ပြေးရင်းလွှားရင်း စဉ်းစဉ်းစားစား။၂၀၁၃ရေ ခင်ဗျားကြီး သတိသာထားးးး
(၂၇-၁၂-၂၀၁၂)နေ့ ရေးဖွဲခဲ့ပါသောစာသားများကို ပြန်လည်တည်းဖြတ် အရေးအသား)
ပြေးနေလို့ အပြေးသမားခေါ်တာလား။အပြေးသမားဆိုလို့ပဲ ပြေးနေရတာလား။ဘာကြောင့်ပြေး၊
ဘာတွက်ပြေး၊ဘယ်လိုပြေး၊ဘယ်သူ့အတွက်ပြေး၊ဘယ်ချိန်ပြေး၊ဘာနဲ့ပြေးစသဖြင့်မေးခွန်းတွေကို
ဖြေရှင်းချိန်မရလောက်အောင် ကမန်းကတန်းပြေး။လွတ်ရာကျွတ်ရာပြေး။မြင်းတစ်ကောင်လိုခုန်ပျံကျော်လွှားပြေး။
အနည်းဆုံး ခွေးတစ်ကောင်လိုပေါ့ပါးဖျတ်လတ်ပြေး။လောလောဆယ်တော့ ၁၀ပေ ပတ်လည်အခန်းလေးထဲမှာ
ဆုံ လည် လှဲ့လို့ပြေး။ပြေးသလောက်ခရီးမပေါက်ဘူးဆိုချင်ဆို ပြေးမြဲသာပြေး။
ပြေးနိုင်မှ သာလွတ် ပြေးသာပြေး။ ရပ်လို့မဖြစ်ဘူး ပြေးသာပြေး။ လိုအပ်ရင်လိုအပ်သလို ဗျူဟာတွေသုံးလို့
အစီအမံတွေနဲ့ပြေး။ ရှေ့မှာမင်း အရပ်လောက် သာ ရှိတဲ့ တန်းကိုခုန်ကာလွှားကာပြေး။
ဖမ်းနေသူတွေကို မကြောက်နဲ့ ပြေးမြဲပြေး။ တဆင့်ခံ ခုန်ခု ကျော်လွှားစရာပေါ် အားကုန်ယူလို့ ခုန်ပျံပြေး။
ခုလိုလွတ်ပြီကျွတ်ပြီဆိုလဲရန်မအေးသေးဘူး ထပ်ခါပြေး။ နောက် မှာ အရှုံးမခံနိုင်လို့လိုက်နေကြတယ် ပြေး။
ပြေးလေ အကျိုးရှိလေ ဆိုသလို ပြေးသာပြေး။ဒီအိမ်နားပဲ တရစ်သီသီလုပ်မနေနဲ့လေ ပြေးမြဲပြေး။
ကျွေးမွေးနေတဲ့အဲ့ သခင်ကို မခွဲနိုင်လို့လား ပြေးသာပြေး။အပြင်မှာကိုယ်တိုင်ရှာဖွေမစားသောက်တတ်ဘူးလား
ပြေးမြဲ ပြေး။ ခွေးလေခွေးလွင့်တစ်ကောင်လောက်မှ သ တ္တိမရှိဘူးလားပြေးသာပြေး။
မင့်ကို ကျွေးမွေးစောက်ရှောက်လာတာ မေတ္တာတွေမဟုတ်ဘူး ပြေးမြဲ ပြေး။
မင့်ကို တယုတယ မွေးလာတာ ကြောင်တစ်ကောင်ကို ချစ်လို့မွေးတာနဲ့မတူဘူး ပြေးသာပြေး။
မင့်ကို အစားကောင်းတွေ ကျွေးလာတာ ကောင်းကောင်းစားစေချင်လို့မဟုတ်ဘူး ပြေးမြဲ ပြေး။
တစ်နေ့တခြား အသားတွေတိုးပွားနေတဲ့မင့်ကို တိုင်းထွာတွက်ချက်နေတာ သိပြီမဟုတ်လား ပြေးသာပြေး။ စားရေးသောက်ရေးအစ ကျန်းမာ ရေး အဆုံး မင့်ကိုမျက်စေ့ထောက်ထောက်ကြည့်နေပြီ ပြေးမြဲ ပြေး။
