိုလို
မြရည်နန္ဒာမှာ လိုလို
မြို့ဟောင်း ဘူတာနားမှာ လိုလို
မန္တလေးကို တွေ့ရင် ပြောပေးပါ ။
နေညိုချိန်တိုင်း စက်ဘီးကိုယ်စီနင်းလို့
ထမင်းချိုင့် ပိန့်ပိန့်လေးတွေသယ်ဆောင်ရင်း
ရွှေခြေကျင်းမဲ့ခြေထောက်လေးတွေ
အိမ်ပြန်သွားကြမှာလား
အိမ်ပျံသွားကြတာလား ။
အဖြေစကားသဲ့သဲ့ကြားလိုက်မိ
မချိတင်ကဲ ဖြစ်ကျန်ခဲ့ရတာရင်နာလို့မဆုံးဘူး ။
နောက်ဆုံးရသတင်းလွှာကို
ကဗျာခေါင်းစဉ်မှာ တင်ထားလိုက်ရတယ် ။ ။
. .ရတုသစ်
ဆေးရုံကြောရုံby Lynn Zinyaw on Wednesday, January 16, 2013 at 12:11am ·
ဒီမြို့မှာ ပြည်သူ့ဆေးရုံ
နှစ်ရုံပဲရှိတယ်
ဒီဆေးရုံမှာ
အပေါ်ထပ်နဲ့
အောက်ထပ် နှစ်ထပ်ပဲရှိတယ်
ဒီဆေးရုံမှာ မိန်းမလူနာနဲ့ ကလေးလူနာ နှစ်မျိုးပဲရှိတယ်
ဒီဆေးရုံမှာ လူနာရဲ့ရောဂါမှတ်မိတဲ့ဆရာဝန်နဲ့ လူနာရဲ့နာမည်မှတ်မိတဲ့ဆရာဝန် နှစ်မျိုးပဲရှိတယ်
အရေးကြီးတာက ရေးဖို့ ခြစ်ဖို့ မှတ်ဖို့ သားဖို့ ဘောပင်မပျောက်စေဖို့
ဂျူတီနေ့ဆိုရင် ညနေလေးနာရီနောက်ပိုင်း တစ်ဆေးရုံလုံး ကိုယ်ပိုင်သွားပြီ ဖုန်းခေါ်သံကြားရင်
ရောက်တဲ့နေရာက စားတဲ့နေရာက အိပ်တဲ့နေရာက အမြန်ပြေးလာပါ ရင်ဆိုင်ရတဲ့ ပြဿနာတွေမှာ
အသက်တစ်ချောင်းထက်မက ပိုနေတတ်လို့ အပေါ်ထပ်ကဆင့်ခေါ်ရင် အပေါ်ကိုပြေးတက်လိုက်
အောက်ထပ်ကဆင့်ခေါ်ရင် အောက်ကိုပြေးဆင်းလိုက် အရုပ်ပြလို့မှမတိတ်ရင် မုန့်ပြလို့မှမတိတ်ရင်
ကလေးအငိုတိတ်အောင် အရိပ်အယောင်ပြမယ်မထင်နဲ့ ဒါပဲ ရမယ်
(ဆေးထိုးအပ်ကြီးကြီးတစ်ချောင်းမြှောက်ပြလျက်)
ကလေးတွေအတွက် ဦးဦးဆရာဝန်က ကြောက်စရာ
သူ့ရာသီရောက်လာပြီဆိုတော့လည်း တစ်ခန်းလုံး ရှောဘရားသားနဲ့ ပန်းသခင်မတွေချည်းပဲ
ကလေးကသေးသေးလေးဆိုတော့ လက်မနှစ်ချောင်း ဒါမှမဟုတ် လက်ညှိုးနဲ့လက်ခလယ်နှစ်ချောင်းပူးပြီး
ရင်ဘတ်ကိုဖိဖိပေးရတယ်
           One-and-Two-and-Three-and-Breath…
           One-and-Two-and-Three-and-Breath…
လက်အိတ်ဝတ်ရက်တန်းလန်း ကလေးမွေးရက်တန်းလန်း အပ်နဲ့အပ်ချည်တန်းလန်း အောက်ဆီဂျင်တန်းလန်း
သွေးသွင်းပိုက်တန်းလန်း ဆီးချူပိုက်တန်းလန်း အရေးပေါ်လာရင် လုပ်လက်စတွေခဏရပ်
ပြီး လေးညှို့သံနားထောင် ပြီးတော့မှ ညောင်သီးစားသင့်မစားသင့်ဆုံးဖြတ်
ဆေးရုံပေါ်တီကိုအောက်ကို ကားကြီးတစ်စင်း ဝူး…ခနဲ ထိုးရပ်လိုက်တဲ့အသံ
မဟုတ်ပါဘူး သောက်ရေသန့်လာပို့တဲ့ ကားကြီးပါ
ကားနဲ့လာတိုင်းလည်း ရင်တုန်/ရင်ခုန်စရာမလိုပါ လမ်းလျှောက်လာတိုင်းလည်း ပေါ့ပေါ့ပါးပါး
မဟုတ်ပါ မပေါ့မပါး ဟိုးဆရာ လုပ်လက်စတွေခဏရပ် အထဲမှာ နောက်တစ်ယောက်
ကလေးများလို့ဆင်းရဲတာလား ဆင်းရဲလို့ကလေးများတာလား
မျိုးဆက်ပွားဦးမှာလား သားဆက်ခြားတော့မှာလား အသက်လေးဆယ်
သွေးပေါင်ချိန်တိုင်းမရတော့ဘူး ခုတင်ခြေရင်းမြှောက် ဆေးဗူးကြီးတွေညှစ်ချ အကြောမြန်မြန်ရှာ
လူစင်စစ်က ဗန်ပိုင်းယား ဖြစ်နေပြီ ဖြူဖတ်ဖြူရော်
စရိတ်မျှပေးပါ စရိတ်အကုန်မပေးနိုင်ပါ ကိစ္စမရှိဘူးဆရာ
လယ်တွေ နွားတွေ ပေါင်လာတယ်
ခုတင်တွေမလောက်ရင် ကြားခုတင်ခဏထိုး ရှယ်ခန်းထဲလည်း ပြည့်နေပြီ
