ကာ/ကွယ်/ထိုး/သူ/ငါ/ခင်ဗျား/ဆေး/----------မှတဆင့်------------(လူလန်း)

 ဥပမာ-ကျန်းမာရေးရှုထောင့် အရ/သုံးမှန်းချေ မဟုတ်ဘူးပေါ့။

ပိုးအရှင် ကာကွယ်ဆေးတွေလို ရောက်ရှိလို့ လာပါပြီ  ကူ ကယ် အစီ အမံများ။

အညွှန်းအရ 2-8ံC တွင်သာ ထားရှိပါဆိုတော့ ခင်ဗျား ရေခဲသေတ္တာကြီး ပြင်ပြီး ပလား။

ပြီးပြီ။မိုင်ပေါင်း၄၀၀ကျော်အကွာ ကျွန်တော့် လက် အရေပြားထဲ ထိုးပြီးပြီ။

(အဲဒီနေ့က မြွေဆိပ်ဖြေဆေးအတုတွေလို ကျေးဇူးရှင်တွေ ဖမ်းဆီးရမိတယ် ဆိုတဲ့နေ့)

စကားမစပ်-၂၀၁၂ခုနှစ်တွင် ခွေးရူးပျံရောဂါနဲ့ သေဆုံးသူ ဦးရေ ၂၀၀ ကျော်ခဲ့ သတဲ့။

ဒါဆို ဒီနေ့ထိ ကျွန်တော်  B ပိုး ၀င်/မ၀င်  ပြန်စစ်ရဦးမယ်။

အာမခံတယ်။ အာမခံပါ။ ဘယ်သူမမှု   မိမိပြုကြီး များခင်ဗျာ ။

ခေတ်အဆက်ဆက် လှေကားလုပ်ပြီ တက်နင်းခံရမှုကြီးနဲ့အတူတူ

မိဘပြည်သူ စိတ္တဇနာမ်ကြီးနဲ့ ဟောဒီဝါကျကို လှိုင်လှိုင်ကြီး တည်ဆောက်လို့ ။

ကျေးဇူးပြုပြီး-နေရောင်ထိမှန် ခင်ဗျား ကာကွယ်ဆေးပုလင်းတွေကို ဖျက်သိမ်းပေးပါ-

-ဆိုတော့-ဆရာဝန်သည် အတတ်ပညာကိုသာ အာမခံတယ် ခေတ်ကြီးထဲ-လာပါပြီ ဗျာ-

အထူးအစီအစဉ် အရေးကြီးအဆို တင်သွင်းရသလိုမျိုး

(ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်ပါသည်)

ကျွန်တော်တို့ ထမင်းတစ်နပ်လျှော့စားရင် ချမ်းသာမည် ဆိုသလိုမျိုး

(အသန့်ကြိုက်လွန်းခြင်းသည်လည်း  ရောဂါ တစ်မျိုးဖြစ်သည်)

D  ပိုးဟာ ငါ သူတပါး ယောင်္ကျား မိန်းမ မရွေး ပါးစပ်ပေါက်မှတဆင့် ကူးစက်သွားသလိုမျိုး

ဓလေ့နဲ့ ထုံးစံနဲ့ ခေတ်စနစ်နဲ့ ရေလိုက်ငါးလိုက်နဲ့ ငါးခုံးမတစ်လှေနဲ့

မြန်မာ မြန်မြန်မာစေရေးးးခင်ဗျားရေခဲသေတ္တာကြီး ကောင်းကောင်းအေးစေကြောင်း

မျက်စိနဲ့ ကြားမှတော့ နား နဲ့လည်း မြင်တတ်ပါပြီ  ရက်လွန်ကံကြမ္မာများ  ။

                           လူလန်း(၂၁-၂-၂၀၁၃)




Leave a Reply.

    Author

    ကျနော့်ကဗျာတွေကိုပဲ
    ခင်ဗျားတို့ကဗျာတွေဖြစ်စေအောင် ကျနော့်အသိအတတ်တွေနဲ့ ကျနော်စွမ်းသမျှ တင်ဆက်နေခြင်းဖြစ်ပါတယ်။

    Archives

    November 2012

    Categories

    All