ပြေး ပြေးပြေး နောက်ပြန်မငဲ့နဲ့လွတ်အောင်ပြေး။ မင့်ကိုမိရင် ခွဲမယ်စိပ်မယ် လွတ်အောင်ပြေး။
ခွဲရင်စိပ်ရင် အစားနဲ့ အအိပ်ကလွဲပြီး ဘာမှ မင်းမသိတော့ဘူး ပြေးမြဲ ပြေး။
ခွဲပြီးစိပ်ပြီး တနေ့တခြား အသားတိုးပွားလာမဲ့ မင်းဟာ နေရ ၆ လ ဈေး ကွ့က်ရောက်မယ် ပြေးသာပြေး။
ခွေးလေခွေးလွင့်တွေတောင်မှ လမ်းဘေးအန်ဖတ်ခြောက်ကို ခြစ်ချုပ်ခွါစား အသက်ရှင်ကြသေးတယ် ပြေးမြဲပြေး။
မင့်ကျန်းမာရေးကို တစ်သက်တာ တာဝန်ယူပါတယ်ဆိုတဲ့ ဆရာဝန်ကြီးကိုယ်တိုင်က သင်းကွပ်မှာမို့ လွတ်အောင်ပြေး။မင့်နောက်မှာ နောက်တစ်ကောင်လိုက်မယ် ရှေ့ကပြေး။ နောက်တစ်ကောင်ပြေး။
တစ်ကောင်ပြီး တစ်ကောင်ပြေး။ ငါ့မှာသာ အဓမ္မပြုကျင့်ခံ မပေါ့မပါးကြီးနဲ့ မပြေးနိုင်လို့ မင်းတို့သာ ပြေး။
ဝေးဝေးပြေးလေ အကျိုးရှိလေ ပြေးသာပြေး။ အတူပြေးချင်သူတွေကိုသာ ကူကာ ဖေးကာ စောင့်ရှောက်ပြေး။
တို့သခင်ဟာ လိုင်စင်ရ သားသတ်သမားကြီးဟေ့ ပြေးပြေးပြေး။
အကျိုးလို ညောင်ရေလောင်းသူတွေ လက်က အရသာရှိရှိ ပြေးမြဲ ပြေး။
ဖွဲစကွဲ နှမ်းဖတ်တွေထက် ကောင်းတဲ့အရာဟာ တို့ကို မျှော်နေသတဲ့ ပြေးသာ ပြေး။
အဆင်သင့်ရင် ငါလည်းလာမယ် ပြေး ဟေ့ ပြေး ။သဝေထိုးတဲ့ ပစောက် ရရစ်မှာ ၀စ္စပေါက်ကိုထည့်ပြီးပြေး။
ပြေးရင်းလွှားရင်း ဘယ်ကိုပြေးမယ်ဆိုတာတစ်ခုပဲ စဉ်းစဉ်းစားစားပြေး ။ ။
လူလန်း(၃၁-၁၂-၂၀၁၂)
အံတိုနီယို
(၁)
အနောက်နိုင်ငံသားတစ်ယောက်လိုလိုနာမည်က အသံထွက်နေပေမဲ့ လူပုံကတော့
တကယ့်မြန်မာ။မဖြစ်မနေ ရင်းနှီးပြနေရသူတွေကတော့ အန်တိုနီယိုလို့ခေါ်ပေးကြပါတယ်။
တကယ်တော့အံတိုမှ အံတို ။သံတူကြောင်းကွဲလောက မှာ အံတိုနေလို့ပဲ အံတိုခေါ်လေသလား။
ဗီဇကိုယ်တိုင်ကအံတို မျိုးရိုးဖြစ်နေလို့ပဲ ဆက်လက် အံတိုနေတော်မူလေသလား။
ခေတ်ကိုက ဝေေ၀၀ါးဝါးတွေဖြစ်နေလို့ပဲ အန်တိုအမှန်ကပဲ အံတို ဖြစ်ရလေသလား။
သူ့ဥပဓိ ၀ဏ္ဏနဲ့ သူ့အမည် ဗျုပ္ပတ်ကလည်း မိန့်မိန့် စုန့်စုန့်ကြီးဆိုတော့ဒီအမည်ကပဲ
