ဒီလမ်း ဒီပန်း နဲ့ ဒီခရီး ဒီထီးတို့ လာရောက်ရေစက်ဆုံ။

ကိုယ်မချိ အမိသော်လည်းမူနဲ့ ဒီကွေ့မှာ ဒီတက်ကိုသုံးလို့။

ပြေးဝင်လာတဲ့ ကိစ္စ၀ိစ္စတွေထဲ   မရောက်မချင်း ဘတ်စကားလို အဆင့်ဆင့်ပြောင်းလဲစီးလို့

ဒီလိုမနေမှ တော့ ဘယ်လိုနေ ၊ဟိုလိုနေတော့လည်း မတော်မသင့်

ဒီလိုသင့်မယ်ထင်လို့ ၊ ဟိုလိုကို စွန့်ထွင်လိုက်မှ အရိုးမှာ အသားတန်းလန်း

ဟိုရမ်း ဒီမှန်း ဟိုချိတ် ဒီညိ၊ အဖြစ်အပျက်တွေဟာ အချိန်းအချက်တွေလို  မိကောင်းမှ မိမယ်။

တောင်းဆိုး ပလုံးဆိုး လမ်းမတွေပေါ် ယာဉ်ကြောတွေ အထပ်ထပ်ပိတ်ဆို့၊

ကတိက၀တ်တွေဆိုလည်း ချိန်းတဲ့နာရီကို အမြဲ အပေါင်း၂(သို့မဟုတ်)၎

နွားရိုင်းသွင်းချိန်မှာ အလုပ်ဆင်းခဲ့ မိကောင်းဖခင် အလဲအကွဲ အလူးအလိမ့်များ

ဒီလိုမဖြစ်မှတော့ ဘယ်လိုဖြစ်၊ဟိုလိုဖြစ်ဖို့ ဆိုတာ မြို့ပြကျေးလက်လား

  ပြုံးပြုံးလေးပြောင်းတော့ လှောင်သလိုလို၊ခပ်မှန်မှန်နေကြတော့  လူ့ရေးလူရာ

 မရှိမသိတတ်သလိုလို ။ ငါ့ငပိရည်ကို  ဘယ်သူနေရာ ရွှေ့နေကြ၊

ဆက်စပ်ခုံဖွဲ့နေလေသမျှတွေကလည်း  မျက်နှာချင်းဆိုင်လျက်သား ကြီး ဧရိယာပြင်ပ၊

ကိုယ်စီပါးစပ်အဟောင်းသားနဲ့ မအားမလပ်ကြပါသော မအားမနား ဆိုတဲ့ပြီး

ကိုယ်စီနှစ်လုံးချိုင့်လေးတွေ အချင်းချင်းပစ်ပေါက်ရန်ပွဲ ထဲ

ဒီလို မပြေးမှတော့ ဘယ်လိုပြေး၊ ဟိုလိုဝင်ရောက်ခဲ့မှုများဟာ အနာဒဏ်ရာလား။


လူလန်း (၁၅-၁၂-၂၀၂)




Leave a Reply.

    Author

    ကျနော့်ကဗျာတွေကိုပဲ
    ခင်ဗျားတို့ကဗျာတွေဖြစ်စေအောင် ကျနော့်အသိအတတ်တွေနဲ့ ကျနော်စွမ်းသမျှ တင်ဆက်နေခြင်းဖြစ်ပါတယ်။

    Archives

    November 2012

    Categories

    All