ပန်းနဲ့လည်း ပေါက် ၊ သစ်ပင်ကြီးနဲ့ပေါက်၊သဘောမပေါက်ရင် ကျော ပေါက်by Lu Lann on Wednesday, September 12, 2012 at 9:55am ·အပင်ဆိုတာ စိုက်မှ ပေါက်/ဖေါက်ပြီး လက်စမသတ်တော့ လမ်းတွေ မပေါက်/

လိုသော်ရှိ မလိုသော် မရှိ၊ ပေါက်ပေါက်မြောက်မြောက်/

ဥကလေးတွေ အကောင်ပေါက်၊ အကောင်လေးတွေ အတောင်ပေါက်/

ကြယ်တွေလို စုံစုံပေါက်၊မျက်စိပေါက် နားပေါက်  ပါးစပ်ပေါက်/

လိုအပ်ရင် လိုအပ်သလို မင်းပေါက် စိုးပေါက်/အမဲပေါ် အဖြူပေါက်၊

ဆတူ မရဘူး ၊အင်းနဲ့အားနဲ့ ပေါက်၊လက်ချည်းမနိုင်ရင် အုတ်နီခဲနဲ့ပေါက်/

အဓမ္မကို ဓမ္မ နဲ့ ပေါက်သလို ပေါက်/တစ်ယောက်တစ်ပေါက်တွေ မှိုလိုပေါက်နေရင် မရောက်မပေါက်/

အပေါက်ပေါက်အ၀အ၀ အ၀မှာတစ်မနေနဲ့ တစ်စုတစည်းတည်း ပေါက်/

ကပေါက်တိ ကပေါက်ချာ ရစ်သီရစ်သီ လုပ်မနေနဲ့ တက်ညီလက်ညီ ပေါက်/

ဟိုပေါင်ကပ် ဒီပေါင်ကပ်တွေ များနေရင် ခရီးမပေါက်/

ကျောက်စောင်းထက် ရေစောင်းထက်သလို အကြိမ်ကြိမ်အခါခါ ပေါက်/

ဆုတ်ချည် တက်ချည် မဟာဗျူဟာနဲ့ အလီလီ ပေါက်/

အ၀ိုင်းပေါက် ပေါက် ၊ လေးထောင့်ပေါက် ပေါက်၊ မြင်သာ ထင်သာ ပေါက်/

အတိတ်တစ္ဆေ နဲ့ပေါက်၊ သင်ခန်းစာနဲ့ပေါက်၊တိုက်ရိုက်တွေ့ဆုံ ဆွေးနွေး ပေါက်/

လေဥတွေ များနေရင် ရင်နှစ်ခြမ်းသာ ကွဲသွားမယ် အကောင်မပေါက်/

ပန်းပွင့်နဲ့လည်း ပေါက်၊ အသီးနဲ့လည်း ပေါက်၊ မဖြစ်မနေဆိုရင် အမြစ်ပါဆွဲနှုတ်လို့ ပေါက်/

မဲဆိုတာ ပေးပိုင်ခွင့်ရှိသလို နှုတ်သိမ်းပိုင်ခွင့်လည်း ရှိသလို ပေါက်/

ချိုတပ်ထားတဲ့မြင်းဆိုရင်  မြန်နှုန်းမြှင့်လို့ ပေါက်/

ဆီလို အပေါက်ရှာ နေတဲ့ နောက်ကျော မလုံသူဟာ  ယို ပေါက် စိမ့်ပေါက်/

ခေါင်းဖြတ် လက်ဖြတ် ဦးနှောက်ကို ဖေါက်စုတ်တတ်တဲ့ အဓမ္မ၀ါဒီတွေကို မြေလှန် ပေါက်/

ရိုဟင်ဂျာလည်း ပေါက်၊ ပေါက်ဖေါ်ကြီးလည်း ပေါက်၊ကျောသားရင်သား မခွဲခြားစတမ်း ပေါက်/

ဒီလောက်ဆို သဘော ပေါက်၊ သဘောမပေါက်ရင် ကျော ပေါက်/

အာပေါက်အောင် ပြောရင်း ဆိုရင်း၊ လာပြန်ပြီ နောက်တစ်ယောက်၊

ကိုယ့်လမ်းကို ပေါက်ပေါက်ခင်းလို့၊ စိတ်ကူးတည့်ရာ လျှောက်နင်း၊

ခြင်းကျားနဲ့ ရေခပ်၊ ဗူးပေါက်နဲ့ ရေသယ်၊

ပြောနေ ကြာတယ်

ပေါက်ကြမယ်ဟေ့ကောင်း ကောင်းးးးးးးးးးးးး


လူလန်း  (၁၂-၉-၂၀၁၂ )




Leave a Reply.

    Author

    ကျနော့်ကဗျာတွေကိုပဲ
    ခင်ဗျားတို့ကဗျာတွေဖြစ်စေအောင် ကျနော့်အသိအတတ်တွေနဲ့ ကျနော်စွမ်းသမျှ တင်ဆက်နေခြင်းဖြစ်ပါတယ်။

    Archives

    November 2012

    Categories

    All