အလိုက်ဖက်ဆုံးပါဆိုပြီး အံတို လို့ သမုတ်ကြလေသလား။ဘယ်သူတွေဘာပြောပြော
အံတိုဆိုတဲ့ အံတို ကို ဦးအံတို ခေါ်ရတော့မယ်။ပူပူနွေးနွေး ပင်စင်စား တော့မယ်ပေါ့။
(၂)
အောက်တန်းစာရေးလေးမှသည် လုပ်သက်ရင့် အရာရှိကြီးဘ၀အထိ နိုင်ငံတော်ကြီးကို
အလုပ်အကျွေးပြုဘိခဲ့တဲ့ အံတိုဟာ လုပ်သက်ပေါင်း ၄၅နှစ်တောင်ရှိခဲ့သတဲ့။အခါအခွင့်သင့်ရင်
သင့်သလို သူ့ဆရာ အံတိုကြီးတွေ အကူအညီနဲ့ သက္ကရာဇ်တွေကို ဖြိုခဲ့သူ အံတိုဟာ တကယ်လည်း
ပင်စင်စားချိန်မှာ အသက်က ၆၅နှစ်တောင်ကျော်နေပြီ ။အဲလို နှစ်ပေါင်းများစွာ အံတိုဟာ
နတ်ထွင်းတဲ့ ခံတွင်းဝမှာ မိန့်မိန့်ကြီး လခစားလို့ ။ဖိဝါးကြိတ်ချေခံရန် ရောက်လာကြပါကုန်သော
မနုဿအနွယ်ဝင် များကို ဘယ်သူမပြု မိမိပြု မူနဲ့ မှန်မှန်ကြီးကြိတ်ဝါးလို့။ မိမိမ၀ါးလည်း
အခြားသွားတွေအကြားမှာ အရိုးအသားကွဲပြားသွားမှာပဲဆိုသလို အံတိုဟာ အစိုးရ၀န်ထမ်းခဲ့သတဲ့။
သွားသွားလာလာ စားစားသောက်သောက်တွေ အကြား ၊ အံတိုလို အံတိုတွေကလည်း များလှဆိုပဲ။
ထိုင်ခုံ စားပွဲတစ်လုံးကိုယ်စီနဲ့ မင်နီမင်ပြာဘောပင်တွေကအစ အိပ်ကပ်ထဲမှာ အံတိုကို စတိုင် စမတ်
ကျစေလို့။ အံတိုရှိရာ အံတိုလာပြောရမလား။ အံတိုချင်းခြေမြင်တယ်ဆိုရမလား။စီနီယာ အံတိုဟာ
မနက် ၁၀နာရီခွဲမှ ရုံးလာတယ်ဆိုတော့ ဂျူနီယာအံတိုတွေရဲ့ အစောဆုံးရုံးတက်ချိန်က မနက် ၁၀နာရီ။
၁၁နာရီမှာ မနက်စာ ထမင်းစားနားတယ်။အံတိုနဲ့ အဟာရဖြစ်အောင်ဝါးရတာဆိုတော့ နည်းနည်းကြာတယ်။
နေ့ခင်း၂နာရီမှာတရုန်းရုန်းနဲ့ သူတို့ အလုပ်မလုပ်ရင်ပဲ နိုင်ငံတော်ကြီးအုံးကနဲ ထကွဲတော့မှာလိုလိုနဲ့
တစ်နေကုန်စောင့်စားနေကြတဲ့အကြိတ်အ၀ါးခံလေးတွေကို ပလုပ်ပလောင်း မြိုဝါး။တချို့အစေ့လိုက်၊
တချို မညက်တညက်၊တချို့ဆို နီးရာအရည်နဲ့တောင် မျက်စိမျက်ဆန် လန်ထွက်မတတ် ဂလုဂလုမျှော
ချယူရတဲ့အထိ။ပီဘိ အံတို။ အံတိုတွေမှာ လည်း ဘီးလူးစည်း လူ့စည်းရှိသလိုလို။ အံတိုချင်းချင်း