ဗမာလိုနားမလည်ဘူးလား ပေါ့ကညောလား အော့မေဝီးယား
ရွာမှာမမွေးနိုင်လို့ လှေနဲ့တက်လာတာလား ဆယ့်တစ်ယောက်မြောက်ကလေးကျမှ
(ခက်)နေရသလား ကလေးကတော့ မရတော့ဘူး အမေကိုပဲ
မမွေးခင်ကတည်းက သေနေတဲ့လူကို မွေးစာရင်းထဲထည့်ရမှာလား သေစာရင်းထဲထည့်ရမှာလား
တစ်ညလုံးကလေးမွေးပြီး မနက်အိမ်ပြန်တဲ့အခါ တစ်ကိုယ်လုံးရေမွှာ(ရေမွှေးမဟုတ်)နံ့တွေနဲ့
              ညှီ
တစ်ခါတစ်ခါ လူ့အသက်ကယ်ရတာ ဝမ်းသာစရာ
တစ်ခါတစ်ခါ လုပ်ချင်ဦး (Snare သီချင်းထဲကလို)
ကလင်…ကလင်…
ဟယ်လို အရေးပေါ်အစည်းအဝေး ချက်ချင်း
ဟယ်လို လချုပ်အချိန်မီပို့ ချက်ချင်း
ဟယ်လို လူကြီးမင်းလာမည် တန်းမဖြုတ်မချင်း အိမ်မပြန်ရ
ဟယ်လို အပေါ်ထပ်ကလား ကျွန်တော်အောက်ထပ်ကိုခေါ်တာပါ
ဟယ်လို အောက်ထပ်ကလား ကျွန်တော်အပေါ်ထပ်ကိုခေါ်တာပါ
ဟယ်လို ဟယ်လို ဟယ်လို ဟယ်လို လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ
လုပ်ချင်ဦး လုပ်ချင်ဦး လုပ်ချင်ဦး
ဟုတ်ကဲ့ အရေးကြီးတာက
ဆေးဆက်သောက်ရန်ရေးဖို့ ဘယ်နေ့ပြန်လာပြန်ရန်ရေးဖို့ ယောက်ျားနှင့်လေးဆယ့်ငါးရက်
ရှောင်ရန်ရေးဖို့ သုံးလတစ်ခါသားခြားဆေးထိုးရန်ရေးဖို့ အမေနို့တစ်မျိုးတည်းခြောက်လအထိတိုက်ရန်
ရေးဖို့ ဗိုက်နာ/ရေဆင်း/သွေးဆင်းလျှင် ချက်ချင်းဆေးရုံတက်ရန်ရေးဖို့ သားကြောဖြတ်လျှောက်လွှာတင်ရန်
ရေးဖို့ အရေးပေါ်ခွဲစိတ်ခန်းဝင်ရန်ရေးဖို့ နောက်ဆုံးအစာစားထားချိန်ရေးဖို့ အစီရင်ခံစာစာအုပ်မှာလက်မှတ်ထိုးဖို့ ဆေးရုံတက်/ဆင်းစာရွက်မှာလက်မှတ်ထိုးဖို့ နှလုံးဆက်မခုန် အသက်ဆက်မရှူတော့ကြောင်းလက်မှတ်ထိုးဖို့ ဘောပင်
မပျောက်စေဖို့
ပြီးရင်တော့
သွေးဂျိုး(ချိုး)တွေကပ်နေတဲ့ လက်နှစ်ဖက်ကို ရေပိုက်ခေါင်းအောက်မှာ ဆပ်ပြာမွှေးနဲ့
အသာအယာပွတ်ခွာဆေးကြောရင်း
၂၀၁၃၊ ဇန်နဝါရီ။
ဝန်ခံချက် - Snare ၏ “လုပ်ချင်ဦး” စကားလုံးကို ခွင့်ပြုချက်မရဘဲ အသုံးပြုထားပါသည်။
မမအလင်္ကာ/မောင်နိုင်လင်း(ကောလင်း)by Maung Naing Lin on Tuesday, December 25, 2012 at 10:22pm ·(၁)
နှင်းမိုးတို့ရေ
တိုးတိုးလေး ရွာကြပါကွယ်
ဗန်ဒါရွက်ကြွေလေးတွေပေါ်ကျတဲ့
မင်းတို့အသံ
ဟိုမှာ
ဂီတပန်ထားတဲ့ပန်းကလေး လန့်သွားမှာစိုးလို့။
ခွေးခြေခုံအဝါလေးပေါ်က
လွင့်ကျသွားတဲ့မြတ်နိုးခြင်းဟာ
ဗန်ဒါပင်ခြေရင်းမှာ လည်စင်းလို့
သူငယ်ချင်းတို့
စကားကို အဝေးပြော မပြောကြနဲ့ကွာ
ငါ
ကဗျာတစ်ပုဒ်ကို ငေးနေတယ်လေ။
မထင်မှတ်ပဲ
ကျွန်တော့်မြင်ကွင်းထဲ ဝင်လာတဲ့သံစဉ်
ပီုပြင်လွန်းတဲ့စုတ်ချက်နဲ့ပန်းချီကား
ဖြတ်သွားတဲ့ဆိုင်ကယ်မီးရောင်မှာ
သူယောင်မယ်အပြုံးနဲ့ညှို့လို့
မမ မို့ အပြုံးလေးပွင့်ရင်
ကျွန်တော့်ရင်မှာ လွင့်နေအောင်ခါရတယ်။
(၂)
ထိုင်ပါ
ထပါ
ပြုံးပါ
လမ်းလျှောက်ပါ
မမ လက်ထဲက မြေဖြူခဲလေးဟာ
ငါ့အိပ်မက်
မမ လက်ထဲက ဆွယ်တာလေးဟာ
ငါ့အနာဂတ်
ရပ်ပြီးမှ ဆက်စီးသွားတဲ့မြစ်ဆိုတာ
အချစ်မှာ မရှိဘူး။
(၃)
အင်တာနက်
E mail
ဝေးလွန်းတဲ့ဘာသာစကားတွေကို
ငါ နားမလည်ဘူး။
ရွှေဈေး
ကားဈေး
ငါ့ကို လာမမေးကြပါနဲ့
ငါရေးတဲ့ကဗျာမှာ
ငါ့အတွေးရှိတယ်
ငါ့အတွေးမှာ မမ ရှိတယ်။
ဟော့ !
