ကျွန်တော် ဟာ အကျယ်ချုပ်ကျနေတဲ့ သံတိုင်

ဖနောင့် မှာ မကောင်းမှု ဂျီပီအက်စ် “စူး“နေတာကြာပြီ

ကျွန်တော်ရော ဘာသားနဲ့ထုတာမှတ်လို့

“စိတ်မကောင်းဘူးကွာ“ ကို ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ရုံ

အရက်မသောက်ဘဲမူးချင်တယ်

တာမွေအ၀ိုင်းထိပ်က ခေါင်ရည်ဆိုင်လေးမှာ ခုံတစ်ခုံတော့ ပိုတယ်မဟုတ်လား?

ဘာမှုနဲ့လဲလို့ ခင်ဗျားမမေးသေးဘူးနော်

Ice Berry (စံပြ) ၀ရံတာကျဉ်းကျဉ်းလေးပေါ် ကျွန်တော်တို့ မီးတစ်တို့ခဲ့ကြ

ကွန်နက်ရှင် (သို့) ရှေးရေစက်လည်း ပြင်းအားများတယ်ထင်ပါရဲ့

ကိုတာယာ ဆွဲတဲ့ တစ်ဖက်မြင်ကောက်ကြောင်းကြီး ကိုပျော့ ငဲ့

မိဘမျက်ရည် ကို ဘော်ဒီစပရေးလို တရှုးရှုး တရှဲရှဲ “ဖြန်း“

ဖြစ်ခဲ့ပြီးသမျှ အကုသိုလ်ထိုထိုအတွက် ဘုရားဥပဒေ မှတ်ရင်း

အသက် မှန်မှန် ရှုခဲ့ပါတယ် ၊ အသည်း မှန်မှန် ကွဲခဲ့ပါတယ်

ဒီလိုနဲ့ ... တတ်နိုင်သလောက် အကုသိုလ်အခွေခွေ ပယ်ရင်း ပေါ့

သူတို့မျှော်လင့်ချက် ဂျူတီကုတ်ဆိုလား အဲဒါကြီး က အသစ်အတိုင်းပဲ!

မယုံမရှိနဲ့ တံခါးစောင့်ကုလား + ကွမ်းယာသည်လင်းမယား (ကို/က) သာ ကျွန်တော် ဖက်လည်းတကင်းဖြစ်တယ်

အသိ နဲ့ ခေါင်းခေါင်းချင်း ဆောင့်မ%E



Leave a Reply.

    Author

    ကျွန်တော်ကြိုက်နှစ်သက်သလို စာဖတ်သူများလည်းနှစ်သက်မယ်ထင်ရာလေးတွေကို တစ်စုတစည်းထဲဖတ်နိုင်စေဖို့ရည်ရွယ်ပါတယ်။

    Archives

    November 2012

    Categories

    All