သတင်းလွေ့လွေ့လိုလို၊ အံတိုမှန်ရင် နွံမနစ်ပါဘူးကွလိုလိုနဲ့ ညနေရုံးဆင်းပြီဆို အံတိုချင်း ချီးယားစ်။ဒါမပါဘူး။ဟိုဟာလိုသေးတယ်ဆိုပြီးရခဲ့တာကိုအမြည်းထား။ ထောက်ခံစာဆိုတာ
ဒီလိုလွယ်လွယ်ရမှတ်နေသလား စကား အဆုံးမှာ ဖျတ်ကနဲကိုယ်ထင်ပြလာတဲ့ ဆင်တစ်ကောင်
နှစ်ကောင်ကို ကိုကြီးကျော်လက်ဦးထား။တဟီးဟီးတဟားဟား အိမ်အပြန်မှာ
အနည်းဆုံး ဆင်နှစ်ကောင် ကျုံးသွင်းလာနိုင်ခဲ့သေးသတဲ့။
(၃)
အဲဒီလို ကံကောင်းအကြောင်းလှခဲ့တဲ့ အံတိုဟာ ပြည်သူ့ဝန်ထမ်းဆိုတဲ့ အသုံးအနှုန်းကြီးနဲ့
ပွတ်ကာသီကာလွတ်မြောက်သွားတယ်။ဟိုတိုင် သည်တော အနူတောထဲက လက်မတင်လေးဆိုသလို၊
ခွင့်ကြီးမခံစားခင်တစ်ရက်အလိုကပဲ လဘက်ရည်ဖိုးရခဲ့တဲ့ဆိုင်ကယ်ကြီး တ၀ီဝီနဲ့ ပင်စင်ထုတ်
သွားတော့တယ်။ဝင်ဝင်ချင်းဆောက်နဲ့ ထွင်းဆိုရမလား၊သွားကြားထိုးတံကိုယ်စီနဲ့ ကိုယ်လို သူလို
အလျှိုအလျှို ထိုင်ခုံတွေပေါ်မှာ အံတိုများ။ အဲဒီမှာအံတိုဟာဘုရားတရားကိုသတိရသွား တော့တယ်။
ဟိုစားပွဲ ဒီစားပွဲ ယင်မဲကြီးတစ်ကောင်လို ချွေးတဒီးဒီးနဲ့ ပျံဝဲနေရတဲ့ အံတိုဟာ ဘယ်တော့မှ
ပင်စင်လာမထုတ်တော့ဘူးလို့အသံထွက်မိသွားသလိုလို။ အံတွေနစ်ဝင်နေတဲ့ သွားဖုံးကြားက
သွေးတွေယိုဆင်းလာတဲ့ အထိ မေးရိုးတွေတင်းတင်းရင်းရင်းကြီး ထောင်ထနေတဲ့ အံတိုဟာ ပြောင်နေတဲ့
မဟာနဖူးကို တဖျင်းဖျင်း ပွတ်လိုက်၊ဘယ်ညာမေးရိုးနှစ်ဘက်ကို လက်အစုံနဲ့ ရိုက်လိုက်ပုတ်လိုက်။တိုနေတဲ့
သူ့အံတိုတွေကပဲ မခံမရပ်နိုင်အောင်သူ့ကိုကိုက်ခဲနှိပ်စက်နေပုံ။
(၄)
အဲဒီနေ့ညနေအိမ်အပြန်မှာအံတိုဟာ ခေါင်းထဲသိပ်မကြည် လို့ ခဏ နားဦးမယ်ကွာ ဆိုပြီး
အိပ်ယာထဲဝင်သွားတာ ပြန်နိုးမလာတော့ဘူး။ဖြစ်ရိုးဖြစ်စဉ်ပဲပြောရမလား။ ယုံချင်ယုံ မယုံချင်နေပဲ ဆိုရမလား။
အံတိုကို မီးသင်္ဂြဟ်တော့ ၀ါညစ်နေတာကလွဲလို့ ပြောင်ချောနေတဲ့ အံသွားတွေဟာ ပြာမကျဘူးတဲ့။
ဒါကိုပဲ နီယို အံတိုတွေ က သဘောကျလို့ မပြီးနိုင် မစီးနိုင်။
လူလန်း( ၂၅-၁၂-၂၀၁၂)
အမှန်အတိုင်း ဖြစ်ချင်လို့ပါဆိုတော့
ကဗျာဆိုတိုင်း မဇ္ဈိမလားဆိုတော့၊
ကျွန်တော် ဂန္ထ၀င်လေ့လာဆဲပါဆိုတော့
