အမှန်အတိုင်း ဖြစ်ချင်လို့ပါဆိုတော့

 ကဗျာဆိုတိုင်း မဇ္ဈိမလားဆိုတော့၊

ကျွန်တော် ဂန္ထ၀င်လေ့လာဆဲပါဆိုတော့

 နိုင်ငံတကာပွဲမို့မပျက်မကွက်တက်ပါဆိုတော့

ဘ၀ဟာ ကျေးဇူးရှင်နောက် မပျက်မကွက်လိုက်ပါသွားရသေးတယ်ဆိုတော့

ကိုယ့်ကိုယ်ကို ပါးပိတ်ရိုက်လိုက်တဲ့ကဗျာဟာ  ခွဲထားသတ်ပုံတွေကို အားနာတယ်ဆိုတော့

တစ်ဘက်မှာ ညွှန်ကြားလို့  ၊တစ်ဘက်မှာ ညှိနှိုင်းခြင်းတွေကို ကဗျာကတော်လှန်တယ်ဆိုတော့

ကိုယ့်မေးရိုးကို ထုသားပေသားကျအောင် ကဗျာဟာ လေ့ကျင့်နေတယ်ဆိုတာ့

သစ်ရွက်ဟာ အလိုမတူပဲကြွေကျရတယ်ဆိုတာ  အကြောစိမ်းစိမ်းတွေက သက်သေပါဆိုတော့

တန်ရာတန်ကျေးတွေ နဲ့အတူ အတောင်အလက်မစုံဟန်သတ်မှတ်ခံရသူတွေကိုအားနာရပါတယ်ဆိုတော့

ငါမရှိဘူး ငါးရှိတယ်  ဘာသာစကားဖျံတွေက နှာတစ်ဖျားသာသင်တန်းဆင်းတွေဆိုတော့

တချို့ဥာဏ်ပညာဟာ သုံးရက်မှ တစ်နပ်သာ စားရရှာတယ်ဆိုတော့

ထွေလီကူလီရုပ်ကြွင်းဟာကျောက်စောင်းထက် ရေစောင်းထက်၊ပေါက်ပေါက်ရောက်ရောက်သံယိုဆိုတော့

ပြုံးပြုံးကြီး နှုတ်ခမ်းနီတျာအောက်မှာ သွားတွေက ၃၂ချောင်းကို အနှုတ်ပြနေပြီဆိုတော့

တကယ်တော့ ဆိုတာ ဒဂယ်ဒေါ့ ၊ ဆိုတော့ ဆိုတာ ဆိုဒေါ့ လားဆိုတော့

ဒေါ့ဟာ  doc လား  dot လား dog လား ဆိုတော့


လူလန်း(၁၉-၁၂-၂၀၁၂)

(ဖုန်း/မျက်လုံးချင်း ဆုံဖြစ်ခဲ့ရပါသော ကဗျာဆရာများသို့အမှတ္တရ)




Leave a Reply.

    Author

    ကျနော့်ကဗျာတွေကိုပဲ
    ခင်ဗျားတို့ကဗျာတွေဖြစ်စေအောင် ကျနော့်အသိအတတ်တွေနဲ့ ကျနော်စွမ်းသမျှ တင်ဆက်နေခြင်းဖြစ်ပါတယ်။

    Archives

    November 2012

    Categories

    All