ပြေးရင်းလွှားရင်း စဉ်းစဉ်းစားစား။၂၀၁၃ရေ ခင်ဗျားကြီး သတိသာထားးးး

(၂၇-၁၂-၂၀၁၂)နေ့ ရေးဖွဲခဲ့ပါသောစာသားများကို ပြန်လည်တည်းဖြတ် အရေးအသား)

ပြေးနေလို့ အပြေးသမားခေါ်တာလား။အပြေးသမားဆိုလို့ပဲ ပြေးနေရတာလား။ဘာကြောင့်ပြေး၊

ဘာတွက်ပြေး၊ဘယ်လိုပြေး၊ဘယ်သူ့အတွက်ပြေး၊ဘယ်ချိန်ပြေး၊ဘာနဲ့ပြေးစသဖြင့်မေးခွန်းတွေကို

ဖြေရှင်းချိန်မရလောက်အောင် ကမန်းကတန်းပြေး။လွတ်ရာကျွတ်ရာပြေး။မြင်းတစ်ကောင်လိုခုန်ပျံကျော်လွှားပြေး။

အနည်းဆုံး ခွေးတစ်ကောင်လိုပေါ့ပါးဖျတ်လတ်ပြေး။လောလောဆယ်တော့ ၁၀ပေ ပတ်လည်အခန်းလေးထဲမှာ

ဆုံ လည် လှဲ့လို့ပြေး။ပြေးသလောက်ခရီးမပေါက်ဘူးဆိုချင်ဆို  ပြေးမြဲသာပြေး။

 ပြေးနိုင်မှ သာလွတ် ပြေးသာပြေး။ ရပ်လို့မဖြစ်ဘူး ပြေးသာပြေး။ လိုအပ်ရင်လိုအပ်သလို ဗျူဟာတွေသုံးလို့

အစီအမံတွေနဲ့ပြေး။  ရှေ့မှာမင်း အရပ်လောက် သာ ရှိတဲ့ တန်းကိုခုန်ကာလွှားကာပြေး။

ဖမ်းနေသူတွေကို မကြောက်နဲ့ ပြေးမြဲပြေး။ တဆင့်ခံ ခုန်ခု ကျော်လွှားစရာပေါ် အားကုန်ယူလို့ ခုန်ပျံပြေး။ 

ခုလိုလွတ်ပြီကျွတ်ပြီဆိုလဲရန်မအေးသေးဘူး ထပ်ခါပြေး။ နောက် မှာ အရှုံးမခံနိုင်လို့လိုက်နေကြတယ် ပြေး။

ပြေးလေ အကျိုးရှိလေ ဆိုသလို ပြေးသာပြေး။ဒီအိမ်နားပဲ တရစ်သီသီလုပ်မနေနဲ့လေ ပြေးမြဲပြေး။

ကျွေးမွေးနေတဲ့အဲ့ သခင်ကို မခွဲနိုင်လို့လား ပြေးသာပြေး။အပြင်မှာကိုယ်တိုင်ရှာဖွေမစားသောက်တတ်ဘူးလား

ပြေးမြဲ ပြေး။ ခွေးလေခွေးလွင့်တစ်ကောင်လောက်မှ သ တ္တိမရှိဘူးလားပြေးသာပြေး။

မင့်ကို ကျွေးမွေးစောက်ရှောက်လာတာ မေတ္တာတွေမဟုတ်ဘူး ပြေးမြဲ ပြေး။

မင့်ကို တယုတယ မွေးလာတာ ကြောင်တစ်ကောင်ကို  ချစ်လို့မွေးတာနဲ့မတူဘူး ပြေးသာပြေး။

မင့်ကို အစားကောင်းတွေ ကျွေးလာတာ ကောင်းကောင်းစားစေချင်လို့မဟုတ်ဘူး ပြေးမြဲ ပြေး။

တစ်နေ့တခြား အသားတွေတိုးပွားနေတဲ့မင့်ကို  တိုင်းထွာတွက်ချက်နေတာ သိပြီမဟုတ်လား ပြေးသာပြေး။  စားရေးသောက်ရေးအစ ကျန်းမာ ရေး အဆုံး မင့်ကိုမျက်စေ့ထောက်ထောက်ကြည့်နေပြီ ပြေးမြဲ ပြေး။

ပြေး ပြေးပြေး နောက်ပြန်မငဲ့နဲ့လွတ်အောင်ပြေး။ မင့်ကိုမိရင် ခွဲမယ်စိပ်မယ် လွတ်အောင်ပြေး။

ခွဲရင်စိပ်ရင် အစားနဲ့ အအိပ်ကလွဲပြီး ဘာမှ မင်းမသိတော့ဘူး ပြေးမြဲ ပြေး။

ခွဲပြီးစိပ်ပြီး တနေ့တခြား အသားတိုးပွားလာမဲ့ မင်းဟာ နေရ ၆ လ ဈေး ကွ့က်ရောက်မယ် ပြေးသာပြေး။

ခွေးလေခွေးလွင့်တွေတောင်မှ လမ်းဘေးအန်ဖတ်ခြောက်ကို ခြစ်ချုပ်ခွါစား အသက်ရှင်ကြသေးတယ် ပြေးမြဲပြေး။

မင့်ကျန်းမာရေးကို တစ်သက်တာ တာဝန်ယူပါတယ်ဆိုတဲ့ ဆရာဝန်ကြီးကိုယ်တိုင်က သင်းကွပ်မှာမို့ လွတ်အောင်ပြေး။မင့်နောက်မှာ နောက်တစ်ကောင်လိုက်မယ် ရှေ့ကပြေး။ နောက်တစ်ကောင်ပြေး။

တစ်ကောင်ပြီး တစ်ကောင်ပြေး။  ငါ့မှာသာ အဓမ္မပြုကျင့်ခံ မပေါ့မပါးကြီးနဲ့ မပြေးနိုင်လို့ မင်းတို့သာ   ပြေး။

ဝေးဝေးပြေးလေ အကျိုးရှိလေ ပြေးသာပြေး။ အတူပြေးချင်သူတွေကိုသာ ကူကာ ဖေးကာ စောင့်ရှောက်ပြေး။

တို့သခင်ဟာ လိုင်စင်ရ သားသတ်သမားကြီးဟေ့ ပြေးပြေးပြေး။

အကျိုးလို ညောင်ရေလောင်းသူတွေ လက်က   အရသာရှိရှိ  ပြေးမြဲ ပြေး။

ဖွဲစကွဲ နှမ်းဖတ်တွေထက် ကောင်းတဲ့အရာဟာ တို့ကို မျှော်နေသတဲ့ ပြေးသာ ပြေး။

အဆင်သင့်ရင် ငါလည်းလာမယ် ပြေး ဟေ့  ပြေး ။သဝေထိုးတဲ့ ပစောက် ရရစ်မှာ ၀စ္စပေါက်ကိုထည့်ပြီးပြေး။

ပြေးရင်းလွှားရင်း ဘယ်ကိုပြေးမယ်ဆိုတာတစ်ခုပဲ    စဉ်းစဉ်းစားစားပြေး ။                   ။


လူလန်း(၃၁-၁၂-၂၀၁၂)




Leave a Reply.

    Author

    ကျနော့်ကဗျာတွေကိုပဲ
    ခင်ဗျားတို့ကဗျာတွေဖြစ်စေအောင် ကျနော့်အသိအတတ်တွေနဲ့ ကျနော်စွမ်းသမျှ တင်ဆက်နေခြင်းဖြစ်ပါတယ်။

    Archives

    November 2012

    Categories

    All