ကြည့်စမ်း
မမ လမ်းလျှောက်လာပုံလေးက
ပန်းလေးတစ်ပွင့် ပွင့်လာသလိုပဲ
ဝတ်ထားတဲ့ဆွယ်တာနီညိုလေးကို ခါးဆွဲချ
ဆိုင်ရှေ့မှာ မမ ရပ်လိုက်ပြီ။
ရီချင်လည်း ရီပါ
လှောင်ချင်လည်း လှောင်ပါ
ကျွန်တော်ပြောတဲ့ အကြောင်းတွေထဲ
မမရဲ့
မျက်စောင်းလေးလည်းပါဦးမယ်။
နောက်ပြီး
နီးရက်နဲ့ ဝေးနေရတဲ့ ခရီးတော်အကြောင်း
မြင်နေရက်နဲ့မသိကြတဲ့သူစိမ်းတွေအကြောင်း
......................အကြောင်း။
(၄)
တောင်တန်းတွေ တည်ငြိမ်သလို
မမတည်ငြိမ်လွန်းလှရဲ့။
မမခြုံထားတဲ့
ခမ်းနားမှုဝတ်ရုံရဲ့အရိုက်အခတ်မှာ
ကျွန်တော့်မျှော်လင့်ခြင်းကြယ်တွေ
တဖျတ်ဖျတ်ကြွေခဲ့ရတာ တိတ်ဆိတ်လွန်းနေတယ်။
မမရေ
ကမ္ဘ္ဘာမြေကိုယ်တိုင်က
မြတ်မြတ်နိုးနိုးပန်ဆင်ထားရတဲ့
ပန်းတစ်ပွင့်လို
လှပသန့်စင်လွန်းတယ်။
မမအလှတရားရဲ့ဆံနွယ်မျှင်တွေမှာ
ငါ့သံယောဇဉ်တွေ ကသီကဝေငြိတွယ်နေရ
ဘဝက အန္ဓဆန်လွန်းတယ်။
ဘာဖြစ်ဖြစ်လေ
ဘူတာကထွက်ခွါချင်နေတဲ့ရထားဆိုတာ
ဥသြခပ်နာနာဆွဲပြရတာပဲ။
(၅)
စိမ်းညို့နေတဲ့သစ်ပင်တောအုပ်လို
ကျွန်တော့်ကို အရိပ်ခိုခွင့်ပြုပါ
တိတ်ဆိတ်နေတဲ့ညတိုင်းဟာ
ကျွန်တော့်အတွက်တော့
ဆူညံနေတဲ့နှလုံးသားပါပဲ
မမျှော်လင့်ရဲပေမယ့်
နှင်းတွေထဲမှာ ခြေရာထင်မလားလို့
ကျွန်တော့်အတွေးတွေ မှိုင်းစို့နေရပြီ။
တောင်ခိုးတွေ ဘယ်လိုဝေကြသလဲနော်
အမြဲတမ်းလွမ်းဆွတ်ခွင့်တွေက
ကျွန်တော့်အပေါ် တသဲသဲရွာချလို့
ကျွန်တော့်အတွက်တော့
မမမို့ပဲ ကဗျာဆန်နေခဲ့တာလေ
စေတန်ရဲ့လက်တွေကိုရိုက်ချိုး
မမကို ထီးမိုးခွင့်ပြုပါ။
လရောင်ကကွက်တွေနဲ့
မမ ငါ့ကို အိပ်ပျက်စေခဲ့တာ ကြာပြီ
ငါကလည်း
တစ်ယောက်တည်းထိုင်ပြီး ဖူးတဲ့အချစ်နဲ့
မမ အိပ်မက်တွေကို သိမ်းပစ်ချင်မိတယ်။
အတွေးနဲ့ဆွဲတဲ့ စိတ်ကူးထဲမှာတောင်
မမရဲ့
မျက်တောင်ခတ်သံတလွင်လွင်ရာသီရှိရာ
အရောက်သွားချင်တဲ့ ငါပါ။
(၆)
ကြယ်တွေကြွေတဲ့အခါ
တစ်ခြားသူတွေ
ဘာကို ဆုတောင်းကြသလဲ။
ကျွန်တော်ကတော့
မမ ရွာချမယ့်မိုးတစ်စက်လောက်ဖြစ်ဖြစ်
ကျွန်တော့်ကို ရွှဲစိုရစ်ပါစေလို့
ဆုတောင်းတယ်။
ဝယ်ယူမရတဲ့ချစ်ခြင်းတရားကို
ကျွန်တော့်နှလုံးသားသစ္စာနဲ့ မျှားမယ်။
ကြည့်ရင်း
သီချင်းသံနားထောင်ရင်းမှာ
မမ ဆွယ်တာလေးတစ်ထည် လဲလိုက်ပြန်ပါပြီ။
မမ ခေါင်းမော့လိုက်တဲ့အခါ
ငါ့ကမ္ဘ္ဘာထဲ အလင်းတွေပြိုတယ်
မမ မျက်ဝန်းတွေ ဝေ့ဝဲလာတဲ့အခါ
ငါ့ရင်ထဲမှာ တေးသံစုံတယ်
မမ ခေါင်းငုံ့လိုက်တဲ့အခါ
နဖူးပေါ်ဝဲကျလာတဲ့ ဆံနွယ်
ငါ့အိပ်မက်ကို ဝယ်သွားတဲ့နှုတ်ခမ်း
အလွမ်းဆိုတာလည်း
ပန်းကလေး တစ်ပွင့်ပါပဲ။
(၇)
ဒီနေ့
မမ ဖိနပ်အသစ် စီးလာတယ်
ခေါင်းစီးကြိုးအသစ် ပြောင်းလာတယ်
ဘေးတစ်စောင်းမြင်ရတဲ့ အနေအထားမှာ
မမ အလုပ်များနေတယ်
