by Lu Lann on Saturday, January 5, 2013 at 9:46pm ·(၁)

WAVES, CLOUD AND DUST

ONE FOR BLUE

TWO FOR PINK

THREE FOR RED

KHIN-ONE IN THE PURPLISH BLUES.

EINSTEIN IN SMOKE

TIME IN SPACE

LIFE IN DEATH

I LOVE TO HATE AND

I HATE TO LOVE.

DREAMS  HAVE DEW

DEW HAS NIGHTS

NIGHTS  HAVE  SKIES.

WALKING SPIRITS AMID THE SPRING

CRYING ROSES IN THE RHYTHM OF RAIN

LONELINESS, A PURPLE APPLE

IN THE MONSOON HARMONY

TEARS, DARK AND SNOW

SOMETIMES, SOMEONE,  SOMEWHERE

IN THE SKY FULL OF SMOKE

ECHO, SHADOW AND MYSELF.

(၂)

လှိုင်းတွေရဲ့ လှိုင်းတွေ

တိမ်တွေရဲ့ တိမ်တွေ……

ဖုန်မှုန့်တွေရယ်ပေါ့   ။

တစ်ယောက်က   ည

နှစ်ယောက်က ပန်းပွင့်

သုံပွင့်က        ပင်လယ်………

ခရမ်းပြာ တောအုပ်ထဲမှာ

တေးသီ ပန်းချီကား တစ်ချပ်-

အိပ်မက်တွေမှာ    မလင်းပြာ

မီးခိုး တငွေ့ငွေ့တွေအကြားမှာ

ခဲတံတို တယောပြာ

နေရာထဲမှာ အချိန်

သင်္ခါရ ပင်လယ်က ဖြစ်တည်မှု လှေငယ်.

ငိုဖို့ရယ်ခဲ့ပြီး         ရယ်ဖို့လည်း  ငိုမိပေါ့

အိပ်မက်တွေမှာ နှင်းတွေကျ

နှင်းတွေမှာ    ညတွေခ

ညတွေမှာ  ကောင်းကင်တွေ   က

နွေဦးရာသီမှာ ခရီးသွား  ၀ိညဉ်တွေ ရယ်လို့ ။

တယောနှင်းဆီ နီနီလေးတွေ

မိုးတေးရာသီမှာလေ………

ခရမ်းပြာ ပန်းသီးလေးကတော့

နှင်းစီတဲ့ရာသီမှာ အထီးကျန်နေလေရဲ့   …

အို….. မျက်ရည်စတွေ  မဟူရာတွေနဲ့ နှင်းတွေရယ်……

…………………..နှင်းတွေရယ်.

နှင်းတွေရယ်………….တရံတခါဆီမှာ

စိမ်းရက် ဆက်သူဟာ…

တနေရာရာမှာပေါ့

မိုးမြေအမျှ အခိုးအငွေ့တွေ အကြား

ငါရယ်….ငါ့အရိပ်ရယ်……

ပြီးတော့ ငါ့ အသံရယ် ပဲကွယ်.။

(၃)

ရှေ့မှာ ရုန်းရင်းဆန်ခပ် လှိုင်းတွေနဲ့

ခေါင်းမော့ရင်ကော့ တိမ်တွေ အကြား

ငါတို့ဟာ ညစ်ညမ်းလေထုကိုသာ  စက္ကန့်နဲ့အမျှ

တချို့တေးနဲ့၊ တချို့ကဗျာနဲ့ စာနဲ့၊ အဲဒီတချို့နဲ့ 

အခြားသောတချို့တွေ ဆက်စပ်စာစီလို့  လက်သီးလက်မောင်းတမ်းကြ

မီးခိုးများ။ လေဟာနယ်မျာ။ ဘ၀များ။အချိန်များ။တွေးသိတတ်ရှင်များ။

အနှောင်အဖွဲ့တွေကို စနစ်တကျ ဖျက်ခြွေ လွတ်လပ်ကြ။

ကောင်းကင်တွေကအစ အိပ်မက်ပန်းချီနဲ့ နှင်းမှုန်ချမ်းမြတွေအဆုံး အားလုံးဟာ

ငါတို့ကို ငါးစာ တေးတွေနဲ့ ချော့ ခြောက် သွေးဆောင်ဖြားယောင်း

တိုးတက်ပါတယ်။ ကွဲအက်ပါတယ်။ ဖွံ့ဖြိုးပါတယ်။ကြေကျိုးပါတယ်။

အဲလို တစစီ တစစီထဲမှာ တကိုယ်တော်တွေဟာ မျက်ရည် ဆန္ဒပြ

တချိန်ချိန်  တနေရာရာ တယောက်ယောက်

အားလုံးနဲ့ အားလုံး  ပြည့်နှက် ပဲ့တင်

လိုအပ်ရင်

အမှောင်ရင်ခွင်ကိုလည်း

လင်းပွင့်   လက်တွဲ       ။           ။


ကျော်ကြီး(KWN)/ SHIN THANT(TLO) / လူလန်း

(1994-95ခုနှစ်ခန့်က ငယ်သူငယ်ချင်း ၂ယောက်

(၁)ကျော်ကြီး(KWN)ကENGLISHလို စရေးသောကဗျာကို  ဖတ်ပြီး

(၂) SHIN THANT(TLO)က သူအာရုံရရာစကားလုံးဖြင့် ကဗျာရေးဖွဲ့ခဲ့ခြင်းအပေါ်

(၃) ကျနော်လူလန်း က ကျနော်အာရုံရရာစကားလုံးဖြင့် နောက်ယောင်ခံ

ရေးဖွဲ့ထားခြင်းဖြစ်ပါကြောင်း။အ၇သာတစ်မျိုးစီ တွေ့မည်ဟု ထင်မြင်ပါကြောင်း။)




Leave a Reply.

    Author

    ကျနော့်ကဗျာတွေကိုပဲ
    ခင်ဗျားတို့ကဗျာတွေဖြစ်စေအောင် ကျနော့်အသိအတတ်တွေနဲ့ ကျနော်စွမ်းသမျှ တင်ဆက်နေခြင်းဖြစ်ပါတယ်။

    Archives

    November 2012

    Categories

    All