၁။   TREES    ၂။ တရွှေ့ရွေ့ မြစ် ။        ၃။  အလေနတော 
(၁)

WILD FLOWERS

WATER AND SOIL

DEAD LEAVES

ASHES AND SKY

DREAMING MOON

EARTH NAKED AND

A RIVER BLIND

NO MORE LIFE NO MORE

NO MORE PAIN NO MORE

NO MORE NOS NO MORE.

(၂)

ပန်းရိုင်းတွေ

စေသူများ……..

ရွက်သေတွေ

ပြာတွေနဲ့ မိုးကောင်းကင်……………..

အိပ်မက် ရောင်စုံ လမင်း

လင်္ကာမဲ့ ကမ္ဘာမြေနဲ့ မစီးတော့တဲ့ မြစ်တစ်စင်း ။

သုညတွေဆီ

သုညတွေရယ် စီးဆင်း……………..။

ငြင်းပယ်ခြင်းတွေလည်း လှခဲ့ ကြပေါ့  ။        

(၃)

ပျိုးထောင်ရေကအစ  မိမဆုံးမ ဖမဆုံးမ

သုံးစားခဲ့ရလေသမျှ  အလေနတော အကြွင်းအကျန်

သီးကြပွင့်ကြပြန်တော့ နငယ် နပင်းပိတ်

အတိတ်ခြေရာလက်ရာဆိုလို့  ဟောဒီ ပြာကြွင်းပြာကျန်တွေပဲ ရှိတော့သလို

အငုံ အဖူးတွေဟာ ကောင်ကင်းကြီးထဲ အိပ်မက်ခါးလို အစအဆုံးမရှိ

အဆင့်ဆင့်ဖေါက်ခွဲ cluster ပန်းဗုံးများအကြား  ထမင်းလွတ်ဟင်းလွတ်

စွတ်စွတ်ရွတ်ရွတ် ကမ္ဘာကြီးသာ  ၊ဟိုစမ်းသည်ရမ်း မသန်မစွမ်းမြစ်ကြီးကိုသယ်ဆောင်လို့

ဒဏ်ရာ အနာတရတွေက အစိုရေ မ၀ တဝ

ဘ၀ ဘ၀တွေကလည်း မျိုးစေ့တောင်ပြန်လည်  မရရှိတော့သလို

အားလုံးဟာ တအုပ်တမ

ဘာဆိုဘာမှ နားပါးမလည် ယိမ်းအလှတွေကလို့

ပွင့်ရသီးရမှာကိုပဲ အနာဂတ်မေ့သလို နယ်စည်းတွေမခြား ။




ကျော်ကြီး(KWN) /SHIN THANT(TLO)/ လူလန်း



(၁၉၉၄-၉၅ခုလောက်က ငယ်သူချင်းနှစ်ယောက်ဖြစ်တဲ့

 KWN(ကျော်ကြီး)၊  TLO(Shin Thant)တို့နှစ်ယောက်မှာ

  ၁။  KWN(ကျော်ကြီး)က ENGLISHလို စရေးတဲ့ ကဗျာကို

၂။ Shin Thant(TLO)က သူအာရုံရသလိုမြန်မာလိုရေးခဲ့တဲ့ DUO အစီအစဉ်လေးကိုပဲ

၃။လူလန်း ကျနော်( ၂၀၁၃)က  ကျနော်အာရုံရသလို နောက်ယောင်ခံရေးလိုက်တာပါ။)




Leave a Reply.

    Author

    ကျနော့်ကဗျာတွေကိုပဲ
    ခင်ဗျားတို့ကဗျာတွေဖြစ်စေအောင် ကျနော့်အသိအတတ်တွေနဲ့ ကျနော်စွမ်းသမျှ တင်ဆက်နေခြင်းဖြစ်ပါတယ်။

    Archives

    November 2012

    Categories

    All