မမ
ကျွန်တော့်ရဲ့ မမ လေ
ဆိုင်ခန်းလေးရှေ့
ပလပ်စတစ်ခွေခြေထိုင်ခုံပုလေးပေါ်မှာ
ဆွယ်တာဝါဝါလေးကို ဝတ်ဆင်လို့
မမ အေးနေမလား
မမ ချမ်းနေမလား
စိုးရိမ်မှုက အဝေးပြေးကားပါပဲ။
စဉ်းစားရင်းပူလောင်
မျှော်တော်ယောင်ကျွန်တော့်မျက်ဝန်းလေး
ရီဝေဝေ
ဗန်ဒါရွက်တွေ ကြွေတုန်းပဲဆိုတာ
ဘယ်သူမှ လာပြောပြဖို့ မလိုပါဘူး။
(၈)
မီးပျက်နေတဲ့ညမို့
လရောင်က ပိုလို့လင်းမြ
မမ
ငါ့ မမ
ဓနအင်းအားပြကိရိယာ
mobil handsetလေးကိုင်ကာ ခေါင်းငဲ့ပြောရင်း
အမှောင်ထဲ
အလင်းတွေ ခြွေချနေလိုက်တာ
ငါ
တစ်ကိုယ်ရေ တစ်ကာယ ထိုင်ငေးရင်း
ကဗျာလေးတွေပဲ ကြွေဆင်းနေမိတယ်။
ဒီရေတက်ချိန်မှာ
မျောပါလာတဲ့အမှိုက်တစ်စလို
ကျွန်တော့်ကို သတ်မှတ်ပါ။
ဘဂ္ဂဒက်မှာ
ဘော့စနီးယားမှာ
သေနတ်သံတွေ ဆူညံနေဆဲဆိုပေမယ့်
ကျွန်တော့်ရင်ထဲမှာလောက်
ပေါက်ကွဲအား ပြင်းထန်မှာ မဟုတ်ဘူး။
ဟိုတစ်နေ့က
လမ်းမပေါ်မှာ
ကျောင်းကပြန်လာတဲ့ မမနဲ့ တွေ့တယ်။
မမအကြည့်က
ဘာသာဗေဒတစ်ခု
မိုးဥတုရှိနေရက်သားနဲ့
ဆောင်းညနက်နက်တွေကို ဘာလို့တမ်းမက်သလဲ
ကျွန်တော် ဒီလိုပဲ ခံစားရတယ်။
ညတိုင်းထိုင်ငေးတော့
နေရတာ လေးလံမွန်းကြပ်တယ်
ကျွန်တော် ဒီလိုပဲ ခံစားရတယ်။
ယဉ်ကျေးတဲ့အကြည့်တွေပါဆိုတော့လည်း
မယဉ်ကျေးတဲ့ အပြုအမူပဲတဲ့
ကျွန်တော် ဒီလိုပဲ ခံစားရတယ်။
ကမ္ဘ္ဘာကြီးမှာ
သေသူရှင်သူ မကွဲပြားသလို
ကြည့်သူ မကြည့်သူလည်း မကွဲပြားဘူး
မြင်ရခြင်း မမြင်ရခြင်း မကွဲပြားဘူး
ကျွန်တော် ဒီလိုပဲ ခံစားရတယ်။
ခံစားမှုဆိုတာ
သီချင်းအကျယ်ကြီး အော်ဆိုတတ်သလို
တမျှင်းမျှင်းတိတ်တဆိတ် စီးဆင်းတတ်တဲ့ မြစ်
ဖြစ်ပြီးရင်တော့ ပျက်ကြစမြဲ။
(၉)
``ငယ်သေးတဲ့အချစ်မို့ မလေးစားတာလား ပြောပါ´´
လွင့်ပျံလာတဲ့သီချင်းသံမှာလည်း
ဂမ္ဘ္ဘီရဆန်တဲ့အရောင်တွေ ကွဲအက်လို့
ကျွန်တော်တို့ဟာ သူစိမ်းတွေပါ မမရယ်။
မမ တွေးထင်ထားသလို
ကျွန်တော်ဟာ လူရှုပ်လေးတစ်ယောက်ပါ
ဆေးလိပ်မီးတဖွါးဖွါးနဲ့
စကားကြီးစကားကျယ်တွေ ပြောတတ်တဲ့ကောင်ပါ
သူတစ်ပါးရဲ့အိနြေ္ဒင်္ကို
အကြည့်တွေနဲ့ နှောင့်ယှက်တတ်သူပါ။
တစ်ခါခါတော့လည်း
ကျွန်တော်က
မမအတွက် ဟာသလေးတစ်ခု ဖြစ်နေမယ်
အပျင်းပြေပြောစရာအကြောင်းလေးဖြစ်နေမယ်
စိတ်ပြေလက်ပျောက်
ပတ်ဝန်းကျင်ကို မမ လျှောက်ကြည့်တဲ့အခါ
လှောင်ရီစရာ သတ္တဝါလေးဖြစ်နေမယ်
ကျွန်တော် ဒီလိုပဲ ခံစားရတယ်။
အားငယ်မှုဆိုတာ
ဖိတ်စာမလိုပဲ ရောက်လာတတ်တဲ့ဧည့်သည်
သံသရာ လည်သရွေ့
အခုလို အဝေးက ငေးနေရဦးမယ့်ဘဝ
မမ ရေ....။
(၁၀)
ငါ့အတွက် မဖြူတဲ့နှင်းတို့ရေ
ဒိုင်ယာရီထဲမှာ အကြည့်တွေ သေလို့
လွမ်းဖို့ လူဖြစ်လာခဲ့ရတဲ့ကောင်
မမ အိမ်ပြန်ချိန်တွေဆို
တစ်မိုးလုံး မှောင်တယ်။
၁ယ/.....
