ဒေါင်းလန်းကြီး နဲ့ လက် (စကား)ဆုံby Lu Lann on Saturday, November 17, 2012 at 8:17pm
·လိုအပ်ရင် ကဗျာမဆန်ရဘူး။ အရှိုက်ကို ထိုးတဲ့နည်းနဲ့ပဲ စရလိမ့်မယ် ဆိုတဲ့ ဘကြီးတော်။

ခုတော့ တစ်သက်စာကို ဘာနဲ့များလဲလှယ်သွားခဲ့ပါလိမ့် ။ဘထွေးလေး ပြောဖူးသလို-

ရောဂါပိုးမွှား ဗီဇ ပွားကြပြီလား။ကုထုံးစနစ် ဗျူဟာ သစ်ကြမှဖြစ်တော့မယ်ဆိုပြီး

မအားရာစွဲတဲ့ ၀ဲနာ၊  တကိုယ်ရည်သန့်ရှင်းခြင်းနဲ့ စတင်ပါ တဲ့။

ဒါဆို  ဘယ်သူ့အခန်းတံခါးနဲ့ မှားဆွဲဖွင့်ဝင်သွားတာလဲ မမကြီး။

မမကြီးရဲ့ တပည့်ဟောင်းတွေလဲ တော်တော်များများ ယိုးဒယား။

ငါးရစ် ငါးသန်တွေလို နိမ့်ရာမှမြင့်ရာသို့ ဆန်တက်သွား။ တစ်ရာနှုန်းပဲ ရှင်သန်သတဲ့၊

အဲဒီလိုကြီး အဖေတို့ရွာမှာ အမျိုးသားတွေ မရှိတော့ဘူး။

ညီမလေး စာအုပ်အငှားဆိုင်ထဲက အရှေ့က နေ၀န်းထွက်သည့်ပမာလို မရှိတော့ဘူး။

စစ်နဲ့ငြိမ်းချမ်းရေးလို အတွဲလိုက်မ သွားပြီ။ ဘ၀အဓိပ္ပါယ်နဲ့ ဘ၀သစ္စာ မမြင်တာကြာပြီ။

 သူလိုလူနဲ့ ၀ိသုဓ္ဒိ မဂ်  ငှားပြီးပြန်မအပ်သလို၊အကောင်းကြိုက်သူတွေ စားသွားလို့    

 ရှိကိုမရှိတော့ဘူး  ဆိုတာလား။ အကိုကြီးပြောလေ့ရှိသလို -မြားဦးထိပ်မှာ၊

အဆိပ်လူးလူး ၊မလူးလူး ၊စူးထိမှန်လာ ၊ ဒဏ်ရာစူးရှ၊ သွေး စိမ်းကျ အနာဂတ်ဒဏ်ရာ

 အဲသည်အနာကိုဘယ်ဆေးနဲ့ ကုသပေးမှာလဲ ညီလေးဒေါက်တာ။

 သမရိုးကျမီးမဖွားနိုင်လို့ အရေးပေါ်ခွဲစိပ်၊ အရေးပေါ်သွေးမှားတစ်ပုလင်းနဲ့ HIV (+) သံသရာထဲ၊

 မစိုက်မပျိုးဘဲ ရှင်သန်၊ ရှေ့ရေးရှေ့ရာ အရီးတို့ ယာမှလယ်ပြောင်း ဟန်ဆောင် ပန်ဆောင်

စိုက်ခင်းထဲ ပဲခြောက်ကောာက်ရင်း ပိုးထိတဲ့ တူမလေး၊ ရေမန်းတစ်ခွက်မှာ အသက်ကို ပုံအပ်သွားခဲ့သလို၊

ရွှေကိုမလို ရေကိုလို စိုက်ချိန်ပျိုးချိန် ရိုက်ပွဲထဲ ၊မြန်မာမျိုးမို့ သွေးဆူလေသလား။

ကျနော်သူငယ်ချင်းဟာ ဓါးမတို  ဒဏ်ရာနဲ့ သေဆုံးဖူးတာအပါအ၀င်

အလံရောင်စုံ စပ်ကူးမပ်ကူးကာလမှာ အဘိုးသူကြီး ဘ သာလှ ဟာ

 လူ/မူ မှားလုပ်ကြံ ခေါင်းပြတ်ဖူးတယ်လည်း ထို နည်း လည်း ကောင်း

မိသားစု လက်(စကား)ဆုံ ထမင်းစားဝိုင်းကြီးကို

 မတို့ မထိ ဒီအတိုင်း ထားရစ်ခဲ့ကြ ။


လူလန်း (၁၇-၁၁-၂၀၁၂)




Leave a Reply.

    Author

    ကျနော့်ကဗျာတွေကိုပဲ
    ခင်ဗျားတို့ကဗျာတွေဖြစ်စေအောင် ကျနော့်အသိအတတ်တွေနဲ့ ကျနော်စွမ်းသမျှ တင်ဆက်နေခြင်းဖြစ်ပါတယ်။

    Archives

    November 2012

    Categories

    All