။GREENS IN WHITES ၂။ရွက်စိမ်းရိုးတံ ၃။အငုံအဖူးများby Lu Lann on Sunday, January 6, 2013 at 7:36pm ·(၁)

EYES, EARS IN EGOS

LIGHT IN DARK

MIND IN MATTER

I SEE NOTHING.

THINGS GREEN IN WHITE.

MY EYES HAVE GONE MAD.

SAINTS HAVE PAST.

FOOLS HAVE FUTURE.

BEYOND THIS , MORE WILL BE.

JUST LIVING IN NIGHTS.

(၂)

တံလျပ် ငွေ့တောထဲက

မျက်ဝန်းတွေနဲ့ နားကြပ်တွေ

ဝင်္ကပါတောထဲက ကြယ်လင်းပြာလေးရယ်။

ဖွာရှိုက်နေတဲ့  ဘော့တိုလေးရယ်-

ငါ..ဘာ---မှ မမြင်ရဘူး….

ဘာမှ---မမြင်ရဘူးလေ……….ငါ…..။

မျက်နှာဖုံးစွပ်   အလင်းဖြူ

ရူးသွပ်ခြင်းမှာ  ငါ့မျက်လုံးတွေလေ.

အမှောင်မဲ့ ညတွေရဲ့        ခြေရာဟောင်း

အိပ်ရေးပျက်မြစ်တွေ………ပင်လယ်ဆီ.

……အလွန်တွေရဲ့ အလွန်….

အို…………….

မီးခိုးငွေ့ လှိုင်းတွေထဲက.

အိပ်မက် ခြေရာ တွေရယ်သာ…..။

(၃)

အမှောင်ညရဲ့ ဗဟိုချက် တည့်တည့် ကြီးထဲ မိုးကြိုးအလင်းလို ထိုးဖေါက်

ကိုယ်တိုင်က စက်ကွင်းလွတ်ရာ ပြိုးပြိုးပြက်နေသူ ကိုယ့်အရေးအမြော်အမြင်

ခင်ဗျားတို့ နားပါးကြီးတွေ  လိုင်းဆွဲအားကောင်းလှချည့်

ဖူးခဲ့ပါပြီ။သီးခဲ့ပါပြီ။မှည့်ခဲ့ပါပြီ။ခုလို အမှည့်လွန်ကာလထိ ကသမ်းကရမ်း

အပုတ်နံ့ ကူးစက်ရောဂါတွေ ဖြန့်ဝေ လက်သရမ်းလို့

နောက်မှာ တငုံ့ငုံ့ အငုံလေးတွေ ခေါင်းလေး မရဲတရဲ ဖေါ်လို့ ကျီးလန့်စာစား

သီးကင်းလေးတွေနဲ့ပဲ  အသီးတွေကင်းရတော့မှာလား

မြင်သာမြင် မကြင်ရသလို  ရူးသွပ်ရပါပြီ    ဒီဥယျာဉ်ကြီးထဲ

သန့်ရှင်းလတ်ဆတ်အရသာတွေ လျှာမထိရတော့ဘူးလား။

အကောင်းတွေ အမွန်တွေ လမ်းဆုံးခဲ့ပြီလား။

ဆင်ကြံကြံ ချိုထောင်ကားယားကြီးသာ ကျွန်တော်တို့ အနာဂတ်လား။

ပင်ပျိုတွေမှာသာ အငုံအဖူးတွေနဲ့ တစ်ပင်လုံး ညွတ် ကိုင်း။

အမှောင်ည အိပ်မက်လှိုင်းတွေထဲမှာ         ။             ။

ကျော်ကြီး(KWN)/ SHIN THANT(TLO) / လူလန်း

(1994-95ခုနှစ်ခန့်က ငယ်သူငယ်ချင်း ၂ယောက်

(၁)ကျော်ကြီး(KWN)ကENGLISHလို စရေးသောကဗျာကို  ဖတ်ပြီး

(၂) SHIN THANT(TLO)က သူအာရုံရရာစကားလုံးဖြင့် ကဗျာရေးဖွဲ့ခဲ့ခြင်းအပေါ်

(၃) ကျနော်လူလန်း က ကျနော်အာရုံရရာစကားလုံးဖြင့် နောက်ယောင်ခံ

ရေးဖွဲ့ထားခြင်းဖြစ်ပါကြောင်း။အ၇သာတစ်မျိုးစီ တွေ့မည်ဟု ထင်မြင်ပါကြောင်း။)


လန်းလန်းရေ အခုကဗျာလေးကိုလဲ နှစ်သက်မိပါတယ်

Reply



Leave a Reply.

    Author

    ကျနော့်ကဗျာတွေကိုပဲ
    ခင်ဗျားတို့ကဗျာတွေဖြစ်စေအောင် ကျနော့်အသိအတတ်တွေနဲ့ ကျနော်စွမ်းသမျှ တင်ဆက်နေခြင်းဖြစ်ပါတယ်။

    Archives

    November 2012

    Categories

    All