ကာ/ကွယ်/ထိုး/သူ/ငါ/ခင်ဗျား/ဆေး/----------မှတဆင့်------------(လူလန်း)

 ဥပမာ-ကျန်းမာရေးရှုထောင့် အရ/သုံးမှန်းချေ မဟုတ်ဘူးပေါ့။

ပိုးအရှင် ကာကွယ်ဆေးတွေလို ရောက်ရှိလို့ လာပါပြီ  ကူ ကယ် အစီ အမံများ။

အညွှန်းအရ 2-8ံC တွင်သာ ထားရှိပါဆိုတော့ ခင်ဗျား ရေခဲသေတ္တာကြီး ပြင်ပြီး ပလား။

ပြီးပြီ။မိုင်ပေါင်း၄၀၀ကျော်အကွာ ကျွန်တော့် လက် အရေပြားထဲ ထိုးပြီးပြီ။

(အဲဒီနေ့က မြွေဆိပ်ဖြေဆေးအတုတွေလို ကျေးဇူးရှင်တွေ ဖမ်းဆီးရမိတယ် ဆိုတဲ့နေ့)

စကားမစပ်-၂၀၁၂ခုနှစ်တွင် ခွေးရူးပျံရောဂါနဲ့ သေဆုံးသူ ဦးရေ ၂၀၀ ကျော်ခဲ့ သတဲ့။

ဒါဆို ဒီနေ့ထိ ကျွန်တော်  B ပိုး ၀င်/မ၀င်  ပြန်စစ်ရဦးမယ်။

အာမခံတယ်။ အာမခံပါ။ ဘယ်သူမမှု   မိမိပြုကြီး များခင်ဗျာ ။

ခေတ်အဆက်ဆက် လှေကားလုပ်ပြီ တက်နင်းခံရမှုကြီးနဲ့အတူတူ

မိဘပြည်သူ စိတ္တဇနာမ်ကြီးနဲ့ ဟောဒီဝါကျကို လှိုင်လှိုင်ကြီး တည်ဆောက်လို့ ။

ကျေးဇူးပြုပြီး-နေရောင်ထိမှန် ခင်ဗျား ကာကွယ်ဆေးပုလင်းတွေကို ဖျက်သိမ်းပေးပါ-

-ဆိုတော့-ဆရာဝန်သည် အတတ်ပညာကိုသာ အာမခံတယ် ခေတ်ကြီးထဲ-လာပါပြီ ဗျာ-

အထူးအစီအစဉ် အရေးကြီးအဆို တင်သွင်းရသလိုမျိုး

(ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်ပါသည်)

ကျွန်တော်တို့ ထမင်းတစ်နပ်လျှော့စားရင် ချမ်းသာမည် ဆိုသလိုမျိုး

(အသန့်ကြိုက်လွန်းခြင်းသည်လည်း  ရောဂါ တစ်မျိုးဖြစ်သည်)

D  ပိုးဟာ ငါ သူတပါး ယောင်္ကျား မိန်းမ မရွေး ပါးစပ်ပေါက်မှတဆင့် ကူးစက်သွားသလိုမျိုး

ဓလေ့နဲ့ ထုံးစံနဲ့ ခေတ်စနစ်နဲ့ ရေလိုက်ငါးလိုက်နဲ့ ငါးခုံးမတစ်လှေနဲ့

မြန်မာ မြန်မြန်မာစေရေးးးခင်ဗျားရေခဲသေတ္တာကြီး ကောင်းကောင်းအေးစေကြောင်း

မျက်စိနဲ့ ကြားမှတော့ နား နဲ့လည်း မြင်တတ်ပါပြီ  ရက်လွန်ကံကြမ္မာများ  ။

                           လူလန်း(၂၁-၂-၂၀၁၃)

