ဖြစ်ခဲတယ်၊ဖြစ်ခဲ့တယ်၊ ဖြစ်နေတယ်၊ဖြစ်နိုင်တယ်၊ဖြစ်မှာလား၊

ရှင်းကြ လင်းကြ၊မရှင်းလို့ လင်းကြ၊မလင်းလို့ ရှင်းရ၊

ရှင်းရုံ လင်းရုံနဲ့  အမှိုက်ဟာ ပြယ်ပြီ ပျောက်ပြီလား။

အရေးထဲ  ရွာသွန်းမြဲနဲ့ တွေ့နေသေး၊

ယခုရွာမြဲလား။ယခင်ရွာမြဲလား၊ အလားတူရွာမြဲလား။

မရှင်းမလင်းတွေဟာ တစ်ခုပြီး တစ်ခု။

ရေကြီးသူတွေ  နစ်မြဲလား၊ မိုးခေါင်သူလည်း နစ်မြဲလား။

ဆိုင်ကလုံး ဒဏ်ရာတွေ မကျက်တကျက်ဟာ ပြည်တစိုစိုမြဲလား။

ပိုးလောက်တွေ တဖွေးဖွေး မြဲလား။ရှင်းပါ လင်းပါ။

ရှင်းကြ လင်းကြ။ မသန့်မရှင်းကို ရှင်းကြ လင်းကြ။

ရှင်းမှ လင်းမှ။ရှင်းလေ လင်းလေ။ ရှင်းတိုင်း လင်းတိုင်း

ရှင်းလင်းတယ်ဆိုတာ တကိုယ်ရည် သန့်ရှင်းခြင်းလား။

မိသားစုလိုက်လာ။ ဂိုဏ်းဂဏအလိုက်လား။

ရောဂါ ရှာဖွေနည်းလား။ကုထုံးလား။ဆေးမြီတိုလား။

တစ်ရက်ဆို တစ်ရက် ဆွဲဆန့်နေကြတာလား

ကိုယ့်ရင်ခွင် ကိုယ်ရှင်း။ကိုယ့်အိမ် ကိုယ်ရှင်း။

ကိုယ့်စားပွဲပေါ် ကိုယ်ရှင်း။ကိုယ့်ကုလားထိုင် ကိုယ်ရှင်း။

ရင်ပြင်ကြီးကိုရှင်း။ခန်းမကြီးကိုရှင်း။ဘက်ဂရောင်းကြီးကို ရှင်း။

ရှင်းလင်းပွဲဆိုင်ရာ အသင်းအဖွဲ့၊ကော်မတီ၊ပါတီ၊ရှင်းမည် လင်းမည်။

အရှေ့နည်းနဲ့ ရှင်း။အနောက်နည်းနဲ့ ရှင်း။ယူရိုနည်းနဲ့ ရှင်း။

အမှောင်ထဲမှာ ရှင်း။အရောင်ထဲမှာ ရှင်း။ ကျောသပ်ရင်သပ် ရှင်း။

ခေါင်းငိုက်စိုက်နဲ့ ရှင်း။ကောင်းကင်ကို ငေးမော့လို့ရှင်း။

တချို့ တပိုင်တနိုင် ဗော်လန်တီယာ။တချို့ စပွန်ဇာတွေ တအုပ်တမနဲ့။

တချို့ လစာရိက္ခာ အပြည့်နဲ့။မိုက်ကြီးနဲ့ ရှင်း။လော်ကြီးနဲ့ ရှင်း။

တချို့ မြေပုံကြီး တထောက်ထောက်နဲ့။

တချို့ ပရိုဂျက်တာကြီး တကားကားနဲ့။

အစိုကို အခြောက်။အမဲကို အဖြူ။ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရှင်း။

တစ်ယောက်ဆင်း တစ်ယောက်တက် ရှင်း။ ဆက်လက်ထွက်ခွါ ရှင်း။

ပြီးခဲ့တဲ့ အမှိုက်နှစ်တွေကို ပြန်လည်သုံးသပ်လို့ ရှင်း။

လာပါဦးမဲ့ အမှိုက်တွေကို ရည်ရွယ်လျာထားလို့ ကြိုတင် ရှင်း။

ဆင်က ရှင်း။ ကျားက ရှင်း။ရှဉ့်ကို ရှင်း။ ပျားကို ရှင်း။

ဆင်းပြီး ရှင်း။ တက်ပြီး ရှင်း။ ရှင်လည်း ရှင်း။ သေလည်းး ရှင်း။

ဟိုလို  ဒီလိုရှင်း။ ဟိုလူ  ဒီလူ ရှင်း။တောရောက်တောင်ရောက်  ရှင်း။

မြေပေါ် မြေအောက်မကျန် ရှင်း။ စည်းမဲ့ ကမ်းမဲ့ အလုအယက် ရှင်း။

နည်းလမ်းမျိုးစုံနဲ့ ရှင်း။ ရှင်းရင်း  ရှင်းရင်းးး

အမှိုက်တွေ နဲ့ လင်းနေတဲ့ ကမ္ဘာ--။

အမှောင်ထဲမှာ  တံမြက်စည်းတွေ။


လူလန်း (၄-၉-၂၀၁၂ )

11/15/2012 11:41:40 pm

ဒီကဗျာကို ကျွန်တော် တော်တော်ကြိုက်တယ် ဆရာလန်း.။ ရင်ဘတ်ကြီးနဲ့ ဖတ်သွားတယ်ဗျာ။

Reply
လင်းလက်တာရာ
11/16/2012 11:32:19 pm

အစ်ကိုလန်းရေ...။ ဒီကဗျာ ကိုလည်း နှစ်သက်မိပါရဲ့ ဗျာ။ လေ့လာ လိုက်စား သွားပါတယ်။

Reply



Leave a Reply.

    Author

    ကျနော့်ကဗျာတွေကိုပဲ
    ခင်ဗျားတို့ကဗျာတွေဖြစ်စေအောင် ကျနော့်အသိအတတ်တွေနဲ့ ကျနော်စွမ်းသမျှ တင်ဆက်နေခြင်းဖြစ်ပါတယ်။

    Archives

    November 2012

    Categories

    All