ပွင့်သွားလို့ ဖွင့်ပေးရ သဘော တောနက်နက်ကြိးထဲ  

လမ်းပေါက်ပြီလား တောသုံးတောင်ဖေါက်ဆဲ    အလျှိုလျှိုအမြောင်မြောင်

စီမံစိမ့် စမ်းမြိုင်ဂနိုင် အရှုးံမပေး သံသယ သံသရာ

အလိုမပြည့်စွာ  ဂယက်ဝဲကတော့တွေဟာ ကိုယ်စီလင်းမှုခြင်းမှု ဗိုလ်လုပွဲအမီ

ခုမိထားတာ ကျနော်ကျမတို့ ထောင်ထားတဲ့ယုန်ကို

ခိုးယူစားသုံးနေတဲ့ ကြောင်ဖား ကြီးပါလားဆိုသလို

ကြီးခဲ့သမျှ မျက်ရည်ပေါက်ပေါက်တွေနဲ့ ပုံတူကောက်ကြောင်း သရုပ်မှာ

လူရုပ်မပီချင်ချင် တည့်တည့်တိတိလင်းလင်းထဲ

ကြယ်ဟာကြယ် ၊ တာရာဟာတာရာ ၊ဆိုလိုတာက

ဂြိုဟ်တွေမှာ ဂျို အမြီးပါမပါ မသေမချာသလိုမျိုး

အစုန်ခရီးသက်သက်ပီပီ အကြုံစီးသူတွေနဲ့အတူ၊

ဒဏ်ရာရ ပွဲနားသမားတွေများသလောက်  အရံပလေယာတွေကိုယ်တိုင်လဲ

ထိုင်ခုံနာမိဆိုတော့ ၊နည်းနဲ နဲ့ ကြဲကျဲဝိုင်းနေကြတဲ့နေ့

အဲဒီနေ့က  မ-------  ဟာ  ထမင်းမနပ်သေးဘူး။

ကျနော် က သတင်းမကြည့်လိုက်ရဘူး။

သမီးက စာမဖတ်လိုက်ရသလို ဂိမ်းမဆော့လိုက်ရတဲ့သားကလဲ တဆဲဆဲတဆိုဆို။

လိုအပ်ရင် ကွန်ချက်တွေ ပြကြပါစို့ဆိုဆို၊

လိုအပ်ရင်လိုအပ်သလို  လက်ဝင်လျှိုပေးပါ့မယ်ဆိုဆို။

သွေးလှူမယ်။နာရေးကူညီမယ်။သစ်ပင်စိုက်မယ်။ဟိုတစ်ဖွဲ့မယ်။ဒီတစ်သင်းမယ်။

ကူချင်သူတွေကစပြီး ကယ်ပါကူပါ တစာစာမယ်။

အဆက်နဲ့ အရှက် ပြတ်သွားတဲ့အနာဟာပြဿနာ။

အကျနာခဲ့ကြပါတယ်။ အတက် ကြာခဲ့ကြပါတယ်။အထိမ်းအမှတ်ပွဲသံအကြား

ခင်ဗျားတို့ဟာ ကျနော်ကျမတို့ကို ရှာဖွေတွေ့ရှိခဲ့ကြ။

မျှော်ခဲ့ရ။စောင့်ခဲ့ လက်ဝါးဖြန့်ခဲ့ရ။

အရသာကို ရှာဖွေခံစားတတ်ခဲ့ကြပါပြီ။

ချက်နည်းပြုတ်နည်းကြားဖူးနားဝမှာသာ ခြစ်ခြစ်တူးကျွမ်းခဲ့ရ။

ငါးကြော်ကဒီမှာ  ။ငါးကင်က ဟိုမှာ ။လက်ဝါးပြ လျက်ဆားရခဲ့

နှစ်ရှည်လများ စေတနာကမ်းပါးထဲ

ကွန်ချက်တွေ မပြ/မရ လေသမျှ  ဘ၀ဆိုတာ ခေါင်းတခြားကိုယ်တခြား  ပွင့်လင်း

လင်းလင်းချင်းချင်းနီ ရောင်စုံ လက်သီးလက်မောင်းတဗွက်ဗွက်

ကိုယ့်အူအခွေကြီးကိုပဲ အထွေးလိုက်ပွေ့ပိုက် အခြေ(က)ခံ


လူလန်း(၃-၁-၂၀၁၃/၁၁း၃၄)




Leave a Reply.

    Author

    ကျနော့်ကဗျာတွေကိုပဲ
    ခင်ဗျားတို့ကဗျာတွေဖြစ်စေအောင် ကျနော့်အသိအတတ်တွေနဲ့ ကျနော်စွမ်းသမျှ တင်ဆက်နေခြင်းဖြစ်ပါတယ်။

    Archives

    November 2012

    Categories

    All