 
နှစ်ဦးသဘောတူဟန် လက်မှတ်ထိုးကြ ဟောဒီ ဆာဗေးကြီးနဲ့။

မျက်စိ မျက်နာပျက် အမှတ်ပေးစည်းမျဉ်းတွေနဲ့၊

ငါဟာ ငါ့ကို ကွင်းစွပ် ကိုင်းထောင်။

အဲဒီကြိုးထဲ ငါဟာ ငါလို ကြိုးစားရင်း ကျိုးပဲ့ရ။

ဘ၀အခြေခံ ငါ့မူအရ ငါဟာ လိင်မကွဲပြားရ။

တစ်လိမ်နှစ်လိမ် သူုံးပင်လိမ် သုံးလွန်းတင်ကြိုးတွေနဲ့။

ခင်ဗျားကိုမလိမ်ချင်လို့။ငါ့ကို မလိမ်ကြပါနဲ့။

ညှစ်တာဖြစ်ဖြစ် ၊ညာတာဆိုဆို  သူ့ကို မလိမ်ဖို့၊ ငါ့ကိုမလိမ်ဖို့။

ကြိုးကြီးချိတ် အလိမ်အဆင်ကြီးနဲ့ ခင်ဗျားကို ခင်ဗျားက ဖိုးတွမ်တီး လို့။

ဟုတ်ကဲ့ပါ (၄၁၇)၊သူ့ပါးစပ်မှာ ငါဟာလမ်းဆုံးပါသလားတွေကအစ၊

အပေး အကမ်း ထုံးစံ ထုံမွှမ်းတွေ အလယ်၊ နောက်ဆုံး-

မူကြိုကအစ ဘ၀ဟာ ကန့်ကူလက်လှဲ့မှာ လက်ကနဲ လက်ကနဲ။

အမှန်ခြစ်တွေ တလက်လက်ရေး  ၊အလင်းဟာ ပန်းတလိမ် နန်းတလိမ်။

ကိုယ့်ကိုယ်ကို အလိမ္မာဟန် စာရိတ္တနဲ့ ခိုးယူပေါင်းသင်း။

ရှေ့ပြေးဆိုက်ရောက်လာတာ အထူး (၄၉၇)ကြီးပါခင်ဗျာ----

ဒါဆို  ယူသူထက် ပေးချင် ကမ်းချင်သူတွေ များလှချည့်၊

ချည့်ချည့်နဲ့နဲ့ ဟာ ကမ်းကုန်ပေါ့၊ ပိပိရိရိဟာ ကန်းကုန်။

အခြေအနေအရ -ကိုယ်ကျင့် ဟာ ကိုယ့်ကိုယ်ကို ကျင့်ကြံခဲ့။

ငါ့ကို ငါက (၃၇၆)ရာက ငါ့အား အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နဲ့။

ငါ့မှာ လူသားဖြစ်ခြင်းတွေနဲ့။တန်းတူရပိုင်ခွင့်တွေနဲ့။

ငါ့ကို လွတ်ငြိမ်းချမ်းသာပါ။ ငါ့အား အူမတောင့်ခွင့်ပေးပါ။

ငါ့အပေါ် သင်ပုန်းချေပါ။ ငါ့အား အများအကျိုးဆောင်ပါ။

ငါဟာ သူကောင်းဖြစ်ချင်လို့။ငါလည်း ခြေရာလည်းကြီးချင်လို့။

ကိုယ်စီ ကိုယ်စီမှာ တင်ပြအပ်ပါသည်  ဒဏ်ရာတွေ ဗရပွနဲ့၊

တစ်ယောက်ကို တစ်ယောက်က  ဇာတ်လမ်းမဲ့

တစ်ဦးကိုတစ်ဦးက ဗဟိုခွါ၊ အချင်းချင်း အပြန်အလှန် ဖျင်နွှာ၊

ကိုယ်တိုင်သာ လင်စိတ်သားစိတ် ကုန်ပါလေမှ

ပြစ်မှုထင်ရှားပါသဖြင့်  ကွင်းလုံးကျွတ် စေ -----။              ။


                                  

                                                            လူလန်း(၁၉-၂-၂၀၁၃)

 
အဆောက်အအုံလွန်  ကမ္ဘာကြည့် သာဂိ သီအိုရီ

 

ရေကုန်သွား ပြီလား။ဂျာအေးသားအမိ လယ်ယာ။လက်တွေ လေထဲမှာ။

(မိသားစုဝင်တစ်ဦးဦး အိမ်မှ ထွက်ခွါ)

မင်္ဂလာဦးခန်းဝင် နွားမသားအမိနှစ်ကောင်ကို ရောင်းချလို့

ဘုတ်ဆုံမဟာ သာဂိကို မလေးပို့ခဲ့။

(ဇာတ်လိုက်က သူ့အပေါ်တားမြစ်ချက်တွေကို ချိုးဖေါက်)