နိုင်ငံတကာပွဲမို့မပျက်မကွက်တက်ပါဆိုတော့
ဘ၀ဟာ ကျေးဇူးရှင်နောက် မပျက်မကွက်လိုက်ပါသွားရသေးတယ်ဆိုတော့
ကိုယ့်ကိုယ်ကို ပါးပိတ်ရိုက်လိုက်တဲ့ကဗျာဟာ ခွဲထားသတ်ပုံတွေကို အားနာတယ်ဆိုတော့
တစ်ဘက်မှာ ညွှန်ကြားလို့ ၊တစ်ဘက်မှာ ညှိနှိုင်းခြင်းတွေကို ကဗျာကတော်လှန်တယ်ဆိုတော့
ကိုယ့်မေးရိုးကို ထုသားပေသားကျအောင် ကဗျာဟာ လေ့ကျင့်နေတယ်ဆိုတာ့
သစ်ရွက်ဟာ အလိုမတူပဲကြွေကျရတယ်ဆိုတာ အကြောစိမ်းစိမ်းတွေက သက်သေပါဆိုတော့
တန်ရာတန်ကျေးတွေ နဲ့အတူ အတောင်အလက်မစုံဟန်သတ်မှတ်ခံရသူတွေကိုအားနာရပါတယ်ဆိုတော့
ငါမရှိဘူး ငါးရှိတယ် ဘာသာစကားဖျံတွေက နှာတစ်ဖျားသာသင်တန်းဆင်းတွေဆိုတော့
တချို့ဥာဏ်ပညာဟာ သုံးရက်မှ တစ်နပ်သာ စားရရှာတယ်ဆိုတော့
ထွေလီကူလီရုပ်ကြွင်းဟာကျောက်စောင်းထက် ရေစောင်းထက်၊ပေါက်ပေါက်ရောက်ရောက်သံယိုဆိုတော့
ပြုံးပြုံးကြီး နှုတ်ခမ်းနီတျာအောက်မှာ သွားတွေက ၃၂ချောင်းကို အနှုတ်ပြနေပြီဆိုတော့
တကယ်တော့ ဆိုတာ ဒဂယ်ဒေါ့ ၊ ဆိုတော့ ဆိုတာ ဆိုဒေါ့ လားဆိုတော့
ဒေါ့ဟာ doc လား dot လား dog လား ဆိုတော့
လူလန်း(၁၉-၁၂-၂၀၁၂)
(ဖုန်း/မျက်လုံးချင်း ဆုံဖြစ်ခဲ့ရပါသော ကဗျာဆရာများသို့အမှတ္တရ)
ဒီလမ်း ဒီပန်း နဲ့ ဒီခရီး ဒီထီးတို့ လာရောက်ရေစက်ဆုံ။
ကိုယ်မချိ အမိသော်လည်းမူနဲ့ ဒီကွေ့မှာ ဒီတက်ကိုသုံးလို့။
ပြေးဝင်လာတဲ့ ကိစ္စ၀ိစ္စတွေထဲ မရောက်မချင်း ဘတ်စကားလို အဆင့်ဆင့်ပြောင်းလဲစီးလို့
ဒီလိုမနေမှ တော့ ဘယ်လိုနေ ၊ဟိုလိုနေတော့လည်း မတော်မသင့်
ဒီလိုသင့်မယ်ထင်လို့ ၊ ဟိုလိုကို စွန့်ထွင်လိုက်မှ အရိုးမှာ အသားတန်းလန်း
ဟိုရမ်း ဒီမှန်း ဟိုချိတ် ဒီညိ၊ အဖြစ်အပျက်တွေဟာ အချိန်းအချက်တွေလို မိကောင်းမှ မိမယ်။
တောင်းဆိုး ပလုံးဆိုး လမ်းမတွေပေါ် ယာဉ်ကြောတွေ အထပ်ထပ်ပိတ်ဆို့၊
ကတိက၀တ်တွေဆိုလည်း ချိန်းတဲ့နာရီကို အမြဲ အပေါင်း၂(သို့မဟုတ်)၎
နွားရိုင်းသွင်းချိန်မှာ အလုပ်ဆင်းခဲ့ မိကောင်းဖခင် အလဲအကွဲ အလူးအလိမ့်များ