ဆိုင်ကယ်နောက်က မီးနီလေး
ဝေးသွားပါပြီ။
ထားခဲ့ပါတော့
ထားခဲ့ပြီဆိုတဲ့အတွေး မရှိပါပဲ
ငါ့ကို ထားခဲ့ပါတော့။
ချန်ခဲ့ပါတော့
ချန်ခဲ့ပြီဆိုတဲ့အတွေး မရှိပါပဲ
ငါ့ကို ချန်ခဲ့ပါတော့။
တကယ်တမ်းတော့
ငါဟာ
မမရဲ့အတွေးထဲမှာတောင်
အရိပ်အယောင်လေးမျှ ပါခွင့်မရတဲ့ကောင်ပါ။
အခုတော့
အင်ဂျင်နီယာဘာသာရပ်များ
ခေတ်ပေါ် ဂန္တဝင် အငြင်းအခုန်များ
လစဉ်ထုတ်မဂ္ဂဇင်းများ
အတိတ်များ
အနာဂတ်များ
အားလုံးဟာ မှုန်ဝါးသွားတဲ့ လိပ်စာတွေပေါ့။
(၁၁)
မြင်တွေ့နေကျ
မမရဲ့မျက်နှာတည်တည်လေး
အခု ဝေးနေတယ်။
အတားအဆီးက
ပဉ္စလက်ပြနေတဲ့ပုဝါ
အကာအကွယ်က
ဝယ်ယူမှုရဲ့အပြုံးများ
စကားမဲ့စွာတိတ်ဆိတ်လွမ်းဆွတ်
ဒီဝဋ်ကြွေးကို
ဘယ်သူမှ ချွတ်မပေးနိုင်ဘူး။
စိမ်းကားပွင့်ဝေမှုအတတ်တွေနဲ့
လတ်ဆတ်လင်းမြနေတဲ့ ည
ရင်ထဲမှာ
မီးတောင်ဝတ်လွှာတွေ ဖြာချနေသလိုမျိုး
ငါ့မျက်ရည်တာရိုးလေးကျိုးခဲ့
အတွေးထဲမှာ
အိမ်ရာအတည်တကျမရှိသူလို
လွင့်ပါခဲ့။
စိတ်ထဲမှိုင်းဝေညိုဖျ
ငါ့မျက်ဝန်းက
ငါ့ကို တစ်ကျွန်းချတဲ့ ပြစ်ဒဏ်
ငါ့အကြည့်က
ငါ့ကို တညီးညီးတောက်လောင်နေတဲ့မီး
အမျှော်ခရီးမှာ
အလွမ်းစီးကြောင်းက ရှည်လွန်းတယ်။
(၁၂)
အလှတရားကို
ဘဝခြားတဲ့အထိ ပိုင်ဆိုင်သွားဖို့
မောင်းလက်စ ကားကို ရပ်လိုက်ပြီ။
မမရေ
ဆံနွယ်ရှည်တွေ အသာချ
ဒီထက်ပိုလှပါ။
မမျှော်သင့်တဲ့အိပ်မက်
အဖြေမထွက်မယ့် မင်နီရဲရဲပုစ္ဆာ
ကျွန်တော်ဆုတ်ခွါရာလမ်းမှာလည်း
ဘရားအဆူဆူနဲ့ လွဲခဲ့ပြီးသား ဘဝဟာ
သောကတွေ ထူထပ်နေပါလိမ့်မယ်။
အလှတည်ရှိရာခန္ဓာ
ကျွန်တော် မလိုပါဘူး
အစကတည်းက
အလှသက်သက်ကိုသာ ချစ်မက်ညွှတ်တိမ်း
ဒီရနံ့ကိုပဲ ကျွန်တော် သိမ်းထားပါ့မယ်။
တပင်တိုင်ကောင်းကင်စိမ်းရဲ့
အပြုံးတွေ လိမ်းကျံထားတဲ့ ပုံလွှာ
ဘဒ္ဒကမ္ဘ္ဘာအဆုံးတည်စေတော့။
အသိတရားကိုမြှင့်တင်ရင်း
ည မရင့်ခင်ကတည်းက
အလွမ်းနင့်နေရတဲ့ နှင်း
ဟိုး အရှေ့မှာ အလင်းရောင် လာပြီ။
(၁၃)
မမရေ
မမရေ
မမရေ
ငါ့ခေါ်သံတွေရင်ထဲလွင့်ပျံ
လောကဓံကို ပြန်စိန်ခေါ်ဖို့
မှုန်ပြာလဲ့ဝေနေတဲ့ညမှာ
ငါ ကဗျာတစ်ပုဒ်ကို ရေးခဲ့တယ်။
ပျံ့မွှေးပါလာတဲ့မျက်ရည်ရနံ့တွေ
ဘယ်သူတွေသိနိုင်မှာလဲ။
လရောင်မှာပြိုတဲ့နှင်းတွေ
မမ မျက်နှာလေးကို တိုးသက်တဲ့အခါ
အထီးကျန်တောအုပ်မှာ
မိုးကုတ်စက်ဝိုင်းကို နမ်းမရတဲ့ကောင်လေး
အလွမ်းအဆွေးနဲ့ ငေးနေပါလိမ့်မယ်။
ချစ်သူကို မြတ်နိုးရုံသက်သက်
အဖြူရောင်အိပ်မက်တွေ မက်မိတဲ့ လူငယ်
ဘယ်သူမှ မသိပဲ ရှင်သန်ခဲ့ပြီး
ဘယ်သူမှ မသိပဲ သေဆုံးသွားပါလိမ့်မယ်။
မြို့ကလေးရဲ့ရာဇဝင်မှာ
ဘယ်သူမှ အက္ခရာမတင်ခဲ့တဲ့အကြောင်းတစ်ခု
ဆောင်းဥတုရဲ့ညများထဲမှာ ဝင်းပြက်ကြွေလွင့်
လူငယ်တစ်ယောက်ရဲ့မျက်ဝန်းတွေ အဆိပ်သင့်ခဲ့ပြီ။
(၁၄)
မြောက်ဝင်ရိုးစွန်းညများထဲ
ပတ္တမြားလိုစူးရဲတောက်ပနေတဲ့
မမ
ပတ္တမြားလို အဖိုးထိုက်တန်လွန်းတဲ့
မမ
ထာဝစဉ်ငြိမ်းချမ်းအေးမြပါစေသား။
မိုးလင်းစနံနက်ခင်းတွေတိုင်း
အပျော်လှိုင်းတို့ဖြင့် ဆင့်ဆင့်ဝေစီ
ထာဝစဉ်ရီမော ရွှင်ပြပါစေသား။
ဒဏ်ရာတွေကို ဖွက်ထားတဲ့ နှလုံးသားနဲ့
ကျွန်တော် ဆုတောင်းပေးထားခဲ့မယ်။
အပြစ်ရှိလျှင် ခွင့်လွှတ်ပါ
ဒါမှမဟုတ်
ခွင့်ပြုပါ။
သိပ်သည်းပြာမှိုင်းနေတဲ့ ကဝေနှင်းထုထဲမှာ
ဥတုမှားပြီး ပွင့်ခဲ့တဲ့ ပန်းတစ်ပွင့်
မြောက်ပြန်လေအပင့်မှာပဲ
လွင့်ကြွေစဲခဲ့ပါပြီ။
ဘာမျှော်ကိုးမှုမှ မပါတဲ့
မြတ်နိုးခြင်းဂီတတွေလည်း