ညနေ ၆နာရီတိတိမှာ သာဂိဖုန်းဆက်မည်ဖြစ်ပါ၍ ဘုတ်ဆုံမ အမြန်လာပါ။

(ဗီလိန်ဟာ ဇာတ်လိုက်ရဲ့ ပတ်ဝန်းကျင်သို့ ရောက်အောင်ကြိုးစား)

အရစ်ကျသွင်း ၂သိန်းတန် ဖုန်းဝယ်ပြီးကြောင်း သာဂိကို ဘုတ်ဆုံမ သတင်းပေးတယ်။

(ဇာတ်လိုက်ဟာ လှည့်ဖြားခံရတော့မဲ့ အခြေအနေဆီ ရောက်)

ည ၉နာရီနောက်ပိုင်း ဖုန်းခေါ်တိုင်း စက်ပိတ်ထားတတ်တဲ့ ဘုတ်ဆုံမကို သာဂိမကျေနပ်ဘူးတဲ့။

(လူဆိုးဟာ မိသားစု အဖွဲ့ဝင်တစ်ဦးဦးကို အန္တရာယ်ပေး-သို့မဟုတ်-

မိသားစု ၀င်တစ်ဦးဦးဟာ တစ်ခုခုကိုလိုအပ်နေ)

အချိန်ပို ဆင်းဆင်းနေလို့သာ တစ်လ တစ်သိန်းနှစ်သိန်းပို့နိုင်တာဆိုပဲ။

(ဇာတ်လိုက်ဟာ အပြောင်းအရွေ့လုပ်ရ-သို့မဟုတ်-သူရှာဖွေမဲ့အရာဆီ ဦးတည်သွား)

သားနဲ့လည်း စကားပြောရအောင် ညနေ၆နာရီပဲဖုန်းဆက်ပါ ကိုသာဂိ တဲ့။

(ဇာတ်လိုက်ဆီ ခက်ခဲတဲ့ အလုပ်ရောက်လာ)

နောက်ထပ်နှစ်တိုးနေမှ သားလေး အောင်ဘု ကို ရှင်ပြုနိုင်မှာ ကွ။

(အတုအယောင် ဇာတ်လိုက်ဟာ ဇာတ်လိုက်မဟုတ်ကြောင်း ထင်ရှားသွား)

ခုဆို အောင်ဘုမှာ ညီလေး တစ်ယောက်ရနေပြီ။

(ဇာတ်လိုက်နောက်ကို တစ်ခုခုဟာလိုက်နေ)

မကြာမီပြန်လာတော့မဲ့ သာဂိကို ကုန်းဖေါ်ရုန်းဖက်တွေက  စုတ်တသတ်သတ်နဲ့။

(ဥပမာ- ဗီလိန်မကျဆုံးဘဲ ဗီလိန်ဟာ အပြစ်ပေးခံရ ဖို့ဆိုတာ မဖြစ်နိုင်ဘူး)


 

လူလန်း(၁၃-၂-၂၀၁၃)

(--------)အတွင်းမှ စာသားများသည် ဆရာမင်းခက်ရဲ၏ ခေတ်ပြိုင်စာပေဝေဖန်ရေးနှင့်

သီအိုရီ-လက်တွေ့စာအုပ်-စာ-၃၉ပါ-ဇာတ်လမ်းအဆောက်အအုံစိစစ်မှုပညာဆောင်းပါးမှ စာသားများဖြစ်ပါသည်