ဒီလိုမဖြစ်မှတော့ ဘယ်လိုဖြစ်၊ဟိုလိုဖြစ်ဖို့ ဆိုတာ မြို့ပြကျေးလက်လား
ပြုံးပြုံးလေးပြောင်းတော့ လှောင်သလိုလို၊ခပ်မှန်မှန်နေကြတော့ လူ့ရေးလူရာ
မရှိမသိတတ်သလိုလို ။ ငါ့ငပိရည်ကို ဘယ်သူနေရာ ရွှေ့နေကြ၊
ဆက်စပ်ခုံဖွဲ့နေလေသမျှတွေကလည်း မျက်နှာချင်းဆိုင်လျက်သား ကြီး ဧရိယာပြင်ပ၊
ကိုယ်စီပါးစပ်အဟောင်းသားနဲ့ မအားမလပ်ကြပါသော မအားမနား ဆိုတဲ့ပြီး
ကိုယ်စီနှစ်လုံးချိုင့်လေးတွေ အချင်းချင်းပစ်ပေါက်ရန်ပွဲ ထဲ
ဒီလို မပြေးမှတော့ ဘယ်လိုပြေး၊ ဟိုလိုဝင်ရောက်ခဲ့မှုများဟာ အနာဒဏ်ရာလား။
လူလန်း (၁၅-၁၂-၂၀၂)
ကြီးကျီးကြယ်ကျယ် ကဗျာ (၂)
ရုပ်မမြင် အသံမကြားလည်း ပစ်မှတ်ကို ဒုတ်ကနဲထိရင်ပြီးတယ် လို့
ကျွန်တော်ကဗျာရေး ခဲ့တယ်။
စနစ်တကျ အမှန်တရားအာဟာရတွေ ငတ်နေသူအချင်းချင်း
တစ်ဇွန်းတစ်ယောက်မ ဖြစ်ဖြစ် ပြည့်စေ စုံစေ ငှ ဝေ စားစေချင်လို့
ကျွန်တော် ကဗျာရေးခဲ့တယ်။
ပြည်သူ့အသံပြည်သူ့ဆန္ဒဆိုတဲ့
မသိမေး မစင်ဆေး လွှတ်တော်ကြီးတွေထက် သာချင်နေလို့
ကျွန်တော် ကဗျာရေးခဲ့တယ်။-------။
အားကိုးရာဟာ အားကိုးသူထက် အမြော်အမြင်ကြီးစေချင်လို့
ကျွန်တော် ကဗျာရေးခဲ့တယ်။
ဥပဒေရဲ့အထက်မှာ အောက်လမ်းနည်းကိုယ်ဖော့ပညာနဲ့
လက်နက်ပုန်းထုတ်သုံးနေသူတွေကို ထင်သာမြင်သာဖြစ်စေဖို့
ကျွန်တော် ကဗျာရေးခဲ့တယ်။
ရှုးံထွက်ပွဲမို့ တားမြစ်ဆေးတွေ ဗုံးပေါလအောသုံးတဲ့
နရူးရှူးထိုး တိုက်စစ်ခံစစ်တွေကို ကွင်းပြင်ထုတ်ဖို့
ကျွန်တော် ကဗျာရေးခဲ့တယ်။
တရားဓါတ်မရှိပေမဲ့ အမှားမှတ်အပြည့်နဲ့ ဂုဏ်ထူးတန်းဝင်
ဘွဲ့လွန် ကျမ်ပြုပညာရှင်တွေကို မင်နီတားပစ်ချင်လို့
ကျွန်တော်ကဗျာ ရေးခဲ့တယ်။
ထမင်းတစ်လုပ်အတွက် ငရဲမှာ သစ်ငုတ်လုပ်မဲ့
မသိဆိုးရွား ထားရာနေ စေရာသွားတွေကို ကျွတ်တမ်းဝင်စေချင်လို့
ကျွန်တော် ကဗျာရေးခဲ့တယ်။
သမိုင်းဆိုတာ အင်းစိန်နဲ့ နီးတာပေါ့ကွာဆိုတတ်တဲ့
ဝက်ဖြစ်မှ မစင် ကြောက်သူတွေကို အမိုက်ဇာတ်သိမ်းပေးချင်လို့
ကျွန်တော် ကဗျာရေးခဲ့တယ်။
တိုတိုပဲ ပြောမယ်ဗျာ