လောကဓမ္မနဲ့အတူ
အလံထူခွင့် ရုပ်သိမ်းခံလိုက်ရပါပြီ။
(၁၅)
မမရေ
စိတ်လက်ကြည်သာ
သွားလာလှုပ်ရှားနေပါတော့
လွတ်လပ်ပေါ့ပါးစွာ
နားနေရွှင်ပျပါစေတော့။
နတ်ဆိုးတစ်ကောင်ရဲ့
အလိုက်မသိ မယဉ်ကျေးမှုတွေဟာ
ပတ္တမြားတစ်ပွင့်ရဲ့
အဖိုးထိုက်ကြီးမြင့်သန့်စင်မှုတွေအတွက်
တည်ငြိမ်အိနြေ္ဒရင့်ကျက်မှုတွေအတွက်
ကိုယ့်အိပ်မက်ကို
ကိုယ်တိုင်ပြန်ရက်စက်လိုက်ပါပြီ။
ချစ်သော မမ ရေ
ကျွန်တော့်မျက်ဝန်းစကားတွေလည်း
ကြားခံနယ် လေထုထဲမှာပဲ
လွင့်ဝဲပျောက်ကွယ်သွားစေတော့
လေထုထဲမှာပဲ
လွင့်ဝဲပျောက်ကွယ်သွားကြပါစေတော့။ ။
မောင်နိုင်လင်း(ကောလင်း)
၁၈။၁။၂၀၀၄
ကောလင်းမြို့
ခေတ်သစ်တောင်းပန်ခန်းby Lululattyar Yar on Thursday, January 10, 2013 at 11:27pm ·
အပြစ်တွေ        အပြစ်တွေ
မင်းအပြစ်လား         ငါ့အပြစ်လား                   ရိုးစွပ်မရနိုင်အောင်
ဘုရားသခင်နေမထိထိုင်မသာဖြစ်ရတဲ့အထိ
လှေနှင့်ရေ     ကြွေအံကစားရင်း               ငြိခဲ့ကြသည်
္ကဤတော    ဤတောင်          ဤအခါသမယ
ချွန်မြမြနူတ်ခမ်းတစုံပေါ်
မြေစမ်းခရမ်းပျိုးခဲ့ကြသည်
နေ့ သည်         မင့်အရာ၌               ညဖြစ်၍
ညသည်           ငါ့အရာ၌                 နေ့ ချင်းပြန်ရောက်
တထောက်မှမနားခဲ့သောအနမ်းများဖြင့်        ခရီးပေါက်ခဲ့ဘူးသည်
အလွှာတိုင်းတွင်         အပါးဆုံး
ထုနှင့်ထည်တွင်           အသိပ်သည်းဆုံး
မြစ်          ချောင်း            ကမ်းပါး               လေညှင်း                   တိမ်ဝါ                  အမိုက်မဲဆုံး
သိမ်းစွန်ကဲ့သို့            အလှစ်ဆုံး                 ချဉ်းနင်းဝင်ရောက်ခဲ့သူတို့ နှစ်ဦး
ရူးမတတ်
တဦးနှင့်တဦး ထူးခတ်ထားသည်အထိ မြိနေအောင်သွေးခဲ့ဘူးသည်
အရယ်         အပြုံး                  မဆုံးခဲ့သောသံသရာဆိုထုံး
ကဗျာဆရာ၏ခေါင်းအုံးအောက်မှနှိုက်ထုတ်ခဲ့သော
ဓါး               အိမ်         နှင့်                 ယာ
ဖုန်းဆိုးတော
ပတ်ကြားအက်သော မြေနိမ့်ရပ်များ
ထပ်ပြန်တလဲလဲ စိုက်အပ်ခဲ့သောလှံချက်များ
ဖြတ်သန်းခဲ့ဘူးသည်
မြစ်ရူးရူးသူတယောက်၏ ပင်လယ်ဆီသို့       ညဉ်းတွားသံ
တောင်ကမ်းပါးယံကို အဖျားခတ်၍ထွက်ကျလာခဲ့
နေ့  နှင့်  နာမ်
ပညတ်ချက် နှင့်     သညာ
နွေ မှာရွာသည့်မိုးနှင့်     ပဒုမ္မာကြာသူ့ ဆံနွယ်ရိုး
ခိုးသူ့ ရင်မှာ    သူခိုးခဲ့ပါသည်ဟု               ဘယ်တော့မှမပြော
ဖြစ်တည်မှုများပဓာနကျလွန်းခဲ့၍လားမသိဟု      သူစောကြော
မျှောလိုက်ပါသည့်       မျှောလိုက်ပါ
မျှော်သူ့ ၇င်မှာပြန်ဆုံဘို့          ဘယ်သူ့ ၇င်မှ            သူ              ရုန်းလို့ 
အရင်တုန်းကလို          ရင်စို့ စို့                  ရင်စို့ စို့ 
မင်းရင်စို့ စို့ ကို        ကိုယ့်အူအတက်နှင့်ဘဲ                  ဖောက်ချင်ပါသည်ခင်
နှင်တံကိုလည်း       မင်းဘဲယူပါ
သည်နွားတရှဉ်း       မင်းဘဲယူပါ
အိမ်ရှေ့လယ်တပြင်     အဲဒါလည်း                မင်းဘဲယူပါ
အို  ဘယ့်သူခိုး       ၄င်းနှင့်ဆက်စပ်ပစ္စည်း          အားလုံး                 အားလုံး
မင်းဘဲယူပါ
ငါ ခုံမင်သော -
ချစ်သူ၏ ရယ်သံတစွက်
မြက်ဖျာတချပ်နှင့်  ဂစ်တာတလက်
အိုမာခရမ်၏မပါမဖြစ် ၀ိုင်တခွက် နှင့်
ဆက်သွယ်ရန် ဖေ့စ်ဘုတ်အကောင့် အက်ဒ၇က်စ်
