ပန်းနဲ့လည်း ပေါက် ၊ သစ်ပင်ကြီးနဲ့ပေါက်၊သဘောမပေါက်ရင် ကျော ပေါက်by Lu Lann on Wednesday, September 12, 2012 at 9:55am ·အပင်ဆိုတာ စိုက်မှ ပေါက်/ဖေါက်ပြီး လက်စမသတ်တော့ လမ်းတွေ မပေါက်/
လိုသော်ရှိ မလိုသော် မရှိ၊ ပေါက်ပေါက်မြောက်မြောက်/
ဥကလေးတွေ အကောင်ပေါက်၊ အကောင်လေးတွေ အတောင်ပေါက်/
ကြယ်တွေလို စုံစုံပေါက်၊မျက်စိပေါက် နားပေါက် ပါးစပ်ပေါက်/
လိုအပ်ရင် လိုအပ်သလို မင်းပေါက် စိုးပေါက်/အမဲပေါ် အဖြူပေါက်၊
ဆတူ မရဘူး ၊အင်းနဲ့အားနဲ့ ပေါက်၊လက်ချည်းမနိုင်ရင် အုတ်နီခဲနဲ့ပေါက်/
အဓမ္မကို ဓမ္မ နဲ့ ပေါက်သလို ပေါက်/တစ်ယောက်တစ်ပေါက်တွေ မှိုလိုပေါက်နေရင် မရောက်မပေါက်/
အပေါက်ပေါက်အ၀အ၀ အ၀မှာတစ်မနေနဲ့ တစ်စုတစည်းတည်း ပေါက်/
ကပေါက်တိ ကပေါက်ချာ ရစ်သီရစ်သီ လုပ်မနေနဲ့ တက်ညီလက်ညီ ပေါက်/
ဟိုပေါင်ကပ် ဒီပေါင်ကပ်တွေ များနေရင် ခရီးမပေါက်/
ကျောက်စောင်းထက် ရေစောင်းထက်သလို အကြိမ်ကြိမ်အခါခါ ပေါက်/
ဆုတ်ချည် တက်ချည် မဟာဗျူဟာနဲ့ အလီလီ ပေါက်/
အ၀ိုင်းပေါက် ပေါက် ၊ လေးထောင့်ပေါက် ပေါက်၊ မြင်သာ ထင်သာ ပေါက်/
အတိတ်တစ္ဆေ နဲ့ပေါက်၊ သင်ခန်းစာနဲ့ပေါက်၊တိုက်ရိုက်တွေ့ဆုံ ဆွေးနွေး ပေါက်/
လေဥတွေ များနေရင် ရင်နှစ်ခြမ်းသာ ကွဲသွားမယ် အကောင်မပေါက်/
ပန်းပွင့်နဲ့လည်း ပေါက်၊ အသီးနဲ့လည်း ပေါက်၊ မဖြစ်မနေဆိုရင် အမြစ်ပါဆွဲနှုတ်လို့ ပေါက်/
မဲဆိုတာ ပေးပိုင်ခွင့်ရှိသလို နှုတ်သိမ်းပိုင်ခွင့်လည်း ရှိသလို ပေါက်/
ချိုတပ်ထားတဲ့မြင်းဆိုရင် မြန်နှုန်းမြှင့်လို့ ပေါက်/
ဆီလို အပေါက်ရှာ နေတဲ့ နောက်ကျော မလုံသူဟာ ယို ပေါက် စိမ့်ပေါက်/
ခေါင်းဖြတ် လက်ဖြတ် ဦးနှောက်ကို ဖေါက်စုတ်တတ်တဲ့ အဓမ္မ၀ါဒီတွေကို မြေလှန် ပေါက်/
ရိုဟင်ဂျာလည်း ပေါက်၊ ပေါက်ဖေါ်ကြီးလည်း ပေါက်၊ကျောသားရင်သား မခွဲခြားစတမ်း ပေါက်/
ဒီလောက်ဆို သဘော ပေါက်၊ သဘောမပေါက်ရင် ကျော ပေါက်/
အာပေါက်အောင် ပြောရင်း ဆိုရင်း၊ လာပြန်ပြီ နောက်တစ်ယောက်၊
ကိုယ့်လမ်းကို ပေါက်ပေါက်ခင်းလို့၊ စိတ်ကူးတည့်ရာ လျှောက်နင်း၊
ခြင်းကျားနဲ့ ရေခပ်၊ ဗူးပေါက်နဲ့ ရေသယ်၊
ပြောနေ ကြာတယ်
ပေါက်ကြမယ်ဟေ့ကောင်း ကောင်းးးးးးးးးးးးး
လူလန်း (၁၂-၉-၂၀၁၂ )