သမ္မတကြီးဟာ ကျနော့်ထက် မသာရင် ဖြစ်ကိုမဖြစ်လို့
ကျွန်တော် ကဗျာရေးခဲ့တယ်။
ဒါပေမဲ့ ကျွန်တော် ကဗျာ မရေးတော့ဘူး
ပြည်သူ့ ဘ၀ ကို မျက်ချေမပြတ်ကြည့်နေရလို့
ကျွန်တော် ကဗျာမရေးတော့ဘူး------။
ပြည်သူကို ဘယ်လို နားပါးလှည့်ရမလဲလို့ ခေါင်းစားနေသူတွေများလွန်းလို့
ကျွန်တော် ကဗျာ မရေးတော့ဘူး-------------------။
ကြောင်ပီပီ ကြာကြာရေမငုတ်နိုင် သူတွေ ဇာတိရုပ်ပေါ်လာလို့
ကျွန်တော် ကဗျာမရေးတော့ဘူး---------။
ကြိုးရှည်ရှည်နဲ့ လှန်ထားလည်း ခွါရာတွေ ဗရပွနဲ့ စိုက်ခင်းပျက်ထဲ
သူခိုးက လူလူဟစ်သံကို သိမခံနိုင်တော့လို့
ကျွန်တော် ကဗျာ မရေးတော့ဘူး။
နောက်ကျောကဓါးကို ကြောက်နေရပါတယ် ဆိုသူတွေကို ချော့မော့ဖြောင့်ဖျပေးနိုင်ဖို့
ကျွန်တော် ကဗျာမရေးတော့ဘူး။
ရှင်းရှင်းပဲပြောမယ်ဗျာ
တစ်နေ့ကောင်းနိုးပြင်နိုးနဲ့ မျှော်ကိုးပေါင်းသင်းလာခဲ့ရတဲ့ လင်ဆိုးမယားလို
အထုအထောင်းခံ ဒဏ်ရာတွေ ဗရပွနဲ့ လုပ်ကိုင်ကျွေးမွေးနေရတာကို ငြီးငွေ့လှပြီ
ကျွန်တော် ကဗျာမရေးတော့ဘူး
ကဗျာမရေးတော့ဘူး။
မရေးတော့ဘူး မရေးတော့ဘူး
မရေးတော့ဘူးလို့ အချိန်တွေမောင်းတင် စုဆောင်း
ဘာလုပ်ရင်ကောင်းမလဲဆိုတာ
ဒီကဗျာထဲမှာ
တစ်ခါတည်း ကြေညာလိုက်တော့မယ် ။
လူလန်း(၆-၁၂-၂၀၁၂)
အင်အားကျီး နိုင်ငံဂျီးမှ သမ္မတကြီးရောက်ရှိလာပါသလို ကြီးတော်နွားကို ဘယ်သူ အခမဲ့ ကျောင်းနေ/
တို့အဆောက်အဦးသစ်ထဲ ထိုးဖေါက်စိမ့်ဝင် တွယ်ကပ်နေတဲ့၊ တူးလက်စ ညောင်မြစ်ကိုသာ ဆက်လက်မြေလှန်ပါ။ဒါဟာ ပေါ်လာမဲ့ ပုတ်သင်ဥကိစ္စထက်အရေးကြီးလို့။ဒီဟာကြီးရင် ဟိုဟာ
ကြီးမယ်ဆိုသလိုကျီးကြီးဆိုတော့ ကျယ်၊ကြီးကျီးဆိုတာ ကြယ်လား။ တွေ့တဲ့ကြယ်ကို
အမည်လျှောက် ပေးနေရင်သာ မဲမဲမြင်တိုင်း ကျီးနှင့်ဖုတ်ဖုတ်ပြီ။ရင်ဘတ်ကိုသာ တဘုတ်ဘုတ်
ပုတ်လို့ ဝေဒနာကိုသာ လက်သီးလက်မောင်းတမ်း ဆက်လက်ဖွင့်ဟ၊ အပြောမတတ် ဆဲသလိုမှာ
အဖွင့်မတတ် ပိတ်သလိုဟာ ပိတ်ပိတ်ပိန်းကြီးနဲ့ အုတ်ရောကျောက်ရော သပ်လျှိုသင်းခွဲတတ်။