ငါတို့ နှစ်ယောက်အတွက်         ထားခဲ့ပေးပါ
သက်သက်မဲ့
မိုးသည်       မြေမှတက်၍          သူ့ ကိုယ်သူ ကမ္ဘာဟု မေ့မတတ်
မင်းကိုချဉ်ချင်းတပ်ခဲ့ရသည်
ကမ္ဘာ -        ကမ္ဘာသည်         သူ့ ကိုယ်သူ   လည်၍လည်မှန်းမသိ
မလည်မဖြစ်၍သာ လည်လိုက်ရသည်
မင်းကျန်ရစ်မှာ      စိုးထိတ်ပါသည်                   ခင်........။ ..............။
လူလူလက်ျာ
၁၀.၁.၂၀၁၃
၁၁း၃၀ ( ည )
လေမတိုက်ပဲလှုပ်သွားတယ်သဘာဝတူးဖော်ရေးနောက်ဆုံးထွက်ဗားရှင်းby Phycho Terry on Saturday, December 29, 2012 at 12:19pm ·
မောနင်းကိုမောမောနဲ့စီခနဲကြားလိုက်ရတဲ့အသံရဲ့နောက်ကောက်ပဲသီးနှံတွေပေါများပါစေ
လိုက်ခဲ့မှားလားဆိုတော့ဥပမာတစ်အိမ်လုံးမမှောင်စေချင်ရင်ထောင့်ချိုးမရှိအောင်
ရွေ့နေတဲ့လူရဲ့လူကောင်ရေအားခန်းစီးစနောက်မှာတစ်ခုခုချောင်းကြည့်နေတယ်ဆိုတာမျိုး
ချိတ်ဆက်နေသောကြောင့်လက်ရှစ်ချောင်းဟာအလုပ်လုပ်ဆိုင်ကယ်ဦးထုတ်ဆောင်းပြီးလမ်း
လျှောက်တာလုံးဝမမှားဘူးဟာဆေးလိပ်ကိုပဲအကြောင်းမရှိညဆိုရင်နံပါတ်/နေ့စွဲ
အစဉ်လိုက်ရေးသားမှု့သီးသန့်မဟုတ်တာမဟုတ်ဘူးအားလုံးဟာသီးသန့်မျဉ်းသား
ထားသောနေရာမှကြွတ်ကြွတ်အိပ်အမည်းထဲရုန်းကန်နေတဲ့နည်းနည်းနွေးရုံပဲ
တကယ်လိုတာမနေ့ကကားလားဆေးလိပ်ပြာခွက်ပြည့်သွားလို့ ဒီနေ့နောက်ထပ်*
ပြောနေရင်းပြေပြေကျတယ်ရော့သုံးသလောက်ဟာရသလောက်ပဲဘယ်လောက်များ
အားယားနေလည်းပြောကြည့်စမ်းပါဦးရထားစီးခြင်းမဟုတ်ပါရဟတ်စီးခြင်းဗျူဟာ
အဲ့အနံတွေနဲ့အနားမကပ်ခဲ့နဲ့အားလုံးဟာဓါးနဲ့ဝိုင်းထိုးကြတယ်ဘယ်လောက်စစ်လဲ
အမှုန်အမွှား၊၀မ်းတွင်းမှလှိုက်၍အေးလာမှု့၊ဆံပင်တုနဲ့လဟာပိုလှလာသလား
ဘယ်သူဟာဘယ်လောက်ယူ/ယူခဲ့/ယူဦးမှာ၂၅၀အားကတစ်ကိုယ်လုံးလျှောက်ပြေးကြည့်
ဘာမှမတွေ့ခဲ့ဖူးဆိုလည်းယုံရမှာပဲလုံမဟာတနေကုန်ရေမခပ်ပဲဆင်းနေတယ်
ဝမ်းနည်းစရာနှင့်ဝမ်းသာစရာပေါလိုက်တာနောက်ဆုံးပဲလိမ်လိမ်ရောင်းမိရာက
ဘယ်ကိုသွားမလဲဘယ်လောက်ကြာမလဲဘာသွားလုပ်မှာလဲပက်လက်လန်ကျကာ
ထွက်ပေါက်ထဲပိတ်မိညာရစ်ကိုဘယ်လှည့်ဖွင့်တာခေါင်းမာတာလို့ ခေါ်တယ်@
တကိုယ်လုံးယဉ်ကျေးမှု့တွေပေပွလို့အတန်တန်ပြောထားရက်နဲ့အမိုက်မ
ပလက်ဖောင်းပေါ်လျှောက်မှကားတိုက်ခံရတယ်လို့အိတ်စပါရာဒိတ်ပြင်ဖတ်ရင်ပန်းခင်း
ကိုယ့်ကိုယ်သတ်သေလိုက်ပါလားခရီးကပိုက်ဆံပေးပြီးခေါ်လို့ မရဘူး
နောက်ဆုံးအစည်း အဝေးကိုထိုင်စဉ်ကတည်းကအဆိုပါဓါတ်ငွေ့မှာ
နှစ်ယောက်စလုံးကိုလက်မလွှတ်နိုင်ဘူးဆိုတာငါ့လာပြောစရာလား
ကံဇာတာအညံပိုင်းရောက်နေသည့်အလားအထင်မှားခြင်းများကြုံမည်
ဖောတာလည်းဖောသုံးခါဖောရင်တော့လျှောမယ်** အဆောက်အဦး
တစ်လုံးပြိုကျခြင်းလူ(၂၅)ဦးပေးပို့ ကံစမ်းနိုင်သော ဒေသတွင်းထွက်ရှိသည့်
သွေးတိုးနှင့်ဆက်နွယ်သောနှလုံးရောဂါများကိုသုံးသပ်မည်။
*မောင်ကောင်းထိုက်(လက်ရွေးစင်ဟာသများ)
@သူငယ်ချင်းတစ်ယောက်ပြောသောစကား
**snare(လုပ်ချင်ဦး)
                                                                  *တယ်ရီ
                                                             26.12.2012
                                                                   133am
လူတိုင်းက သူတို့မဟုတ်ဘူး၊ သူတို့တိုင်းကတော့ လူ
ဆန်တစ်ပြည်လောက် မြန်မြန်ပေးပါ၊ ထမင်းအိုးလေးက အော်တယ်။