 
 ·ပွင့်ဖူးတွေ တဝေေ၀နဲ့  မိုးမမြင် လေမမြင်။

-မြင့်နေသူတွေမှာ  အနိမ့်ကြောက်ရောဂါဝင်နေသလို။

ကျန်းခန့်သာလို့ မာ ပါစ    ကုတင်ရွှေနန်းကြီးခင်ဗျာ-။

ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းရဲ့ အဓိပ္ပါယ်ဟာ ထွေပြား-။

ထင်ရာမြင်ရာ-ကိုယ်ရေးအရာရှိ စိတ်တော်သိတွေနဲ့။

ညာ လက်ညှိုးလေးတကွေးကွေး  သီချင်းလေး တအေးအေးအေးနဲ့။

မှိန်တလှဲ့ ဖျော့တခါ ကျွန်တော်ကျွန်မတို့မှာ

 အဖအမည်နဲ့  နိုင်ငံသားမှတ်ပုံတင်အမှတ်သာ ကိုယ်စီ ပိုင်ခွင့် ဥစ္စာ။

 ရုပ်မပျက်ဘူးပေါ့  ။  အနံ့မထွက်ဘူးပေါ့ ။ လျှော့ တွက် လို့မရဘူးပေါ့။

ဆိုတော့    တဟုတ်ဟုတ်  တကဲ့ကဲ့နဲ့   ဟုတ်ကဲ့တွေကပဲ  မသေ မဆုံး သတ္တ၀ါလိုလို။

တဆင့်ပြီးတဆင့် ၀ံ့စား ဟုတ်ကဲ့။တက်ကြွ ဟုတ်ကဲ့။ သွေးဆူ ဟုတ်ကဲ့။

ငါ့သူငယ်ချင်းတွေကိုယ်စား  လက်စားချေကြရပါသတဲ့   ဟုတ်ကဲ့။

သားသူငယ်ချင်းရဲ့ အဖေဟာ တစစီပြန်ကောက်ယူရတယ်ဆိုသလိုမျိုး

ခြေတစ်ချောင်း နဲ့ ။ချိုင်းထောက်နဲ့။ တစ်ဖက်လပ်မျက်စိတွေနဲ့။

မိဘမဲ့နဲ့ ။ သားထောက်သမီးခံ မဲ့နဲ့။ လေနှင်ရာ လွင့်ဝဲပျောက်ကွယ် အနာဂတ်မီးခိုးမှိုင်းတွေနဲ့။

အမာရွတ်ပေါ် အနာဆင့် အထပ်မြင့်ချုပ်ရိုး  ဒဏ်ရာ  မကျက်တကျက်တွေနဲ့။။

ရာဇ ၀င် ချင်ချင် အဖြူဟန်ဆောင်အညစ်အခတ်တွေနဲ့။

ကိုယ့်အကွဲအပြဲ ကို ပဲ ကိုယ်တိုင် ကိုယ့်လျှာနဲ့လျက်လို့--ပိုးမွှားသန့်စင်နေရသလိုမျိုး။

ဟိုဘက် သည်ဘက် ကိုယ်စီ ပဲ့တင် ဘာသာစကားတွေ  က

အဖေရေ--အဲ့ရန်သူတွေကို သတ်ပြီးမှ ပြန်လာခဲ့ပါ ဆိုသလိုမျိုးး

တံတားတစ်စင်းအောက်မှာ နှစ်ခါစီးတဲ့ မြစ်     မရှိပါ ဆိုသလိုမျိုးးးး

ညီအကိုတွေပါ။မောင်နှမတွေပါ။တူအရီးတွေပါ။ခမည်းခမက်တွေပါ။သမီးသမက်တွေပါ။

တစ်ကမ္ဘာထဲနေ တစ်ဝမ်းကွဲ ပြိတ္တာ ဘုံသားတွေအချင်းချင်း

သမိုင်းကို ပဲ ရန်သူတော်စာရင်းလို အလွတ်ကျက်မှတ် သရဇ္ဈာယ်နေကြ။

တစ်အိမ်ထောင်ထဲမှာတောင် အမေနဲ့သား။အဖေနဲ့ သမီးအပြင် ။ အတွဲအလွဲ အကွဲအပြဲ အခြေခံ ကြ ။

တိုက်ကြက်တွေဟာ သူတို့အရိပ်ကို သူတို့မှန်း  မသိလို့ ကြည့်မှန်ကို ခြေစုံ ကန် ခွပ်နေရကြ။

ကိုယ်စီဘောလုံးတွေနဲ့ ကိုယ့်ဂိုးကိုပြန်သွင်းနေတဲ့ လေ့ကျင့် ကွင်းကြီးနဲ့ အတူသာ

အို -----ငါတို့များးးးးးးး

မှတပါး အခြားမရှိတော့ဘူးလား  

 

ငြိမ်းချမ်းရေးဆိုသည်ကား

စင်္ကြာဝတေး  မင်းကြီးတစ်ပါးလိုလို     ။                         ။

 

လူလန်းးးးး

 

    Author

    ကျနော့်ကဗျာတွေကိုပဲ
    ခင်ဗျားတို့ကဗျာတွေဖြစ်စေအောင် ကျနော့်အသိအတတ်တွေနဲ့ ကျနော်စွမ်းသမျှ တင်ဆက်နေခြင်းဖြစ်ပါတယ်။

    Archives

    November 2012

    Categories

    All