နှစ်ဦးသဘောတူဟန် လက်မှတ်ထိုးကြ ဟောဒီ ဆာဗေးကြီးနဲ့။

မျက်စိ မျက်နာပျက် အမှတ်ပေးစည်းမျဉ်းတွေနဲ့၊

ငါဟာ ငါ့ကို ကွင်းစွပ် ကိုင်းထောင်။

အဲဒီကြိုးထဲ ငါဟာ ငါလို ကြိုးစားရင်း ကျိုးပဲ့ရ။

ဘ၀အခြေခံ ငါ့မူအရ ငါဟာ လိင်မကွဲပြားရ။

တစ်လိမ်နှစ်လိမ် သူုံးပင်လိမ် သုံးလွန်းတင်ကြိုးတွေနဲ့။

ခင်ဗျားကိုမလိမ်ချင်လို့။ငါ့ကို မလိမ်ကြပါနဲ့။

ညှစ်တာဖြစ်ဖြစ် ၊ညာတာဆိုဆို  သူ့ကို မလိမ်ဖို့၊ ငါ့ကိုမလိမ်ဖို့။

ကြိုးကြီးချိတ် အလိမ်အဆင်ကြီးနဲ့ ခင်ဗျားကို ခင်ဗျားက ဖိုးတွမ်တီး လို့။

ဟုတ်ကဲ့ပါ (၄၁၇)၊သူ့ပါးစပ်မှာ ငါဟာလမ်းဆုံးပါသလားတွေကအစ၊

အပေး အကမ်း ထုံးစံ ထုံမွှမ်းတွေ အလယ်၊ နောက်ဆုံး-

မူကြိုကအစ ဘ၀ဟာ ကန့်ကူလက်လှဲ့မှာ လက်ကနဲ လက်ကနဲ။

အမှန်ခြစ်တွေ တလက်လက်ရေး  ၊အလင်းဟာ ပန်းတလိမ် နန်းတလိမ်။

ကိုယ့်ကိုယ်ကို အလိမ္မာဟန် စာရိတ္တနဲ့ ခိုးယူပေါင်းသင်း။

ရှေ့ပြေးဆိုက်ရောက်လာတာ အထူး (၄၉၇)ကြီးပါခင်ဗျာ----

ဒါဆို  ယူသူထက် ပေးချင် ကမ်းချင်သူတွေ များလှချည့်၊

ချည့်ချည့်နဲ့နဲ့ ဟာ ကမ်းကုန်ပေါ့၊ ပိပိရိရိဟာ ကန်းကုန်။

အခြေအနေအရ -ကိုယ်ကျင့် ဟာ ကိုယ့်ကိုယ်ကို ကျင့်ကြံခဲ့။

ငါ့ကို ငါက (၃၇၆)ရာက ငါ့အား အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နဲ့။

ငါ့မှာ လူသားဖြစ်ခြင်းတွေနဲ့။တန်းတူရပိုင်ခွင့်တွေနဲ့။

ငါ့ကို လွတ်ငြိမ်းချမ်းသာပါ။ ငါ့အား အူမတောင့်ခွင့်ပေးပါ။

ငါ့အပေါ် သင်ပုန်းချေပါ။ ငါ့အား အများအကျိုးဆောင်ပါ။

ငါဟာ သူကောင်းဖြစ်ချင်လို့။ငါလည်း ခြေရာလည်းကြီးချင်လို့။

ကိုယ်စီ ကိုယ်စီမှာ တင်ပြအပ်ပါသည်  ဒဏ်ရာတွေ ဗရပွနဲ့၊

တစ်ယောက်ကို တစ်ယောက်က  ဇာတ်လမ်းမဲ့

တစ်ဦးကိုတစ်ဦးက ဗဟိုခွါ၊ အချင်းချင်း အပြန်အလှန် ဖျင်နွှာ၊

ကိုယ်တိုင်သာ လင်စိတ်သားစိတ် ကုန်ပါလေမှ

ပြစ်မှုထင်ရှားပါသဖြင့်  ကွင်းလုံးကျွတ် စေ -----။              ။


                                  

                                                            လူလန်း(၁၉-၂-၂၀၁၃)




Leave a Reply.

    Author

    ကျနော့်ကဗျာတွေကိုပဲ
    ခင်ဗျားတို့ကဗျာတွေဖြစ်စေအောင် ကျနော့်အသိအတတ်တွေနဲ့ ကျနော်စွမ်းသမျှ တင်ဆက်နေခြင်းဖြစ်ပါတယ်။

    Archives

    November 2012

    Categories

    All