ကြက်ကင်၊ဘဲကင်တွေလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ပတ်တီးတစ်လိပ်လောက် မြန်မြန်ပေးပါ၊ငုတ်စူးခြေထောက်လေးက အော်တယ်။
မစ်ကီးမောက်စ်ပုံဖိနပ်လေးလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
အနှီးတစ်ထည်လောက် မြန်မြန်ပေးပါ၊မီးဖွားမိခင်က အော်တယ်။
နာမည်ပေးကင်ပွန်းတပ်အခမ်းအနားဖိတ်စာလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ချိုင်းထောက်တစ်ဖက် မြန်မြန်ပေးပါ၊ပေါင်တိုကောင်လေးက အော်တယ်။
ဘောလုံးကန်ဝတ်စုံလေးလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
စောင်တစ်ထည်လောက် မြန်မြန်ပေးပါ၊ပြာနှမ်းနှုတ်ခမ်းက အော်တယ်။
လယ်သာဂျာကင်ကြီးလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ခဲတံတစ်ချောင်းလောက် မြန်မြန်ပေးပါ၊၀လုံးကလေးက အော်တယ်။
စက်ရုပ်ကွန်ပါဘူးလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
အရက်တစ်ခွက်လောက် မြန်မြန်ပေးပါ၊ ငှက်ဖျားလူနာက အော်တယ်။
ပုဂ္ဂလိကဆေးခန်းကြော်ငြာလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ထရံနှစ်ချပ်လောက် မြန်မြန်ပေးပါ၊ ပြိုကွဲအသိုက်လေးက အော်တယ်။
၃ထပ်RC ကြီးလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ဖေဖေ့ကိုရှာပေးမယ်ဆိုတဲ့ကတိ မြန်မြန်ပေးပါ၊ မျက်ရည်စီးကြောင်းလေးက အော်တယ်။
Happy World ကစားကွင်းကြီးလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
သွေးတစ်ပုလင်းလောက် မြန်မြန်ပေးပါ၊ ဖြူဖျော့ခန္ဓာလေးက အော်တယ်။
ကျန်းမာရေးထောက်ပံ့စရိတ်လား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
စိတ်အေးလက်အေးညတစ်ညလောက် မြန်မြန်ပေးပါ၊ တောတွင်းမိသားစုလေးက အော်တယ်။
လျှပ်စစ်လွှတ်သံဆူးကြိုးတွေနဲ့ခြံလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
အကြင်နာလက်တစ်ဖက်လောက် မြန်မြန်ပေးပါ၊ သေလုမြောပါး ခံနိုင်ရည်က အော်တယ်။
အထူးကုဆရာဝန်ကြီးတွေလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ဓာတ်ငွေ့ကာ မျက်နှာဖုံးတစ်ခုလောက် မြန်မြန်ပေးပါ၊ မွန်းကျပ်အဆုတ်က အော်တယ်။
လှပမွှေးပျံ့ပန်းခင်းကြီးတွေလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ဖယောင်းတိုင်လေးတစ်တိုင်လောက် မြန်မြန်ပေးပါ၊ ပိန်းပိတ်ညအမှောင်က အော်တယ်။
ရေအားလျှပ်စစ်တွေလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ထန်းလျက်တစ်ခဲလောက် မြန်မြန်ပေးပါ၊ တောင့်တလျှာဖျားလေးက အော်တယ်။
နိုင်ငံခြားချောကလက်တွေလား၊ ခင်ဗျားတို့ ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
Carol Singingသံတွေ မြန်မြန်ပေးပါ၊ ဘုရားထံငိုကြွေးနေသူက အော်တယ်။
ရောင်းအားအကောင်းဆုံးသီချင်းတွေလား၊ ခင်ဗျားတို့ပြန်ယူသွားပါ။ မြန်မြန်ပြန်ယူသွားပါ။
ဟင့်အင်း...ဟင့်အင်း။
စန်တာကလော့ကြီးလား၊ သားတို့သမီးတို့ကို သမင်ကြီးတွေအစား လှည်းဆွဲခိုင်းပါ။ လက်ဆောင်ကူထုပ်ခိုင်းပါ။
စစ်ကိုနှစ်ခြိုက်သူတို့အပေါ် စစ်ပွဲတွေ ကြဲဖြန့်ဖြူးချလိုက်ချင်လို့........။
ဟိန်း
(25.12.12)
    Author
    ကျွန်တော်ကြိုက်နှစ်သက်သလို စာဖတ်သူများလည်းနှစ်သက်မယ်ထင်ရာလေးတွေကို တစ်စုတစည်းထဲဖတ်နိုင်စေဖို့ရည်ရွယ်ပါတယ်။
    Archives
    November 2012
    Categories
    All