Editမုဆိုး စိုင်သင် Recycle ခါတော်မီ Special effects ခြုံပေါ်မှာby Lu Lann on Saturday, September 1, 2012 at 10:17am ·ဖယ်ရီစောင့်နေတဲ့မနက်ခင်းဟာ သူ့ကိုယ်သူ လူပျောက်ကြော်ငြာဟစ်နေရတာ နေ့တဓူဝ။

စလောင်းရွဲ့ဟာ အိုးရွဲ့ကို ၀င်ကျုံးသွားပြီ။ ခြေသံတွေဟာ ရုန်းရင်းဆန်ခတ်နဲ့ ဖိနပ်မပါဘူး။

တွေ့သမျှကို Recycleလုပ်ကြည့်နေတဲ့ ကြွပ်ကြွပ်အိတ်ရဲ့ ယူရေးကား အော်သံ ကြီးထဲ

အမှားအယွင်းတစ်ယောက်နဲ့ အကျအရှုံးတစ်စီးရဲ့ ပါဖောင်းမင့် အက်ဆီးဒင့် ။

အောက်ဆီဂျင်တွေ ငတ်နေဆဲ-၊သောက်ရေ သုံးရေတွေ ပြတ်လပ်နေဆဲ--၊

အမြှုပ်တစီစီနဲ့ ဆေးမြီးတိုဟာ ပွဲချင်းပြီးလုပ်ကြံနေသလိုလို။ ရာသီဥတုဟာ ခုထိ-

လူမစွမ်းနတ်မဆိုတော့ ကြွပ်ကြွပ်အိတ်ဟာ စက်ရှိန်ကို မြှင့်တင်လိုက်တယ်။

မသေခင် ကြီးနေရသေးတဲ့ အနာဂတ်၊ခွင့်လွတ်ရခက်တဲ့ ကိုယ်လုံးတီး၊ချစ်ကြည်ရေး

သူသေကိုယ်သေ၊ခါတော်မီ ပရိုတိုကော၊ မျိုးမချန်ခဲ့ဘူး ပိုးချန်တယ်။ တကယ့်ကို-

အမှိုက်ဟာ ဒေါ်လာနဲ့ ကျုံးမှ ကြွတဲ့ Special effects။  (တောလိုလို တောင်လိုလိုဟာ

ခေတ်ပြိုင်လိုလို ခေတ်လွန်လိုလို ခေတ်ပြောင်း နည်းနာတွေထဲမှာတ၀ဲလည်လည်။ )

အပြောင်းအလဲဟာ မနက်ဖန်ဦးမယ် ဆိုတော့ စားကောင်းသောက်ဖွယ်နဲ့တကွ-

ယဉ်ကျေးပျူငှာ ကြိုဆိုဧည့်ခံ။ဒေသထွက် ချွေးနည်းစားခပ်လှလှလေးများကို

နောက်ခန်းထဲ ထည့်ပေးထားရသေး။စားပွဲတွေဟာ အချင်းချင်း ဟိုရွှေ့ ဒီပြောင်းနဲ့

ကိုယ့်ကိုယ် ကို အပို့အကြို လုပ်နေကြဆဲ။  လုံးချင်းကို အထပ်မြှင့်နေကြတဲ့

ပေါက်ကွဲသံဟာ  ခင်ဗျားဆီ လာ  နေ  ပြီ  ။ ဗိုက်ရွှဲရွှဲ  သွားကျဲကျဲ-အထူးအစီအစဉ်ကြီးဟာ

ရေဆိုးမြောင်းကို ပိတ်ဆို့စေတယ်။မြေဆီမြေလွှာကို ပြုန်တီးစေတယ်။

ဘေးမဲ့ တောမှာ ရွှေသမင်လိုက်တယ်။ ပြောရင်း  ဆိုရင်း  အမျိုးသားဝတ်စုံနဲ့

ကြွပ်ကြွပ် အိတ်ဟာ   ခြုံ ပေါ် မှာ    အ  ကျ  အ   န   ။


လူလန်း (၁-၉-၂၀၁၂ )




Leave a Reply.

    Author

    ကျနော့်ကဗျာတွေကိုပဲ
    ခင်ဗျားတို့ကဗျာတွေဖြစ်စေအောင် ကျနော့်အသိအတတ်တွေနဲ့ ကျနော်စွမ်းသမျှ တင်ဆက်နေခြင်းဖြစ်ပါတယ်။

    Archives

    November 2012

    Categories

    All