ရောရောယောင်ယောင် အိပ်မက်တွေက ညာ(ည)တာရှည် ထူလပိန်းကြီးနဲ့ ပရိတ်သတ်ကို ခြောက်
ခြောက်ခြားခြား။ချောက်ခြားနေတဲ့ မျှော်လင့်ချက် ဒီတံတားကြီးဟာ ပြီးခဲ့တဲ့ ငလျင်ထဲ ပြိုကျ ပျက်
ဆင်း။ဖြတ်သန်းဆဲ ကျုံရာကျဘမ်းတွေ အတူပါသွားကြသလို တားမြစ်ဆေးအကူနဲ့ ပထမကြီးတွေဟာ
လွတ်ရာကျွတ်ရာလပ်လပ်။နယ်စည်းမခြား ဟိုပင်ဒီပင်ကူး ကျီး(ကြီး)တွေလို အတောင်တဖျတ်ဖျတ်။
ဟုတ်ပ။စိတ်ပါလက်ပါတွေ ကြီးကြ ကျယ်ကြသလောက် ပေါင်းစပ်ညှိနှိုင်းဟာ ကြယ် လိုမှုန်တိမှုန်မွှား။
မြေလွတ်မြေရိုင်းတွေကပဲ ပိုမိုရေကြည်မြက်နုသလိုလို၊လာပါပြီ ကြီးကြီးကျယ်ကျယ်ကဗျာ။
လူသူမနီး အဆောက်အဦး တောနက်နက်ကြီးထဲက စာရင်းအင်းတွေ ရောက်ရှိစစ်ဆေးရန်
မလွယ်ကူသေးပါသော မနေ့က နောက်ဆုံးရရှိသော သတင်းမှာ၊ကမ္ဘာ့ထိပ်တန်းတွေးခေါ်ပညာရှင်
စာရင်းမှာ သမ္မတကြီးနဲ့ ဒေါ်စုဟာ ပူးတွဲ နံပါတ် တစ်။အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးတွင် သြဇာ
လွှမ်းမိုးဆဲ။ အခြေခံပညာ ကျောင်းပေါင်း ၄၀၀၀ကျော်အား ဥပဓိပိုင်း အဆင့်မြှင့်မည်။(မိုးမလုံတာက
တစ်ရာသီပါ၊ ပညာမလုံတာက တစ်ဘ၀စာပါ ခင်ညာ) စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု အတွက်
ရှမ်းတိုင်းရင်းသားများ ဆွေးနွေးပွဲစ။ ပခုက္ကူ ရိုးရာ ယက္ကန်းထည်များ တရုတ်မှ ၀င်ရောက်နေသော အထည်အလိပ်များကြောင့် လုပ်ငန်းရပ်ဆိုင်းနေရ။ ပဲခူးရိုးမအနီး ရွာများမှ လယ်ဧက ၂၀၀ကျော် ကို
တောဆင်ရိုင်းများ စားသောက်ဖျက်ဆီး။( တောမှာ ဆင်စာတွေ မရှိတော့လို့လား) အစရှိသဖြင့်--
ကြီးကြီးကျယ်ကျယ် ဟောဒီကဗျာထဲ-တန်ဆောင်တိုင် မီးထွန်းပွဲတော်(ဘာပွဲလဲ၊သိလိုက်ပါသလား) ဆင်နွှဲကြသူများအကြောင်း၊မီးလောင်းရတနာများအကြောင်း၊
မိုးထိမိုးမိရွှေလုပ်သားတို့အကြောင်း၊ လာမဲ့ ၂၀၁၆ ရဲ့ မြစ်ဆုံ စီမံကိန်းကြီးအကြောင်း၊
လက်ပတောင်းတောင် ကြေးနီစီမံကိန်းကြီးအကြောင်း၊ မကြာမီ ခရစ္စမတ်ပွဲတော်ကြီး ဆင်နွှဲကြပါဦးမဲ့
အကြောင်း--- အဲဒီအကြောင်းတွေကို ကျီးကန်းတောင်းမှောက်---